တာချီလိတ်၌ မော်တော်ဆိုင်ကယ်စီးနင်းသူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ရောင်ပြန် စတေကာများ အခမဲ့ တပ်ဆင်ပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်၌ မော်တော်ဆိုင်ကယ်စီးနင်းသူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ရောင်ပြန် စတေကာများ အခမဲ့ တပ်ဆင်ပေး



မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းမရှိ ရှမ်းရိုးမကွင်းတိုက်ရှေ့၊ ဆန်ဆိုင်အခြေခံပညာ အထက်တန်းကျောင်းရှေ့နှင့် ဟောင်လိတ်မီးပွိုင့်လမ်းဆုံတို့တွင် စက်တင်ဘာလ ၈ ရက်က မော်တော်ဆိုင်ကယ် စီးနင်းသူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် မော်တော်ဆိုင်ကယ်နောက်ပိုင်းနှင့် ဆိုင်ကယ်စီးဦးထုပ်၏နောက်၌ ရောင်ပြန် စတေကာများ အခမဲ့တပ်ဆင်ပေးခဲ့ကြောင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
.
.
''မော်တော်ဆိုင်ကယ် မတော်တဆမှုဟာ ညအချိန်မီးမပါ၊ ရောင်ပြန်မပါလို့ ပိုမိုဖြစ်ပွားမှုများတဲ့အတွက် ဆိုင်ကယ်အနောက်ပိုင်းနှင့် ဆိုင်ကယ်စီးဦးထုပ်၏ နောက်ပိုင်းမှာ ရောင်ပြန် စတေကာတွေ ကပ်ပေးခြင်းဖြစ်ပါတယ်။ နောက်ပိုင်း လိုက်နာမှု မရှိရင် စစ်ဆေးအရေးယူမှုတွေ လုပ်သွားဖို့ရှိပါတယ်''ဟု ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
.
တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းမရှိ ရှမ်းရိုးမကွင်းတိုက်ရှေ့၊ ဆန်ဆိုင်အခြေခံပညာ အထက်တန်းကျောင်း ရှေ့နှင့် ဟောင်လိတ်မီးပွိုင့်လမ်းဆုံတို့တွင် တာချီလိတ်ခရိုင် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ၊ အဖွဲ့ဝင်များဖြစ်ကြသည့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင် ဦးစီးမှူး ဦးစိုင်းလုံးကျောက်နှင့် ဦးစီးအဖွဲ့ဝင် များ၊ ကုန်းလမ်းနှင့် လုပ်ငန်းလိုင်စင်သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန(ကလ)မှ တာဝန်ရှိသူ များနှင့် အမှတ်(၁၁၇)ယာဉ်ထိန်းရဲ တပ်ဖွဲ့စု၊ တာချီလိတ်မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က အဖွဲ့ ၂ ဖွဲ့ ခွဲကာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် မော်တော်ဆိုင်ကယ်နောက်ပိုင်းနှင့် ဆိုင်ကယ်စီး ဦးထုပ်၏ နောက်ပိုင်း တွင် ရောင်ပြန် စတေကာများ ကပ်ပေးခြင်းကို စက်တင်ဘာ ၇ ရက်မှ ၈ ရက်နေ့ထိ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ယာဉ်မတော်တဆ ထိခိုက်မှုပေါင်း ၉၂၆၅ မှု ရှိခဲ့ရာ မော်တော်ဆိုင်ကယ်များကြောင့် ဖြစ်ပွားရသည့် ယာဉ်တိုက်ခိုက်မှု ၄၄၈၂ မှု၊ ၄၈ ဒသမ ၃၈ ရာခိုင်နှုန်းရှိခဲ့ပြီး မော်တော်ဆိုင်ကယ် မတော်တဆမှုများသည် ညအချိန်မီးမပါ၊ ရောင်ပြန်မပါ၍ ပိုမိုဖြစ်ပွားနေခြင်းဖြစ်ကြောင်း အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats