ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီးတွင် ပိုင်ရှင်မဲ့လူနာ သေဆုံးမှု သင်္ဂြိုဟ်ရေး ဝန်ထုတ်ဝန်ပိုး ဖြစ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီးတွင် ပိုင်ရှင်မဲ့လူနာ သေဆုံးမှု သင်္ဂြိုဟ်ရေး ဝန်ထုတ်ဝန်ပိုး ဖြစ်နေ


ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ မြို့ရှိ ကုတင် ၂ဝဝ ဆံ့ အထွေထွေ ရောဂါကု ပြည်သူ့ဆေးရုံသို့ ဆေးဝါး ကုသမှု ခံယူရန် ရောက်ရှိလာပြီးနောက် သေဆုံးခဲ့ရသည့် ပိုင်ရှင်မဲ့ ရုပ်အလောင်း ကို သင်္ဂြိုဟ်ရန်အတွက် စိုက်ထုတ်ကုန် ကျခံပေးနေရသည့် စရိတ်မှာ ဝန်ထုပ် ဝန်ပိုး ဖြစ်နေ၍ လျှော့ချပေးနိုင်မည့် အစီအမံများ လိုအပ်နေကြောင်း သိရသည်။
.
.
ကျိုင်းတုံ ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေကြသည့် မိသားစုဝင် မရှိသော ပိုင်ရှင်မဲ့ လူနာ များအတွက် စားသောက်ရေး၊ သန့်ရှင်း ရေးနှင့် ဆေးဝါးကုသပေးမှုများကို ဆေးရုံမှ ဆောင်ရွက်ပေးနေရပြီး ကျန်းမာရေး ကောင်းမွန်ပါက နေရပ်သို့ ပြန် နိုင်ရေးအတွက် လမ်းစရိတ် ပေးအပ် ခြင်းများကိုလည်း စီစဉ်ပေးနေရ ကြောင်း သိရသည်။
.
ပိုင်ရှင်မဲ့ လူနာများအား ပရဟိတ အသင်းအဖွဲ့များ၊ စေတနာရှင်များမှ ဆေးရုံသို့ ပို့ဆောင်ပေးတတ်လေ့ရှိပြီး ယင်းလူနာများ အနက် သေဆုံးသူများ ရှိလာပါက ရုပ်အလောင်းအား သင်္ဂြိုဟ် ရန် ကုန်ကျစရိတ်အဖြစ် ငွေကျပ် ၂၅ဝဝဝ ခန့် ရှိသည်ဟု ကျိုင်းတုံပြည် သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဉာဏ်မြင့်ထံမှ သိရသည်။
.
''ကျွန်တော်တို့ ဆေးရုံကြီးရဲ့ ငွေစာရင်းခေါင်းစဉ် 0'5 နဲ့ 0'3 မှာ ကယ် ဆယ်ရေးနဲ့ နေရာချထားရေး အသုံး စရိတ်ထဲကနေ ကျခံသုံးစွဲနေရတာ ဖြစ်ပါတယ်။ ဒီ သင်္ဂြိုဟ်စရိတ် သက် သာမယ်ဆိုရင် မူလသုံးစွဲရမယ့် နေ ရာအတွက် ပိုမိုကောင်းမွန်တဲ့ အသုံး စရိတ် ဖြစ်လာမှာပါ''ဟု ဒေါက်တာ ဉာဏ်မြင့်က ကမ္ဘောဇတိုင်းသို့ ပြော ကြားခဲ့သည်။
.
ပိုင်ရှင်မဲ့ ရုပ်အလောင်းများ သင်္ဂြိုဟ်စရိတ်နှင့် ပတ်သက်၍ ကျိုင်း တုံမြို့နယ် စည်ပင်သာယာဌာနမှ သန့် ရှင်းရေး ဌာနစိတ်တာဝန်ခံ ဦးကျော် စိုးလွင်ထံသို့ ကမ္ဘောဇတိုင်းမှ ဆက် သွယ်မေးမြန်းခဲ့ရာ ''အဓိက ကုန်ကျ စရိတ်လို့ ပြောနိုင်တဲ့ မီးသင်္ဂြိုဟ်စက် မှာ အသုံးပြုရတဲ့ ဒီဇယ်လောင်စာ ဆီ ဖိုးကို မကုန်အောင် မြေမြှုပ်သင်္ဂြိုဟ် ဖို့ စီစဉ်မယ်ဆိုရင်တော့ အဆင်ပြေသွား နိုင်ပါတယ်။ ကျွန်တော်တို့ ဌာနအနေ နဲ့တော့ ပိုင်ရှင်မဲ့ အလောင်းဆိုရင် သင်္ဂြိုဟ်လက်မှတ်ကို အခမဲ့ကူညီပေး နေပါတယ်''ဟု ပြောကြားခဲ့သည်။
.
ကျိုင်းတုံမြို့နယ် စည်ပင်သာယာ ရေးဌာနပိုင် မီးသင်္ဂြိုဟ်စက်သည် ရုပ် အလောင်းတစ်လောင်းအား မီးသင်္ဂြိုဟ် နိုင်ရန်အတွက် လောင်စာအဖြစ် ဒီ ဇယ် ၄၅ လီတာခန့် ကုန်ကျလျက်ရှိ ကာ ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ ရသည့် မိသားစုဝင် မရှိသော ပိုင်ရှင် မဲ့ ရုပ်အလောင်းမှာ ၂ဝ၁၇ ခုနှစ်တွင် ၁၅ လောင်း ရှိခဲ့ပြီး ၂ဝ၁၈ ခုနှစ်၊ သြဂုတ်လအထိ ၁၂ လောင်း ရှိခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats