ဒုရဲမှူးလိုက်ပါလာသော မော်တော်ယာဉ်တစ်စီးပေါ်မှ မူးယစ်ဆေးဝါးနှင့် တရားမ၀င်လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒုရဲမှူးလိုက်ပါလာသော မော်တော်ယာဉ်တစ်စီးပေါ်မှ မူးယစ်ဆေးဝါးနှင့် တရားမ၀င်လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ



ရဲရင့်​ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်​နယ်​​မြောက်​ပိုင်း၊​ ကျောက်​မဲမြို့နယ်​ရှိ အိုရီယမ်​တယ်​တိုးဂိတ်​တွင်​ စက်​တင်​ဘာလ ၁၀ ရက်​ည​နေပိုင်းအချိန်​က ဒုရဲမှူးလိုက်​ပါစီးနင်းလာ​သော မော်တော်ယာဉ်အား ရပ်​တန့်​စစ်​ဆးရှာဖွေရာ မူးယစ်ဆေးဝါးနှင့် တရားမဝင် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိခဲ့​ကြောင်း ​ကျောက်​မမြို့မရဲစခန်းမှ သိရသည်​။
.
.
ကျောက်မဲ (စရဖ)မှ ဗိုလ်ကြီး ဇာနည်အောင်နှင့် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ကွန်မန်ဒိုတပ်စုမှူး ဗိုလ်ကြီးသော်ဇင်အောင် ဦးစီးသောအဖွဲ့သည် အိုရီယမ်တယ်တိုးဂိတ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် စက်တင်ဘာ ၁၀ ရက်နေ့ ညနေ ၆ နာရီခန့်က သီပေါမြို့ဘက်မှ ကျောက်မဲမြို့ဘက်သို့ တာမိုးညဲပြည်သူ့စစ်အဖွဲ့မှ သောင်းဝေ မောင်းနှင်လာပြီး မှုဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဒုရဲမှူး မိုးမြင့်နိုင်လိုက်ပါလာသည့် ပါဂျဲရိုး (ဖြူ/ကြား) လိုင်စင် (စိစစ်ဆဲ) ယာဉ်အားရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းအတွင်းမှ အိုက်(စ်)ဟုထင်ရသော အဖြူရောင်အမှုန် ၀ ဒသမ ၂၅ ဂရမ်ခန့်၊ WY စာတမ်းပါ ပန်းရောင်စိတ်ကြွမူးယစ်ဆေး ၂ ပြား၊စုစုပေါင်းအလေးချိန် ၀ ဒသမ ၁၈ ဂရမ်ခန့်။ အညိုရောင်အစေးသုတ်လိမ်း ထားသောခတ်ခူး ဟုယူဆရသည့် အခဲ ၁ခု ၀ ဒသမ ၄ ဂရမ်ခန့်။ ရောင်စုံကော်ပိုက် ၄ ချောင်း၊ ခဲပြားဘူး ပန်းရောင် ၁ ဘူး၊ ခဲပြားဘူး အပြာရောင် ၁ ဘူး၊ သုံးလက်စခဲလိပ် ၁ လိပ်၊ အနက်ရောင်တိပ်များပတ်ထားသော ပုလင်း ၁ လုံး၊ အဖြူရောင် လေးထောင့်ကော်ခွက် ၁ ခွက်၊ HIGH-Power စာတမ်းပါ ကော်ဘူး ၁ ဘူး၊ မော်ဒယ်နံပါတ် CTU-KKW,32-LR  ဂျာမန်နိင်ငံထုတ် ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ ၎င်းကျည်အိမ် ၁ ခု၊ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်​။
.
"မ​နေ့ည​နေပိုင်းအချိန်​က စရဖအဖွဲ့နဲ့ကွန်​မန်​ဒိုအဖွဲ့တွေ ပိတ်​ဆို့ရှာ​ဖွေ​ရေးလုပ်​ရင်းနဲ့ ဖမ်းဆီးရမိတာပါ။ ကား​ပေါ်မှာ မူးယစ်​​ဆေး ၀ား​တွေနဲ့အတူ ဂျာမဏီ​နိုင်​ငံထုတ် ​ပစ္စတို​သေနတ်​ ၁ ​လက်​၊ ကျည်​ ၅ ​တောင့်​​၊ ကျည်​အိမ်​ ၁ ​ခု​ရှာ​ဖွေ​တွေ့ရှိခဲ့တာပါ။ ဒီ​နေ့မှာအမှုဖွင့်​အ​ရေးယူ ​ဆောင်​ရွက်​​နေပါတယ်​"ဟု​ကျောက်​မဲမြို့မရဲစခန်းမှ ဒုရဲအုပ်​ခင်​သန္တာက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင် လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ဒုရဲမှူး မိုးမြင့်နိုင်နှင့် ယာဉ်မောင်း သောင်းဝေတို့ ၂ ဦးအား အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats