မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ် နှင့် တာချီလိတ်ခရိုင်ချင်းဆက်
လမ်း မကြီးအား ပြင်ဆင်နေချိန်တွင် ကုန် တင်ယာဉ်ကြီးများနှင့် ကုန်တင်ယာဉ် များအနေဖြင့်
ကုန်ချိန်များ လျော့နည်း တင်ဆောင်၍ ကူညီကြရန် မိုင်းတုံပြည် နယ်လွှတ်တော် ကိုယ်စားလှယ်နှင့်
ခရိုင်လမ်း အထူးအဖွဲ့တို့မှ မေတ္တာရပ်ခံ ထားကြောင်း သိရသည်။
.
.
''ခရိုင်ချင်းဆက် လမ်းတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနက မကြာ မီ တရားဝင်
လက်ခံရရှိတော့မှာ ဖြစ် ပါတယ်။ အရင်ဆုံး ဆိုးရွားစွာ ပျက်စီး နေတဲ့ ဗွက်တန်းတောင်ဆင်း
တောင် တက်နေရာတွေကို ပြင်ဆင်ရမှာဖြစ်လို့ ပြင်ဆင်နေစဉ် လမ်းမကောင်းသေးခင် ကုန်တင်ယာဉ်ကြီးများနဲ့
ဖိုးဝှီးကုန် တင်ယာဉ်တွေက အတတ်နိုင်ဆုံး ကုန်ချိန်လျှော့ချ တင်ဆောင်ပေးဖို့ အ ကူအညီ
တောင်းခံပါတယ်''ဟု မိုင်း ဆတ်ခရိုင်၊ လမ်းဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဇာနည်
ဦးက သြဂုတ်လ ၂၉ ရက်တွင် ကမ္ဘော ဇတိုင်းသို့ ပြောကြားခဲ့သည်။
အဆိုပါ လမ်းအား ''ဝ''အထူး ဒေသထံမှ တရားဝင် လက်ခံရရှိပြီး ပါက ရန်ပုံငွေလျာထား
သတ်မှတ်ချက် မကျသေးမီပင် အများပြည်သူ သွား လာနိုင်ရေးအတွက် တတ်စွမ်းသမျှ ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း၊ လက်ခံမည့် လမ်းများကို တရားဝင် တိုင်းတာပြီးဖြစ်ကာ မြေသားလမ်းများ ဖြစ်သည့်အတွက်
မိုးမရွာသည့် အချိန် တွင် ဖိုးဝှီးပါသည့် ယာဉ်များမှာ ဗွက် ရုန်း၍ သွားလာနိုင်သော်လည်း
မိုးရွာ လျှင်မူ မည်သည့်ယာဉ်မျှ သွားမရတော့ သည့်အပြင် ဗွက်မှာ ကားတစ်စီး မြှုပ်သည့်အနက်အထိ
ရောက်ရှိသော ကြောင့် ဝန်များသည့် အချို့မော်တော် ယာဉ်များ လဲကျရခြင်းများ ဖြစ်နေသည်
ကို တွေ့ရှိရသောကြောင့် ဝန်ပိုတင် ဆောင်မှုကို တတ်နိုင်သမျှ ထိန်းချုပ် သွားရန် လိုအပ်မည်ဖြစ်ကြောင်း
၎င်း က ပြောကြားသည်။
.
ထို့အပြင် အဆိုပါ လမ်းအခြေအ နေအား ညွှန်ကြားရေးမှူး ကိုယ်တိုင် လာရောက်ကြည့်ရှုရာတွင်လည်း
သွားလာ၍ မရသည့် အခြေအနေကြောင့် လှည့်ပြန်လာခဲ့ရကြောင်းလည်း သိရ သည်။
.
''မိုင်းတုံအနေနဲ့က ဒီလမ်းကို အဓိက အားထားနေရတာ။ ဒီလမ်း မြန်မြန်ကောင်းဖို့
လိုသလို ပြန်မပျက် အောင်လည်း ထိန်းသိမ်းဖို့လိုမှာ
ဖြစ် ပါတယ်။ ဝန်ပို တင်ဆောင်ခြင်း မပြု ဖို့ တာချီလိတ် အုပ်ချုပ်ရေးပိုင်းကို ညှိ နှိုင်းသွားပါ့မယ်''ဟု
မိုင်းတုံမြို့နယ် မဲ ဆန္ဒနယ်အမှတ် (၂)မှ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဆန်း
ဝင်းအောင်က ပြောသည်။
.
မိုင်းတုံမှ တာချီလိတ်သို့ ပြေးဆွဲ နေသည့် လပြည့်ဝန်း ဂိတ်တာဝန်ခံ
ဦးမြသိန်းကလည်း ''ခုဆိုရင် မိုင်းတွမ်း အထိပဲ ကားတွေ သွားလို့ရတော့ တယ်။ ဟိုဖက်က ဖိုးဝှီးတွေနဲ့
ကဲ့ပြီး ကားချိန်းစီးနေကြရတယ်။ ဝန်ပိုတင်တဲ့ ကိစ္စက သက်ဆိုင်ရာ မြို့တွေအပြင် နားကောင်းမူးဘက်က
ဖိုးဝှီးတိုက်ဂါး တွေကို ပြောဖို့လိုမယ် ထင်ပါတယ်''ဟု ဆိုသည်။
.
မိုင်းဆတ်-တာချီလိတ်လမ်းကို ''ဝ''အထူးဒေသ (၂)မှ ၁၉၉၂ ခုနှစ် က တာဝန်ယူ
ဖောက်လုပ်ခဲ့ခြင်းဖြစ် ကာ နှစ်ပေါင်း ၂ဝ ကျော်အကြာ ပြီး ခဲ့သည့် မေလ ၆ ရက်က အစိုးရသို့
ပြန်လည်အပ်နှံရန် ဆွေးနွေးခဲ့ပြီးနောက် ယခုလာမည့် စက်တင်ဘာလ ၉ ရက် တွင် တရားဝင် ပြန်လည်လက်ခံနိုင်
ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ ခရိုင်ချင်းဆက် လမ်းများကို တာဝန်ယူ ဆောင်ရွက်နိုင်ရေး
လုပ် ဆောင်နေလျက်ရှိကာ ဆိုးရွားစွာ ပျက် စီးနေသည့် ယင်းလမ်းပိုင်းနေရာများ အား ခရီးသွား
အများပြည်သူ စဉ် ဆက်မပြတ် သွားလာနိုင်ရေး အမြန် ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
သိရသည်။
.
လက်ရှိတွင်မူ အဆိုပါ ကားလမ်း ရှိ ရွှေပြည်အေး ရွာအနီး ကြိုးတံတား
ရွာအထိ နေရာ ၃ ခုတွင် အလွန်ဆိုး ရွားစွာ ပျက်စီးနေသဖြင့် ခရီးသည် များနှင့် မော်တော်ယာဉ်များ
သွားလာ ၍ မရဘဲ ခရီးသည်ယာဉ်များမှာ တစ် ဖက်နှင့်တစ်ဖက် ကားချင်းချိန်း၍ သော်လည်းကောင်း၊
တစ်ညအိပ်၍ ဗွက်ရုန်း၍ သော်လည်းကောင်း၊ သွား လာနေရကာ အဆိုပါ လမ်း၏ အရှည် မှာ ၆ဝ မိုင်နှင့်
၎ ဖာလုံ ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan