ရွှေညောင်တွင် ခွေး ၅ဝဝ ကျော်အား ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိုးနှံပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွှေညောင်တွင် ခွေး ၅ဝဝ ကျော်အား ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိုးနှံပေး



စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့နယ် ရွှေညောင်မြို့ ရွှေဘုံသာ ရပ်ကွက်တွင် ခွေးအကောင်ရေ ၅ဝဝ ကျော်အား စက်တင်ဘာလ ၁၉ ရက်က ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
.
.
''ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိုးနှံရတဲ့ ရည်ရွယ်ချက်ကတော့ ဒီ လက တော်သလင်းလ ဖြစ်တဲ့အ တွက် ခွေးတွေရဲ့ ရာသီလဖြစ်တဲ့အ ခါ အလိုလို နေရင်းစိတ်တိုပြီး ကိုက် တတ်တယ်။ ကာကွယ်ဆေး ထိုးပြီး သွားပြီဆိုတော့ ခွေးကိုက်ခံရမယ်ဆို ရင်တောင် အန္တရာယ်ကင်းပြီး ခွေးရူး ပြန်ရောဂါ မဖြစ်ပွားနိုင်တော့ဘူးပေါ့။ နှစ်စဉ် ခွေးကိုက်ခံရလို့ ခွေးရူးပြန် ရောဂါဖြစ်ပွားသူတွေ ရှိပါတယ်။ ဒီရောဂါတွေ မဖြစ်ပွားအောင် နှစ်စဉ် ကျွန်တော်တို့ဌာနက ကွင်းဆင်းပြီး ထိထိရောက်ရောက် ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ပါ တယ်။ ဒီနှစ်မှာလည်း ရှမ်းပြည်နယ် အတွင်းမှာ ရှိတဲ့ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေမှာ ခွေး၊ ကြောင်၊ အိမ် မွေးတိရစ္ဆာန် အကောင် ၅ဝဝ ကို ကွင်းဆင်းပြီး ထိုးနှံသွားမှာပါ''ဟု ရှမ်းပြည်နယ် မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာခင်အောင်က ပြောသည်။
.
အဆိုပါ အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင်များအား အခမဲ့ ကွင်းဆင်း၍ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးနှံ ခြင်း လုပ်ငန်းကို ရှမ်းပြည်နယ်မွေး မြူရေးနှင့် ကုသရေး ဦးစီးဌာနမှပြည် နယ်ဦးစီးမှူး ဒေါက်တာခင်အောင် ဦး ဆောင်၍ ဒုတိယပြည်ဦးစီးမှူးဒေါက်တာဝင်းမြင့်နှင့် တောင်ကြီးခရိုင် မွေး မြူရေးနှင့် ကုသရေးဦးစီးမှူးဒေါက် တာ စံထွန်းဝေ၊ တောင်ကြီးမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးမှူး ဒေါက်တာသက်နိုင်မိုးနှင့် အဖွဲ့ဝင် များ၊ တာဝန်ရှိသူများက အိမ်မွေး တိရစ္ဆာန် ခွေး၊ ကြောင် အကောင် ၅ဝဝ ကျော်အား ခွေးရူးပြန်ရောဂါကာ ကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခြင်း နှင့် အိမ်မွေးတိရစ္ဆာန်များ၏ ကျန်း မာရေးဆိုင်ရာ ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို ရှမ်းပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာ ခရိုင်၊ မြို့ နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံများနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats