လားရှိုးမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် မြို့ထွက်လမ်း ၂ လမ်းကို ယာယီပိတ်ထားရပြီး လူဦးရေ ၁၅၀ ခန့် ရေလွတ်ရာသို့ တိမ်းရှောင်နေရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် မြို့ထွက်လမ်း ၂ လမ်းကို ယာယီပိတ်ထားရပြီး လူဦးရေ ၁၅၀ ခန့် ရေလွတ်ရာသို့ တိမ်းရှောင်နေရ



နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ကားလမ်းရေကျော်ကာ မြို့ထွက် လမ်း(၂)ခု ယာယီပိတ်ထားရကြောင်း သိရှိရသည်။
.
.
လားရှိုးမြို့နယ်တွင် သြဂုတ် ၃၁ ရက်၊ ညပိုင်းမှ စတင်ရွာသွန်းခဲ့သောမိုးကြောင့် တောင်ကျချောင်းရေများ ကျဆင်းလာပြီး မိုင်းယော်-လားရှိုးသွားကားလမ်းနှင့် နမ္မတူ-လားရှိုးသွားကားလမ်းတို့ ရေကျော်နေခြင်းကြောင့် ခရီးသွားလာမှု ယာယီပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
.
"အီနိုင်းကားလမ်းကရေကျော်တာ ၂ ရက်ရှိပြီ။ မနေ့ (စက်တင်ဘာ ၂ ရက်) နေ့လယ်ပိုင်းလောက်ကစပြီး ကားလမ်း ယာယီပိတ်တာပါ။ ဒီနေ့အထိကတော့ သွားလာလို့အဆင်မပြေသေးပါဘူး။ ရေလယ်မှာဆိုရင် လည်ပင်းလောက် ရောက်နေပါတယ်။ အခုက မိုးကလည်း ဆက်တိုက်ရွာနေသေးတယ်"ဟု လားရှိုးမြို့နယ် အီနိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
အဆိုပါရေကြီးရေလျှံမှုကြောင့် အီနိုင်းရွာလယ်ရှိ အိမ်များအတွင်းသို့လည်း ရေများဝင်ရောက်လာခဲ့ပြီး လူဦးရေ ၁၅၀ ခန့်မှာ ရေလွတ်ရာသို့ တိမ်းရှောင်ခိုလှုံနေရကြောင်း သိရသည်။
.
"ဒီမိုင်းယော်-လားရှိုးသွားလမ်းကတော့ စက်တင်ဘာ ၁ ရက်ကစပြီး ကားတွေသွားလာမှုမရှိတော့ပါဘူး။ ကား ကြီးတွေတော့ သွားလို့ရပါတယ်။ ဒီနေ့နဲ့ဆို ၃ ရက်မြောက်နေ့ဖြစ်ပါတယ်။ မဖြစ်မနေသွားရမယ့်လူတွေကို တော့ ကယ်ဆယ်ရေးအဖွဲ့တွေ၊ ကယ်ဆယ်ရေးလှေတွေနဲ့ ပို့ပေးနေပါတယ်"ဟု ကယ်ဆယ်ရေးလုပ်ဆောင်ပေး နေသူ ကိုစိုင်းမောင်ကပြောသည်။
.
နမ္မတူ-လားရှိုးသွားကားလမ်း ရေကျော်ခြင်းကြောင့် ခရီးသည်တင်ယာဉ်များသည် သီပေါမြို့၊ ပန်လုံကျေးရွာမှ တဆင့် မန်စံကျေးရွာမှ နမ္မတူမြို့သို့ ခရီးရှည်ကြာစွာ ကွေ့ပတ်မောင်းနှင်သွားနေရကြောင်း သိရသည်။
.
ရေလွတ်ရာတွင်ခိုလှုံနေသော အီနိုင်းကျေးရွာမှရွာသားများကိုလည်း လားရှိုးမြို့ရှိ လူမှုကူညီရေးအသင်းများက စားသောက်ရေးများကူညီပေးနေကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats