ဆီဆိုင်မြို့နယ်အတွင်း ထောက်ပံ့ရန်လိုအပ်သည့် ကျောင်းသား/သူများအး စာရေးကိရိယာများ ပေးအပ်လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆီဆိုင်မြို့နယ်အတွင်း ထောက်ပံ့ရန်လိုအပ်သည့် ကျောင်းသား/သူများအး စာရေးကိရိယာများ ပေးအပ်လှူဒါန်း



ခွန်ရဲထွေး (ဆီဆိုင်)၊ ကမ္ဘောဇတိုင်း
.
ကျောင်းနေအရွယ်ကလေးများ ကျောင်းနေပျော်စေရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စု၊ ဖြီကျွတ် အခြေခံပညာမူလတန်း ကျောင်းတွင် ထောက်ပံ့ရန် လိုအပ်သည့် ကျောင်းသား/ကျောင်းသူများအား ဖြူစင်နှလုံးသား သွေးလှူရှင်များ အသင်းနှင့် စေတနာရှင်များ စုပေါင်း၍ စက်တင်ဘာလ ၈ ရက်၊ နံနက်ပိုင်းက စာအုပ်၊ ခဲတံ၊ ခဲဖျက်များ ပေးအပ် လှူဒါန်းခဲ့ပြီး အာဟာရအဖြစ် ကြာဇံကြော် ကျွေးမွေးခဲ့ကြောင်း သိရသည်။
.
.
"ကျွန်မတို့အသင်းက ဆီဆိုင်ပြည်သူ့ဆေးရုံအတွက် သွေးလိုအပ်မှုကို ၂၄ နာရီ အချိန်မရွေး ဆောင်ရွက်ပေး နေသလို ဆီဆိုင်ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူနေတဲ့ လူနာနဲ့ လူနာစောင့်တွေ၊ နှုစ်ခြင်း ခရစ်ယာန်ကျောင်းက ကလေးများတွေနဲ့ မြို့မရဲစခန်းမှာရှိတဲ့ အချုပ်သားတွေကိုလည်း အပတ်စဉ် စနေနေ့တိုင်း ကြက်သားဆန်ပြုတ် အာဟာရတိုက်ကျွေးခဲ့တဲ့လုပ်ငန်းကို လုပ်ဆောင်နေပါတယ်"ဟု  ဖြူစင်နှလုံးသား သွေးလှူရှင် အသင်းမှ ပြင်ပပရဟိတလုပ်ငန်း အဖွဲ့ခေါင်းဆောင် ဒေါ်ဝေေ၀စိုးက ပြောကြားသည်။
.
ယင်းသို့ စာရေးကိရိယာများ လှူဒါန်းပွဲတွင် ဖြီကျွတ်ကျေးရွာမူလတန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူ ၁၁၈ ဦးတို့အား ကျောင်းသား/ကျောင်းသူတစ်ဦးလျှင် စာအုပ် ၁ ဒါဇင်၊ ခဲတံ ၁ ဒါဇင်နှင့် ခဲဖျက် ၃ ခုတို့ကိုတစ်ဦးချင်း ပေးအပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများကို အဟာရအဖြစ် ကြာဇံကြော်များ ကျွေးမွေးခဲ့ကြောင်းသိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats