မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ဩစတေးလျသံရုံးမှ
ကုန်သွယ်ရေးကောင်စစ်ဝန်နှင့် အဖွဲ့သည် ဩဂုတ်လ ၃ ရက်၊ နံနက်ပိုင်းတွင် ကုလသမဂ္ဂဆိုင်ရာ
စီမံကိန်းရုံး၏ အကူအညီဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့သို့
လာရောက်ပြီး ပွဲရုံများတွင် စိုက်ပျိုးသီးနှံဈေးကွက်အခြေအနေများကို လေ့လာခဲ့ကြောင်း
UNOPS စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ စီမံကိန်းအရာရှိ ဒေါ်အယ်လ်ဆိုင်ခမ်းထံမှ
သိရသည်။
.
.
"ကုန်သွယ်ရေးကောင်စစ်ဝန်က
အသစ်ရောက်လာတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စိုက်ပျိုးသီးနှံဈေးကွက်ကို လေ့လာချင်တယ်လို့
အကူအညီတောင်းခံလာတဲ့အတွက် လိုက်ပါကူညီပေးတာပါ။
ဒီကပြီးရင် ဆီဆိုင်ဘက်ကိုသွားပြီးနောက် တောင်ကြီးမှာ ပြည်နယ်အစိုးရနဲ့ တွေ့ဖို့ရှိမယ်လို့
သိရပါတယ်"ဟု ဒေါ် L ဆိုင်ခမ်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
ၾသေစတးလ်
ကုန်သွယ်ရေးကောင်စစ်ဝန် Mr.Tinmothy
Richard နှင့်အဖွဲ့သည် အောင်ပန်းမြို့၊ ပြည်သာယာဈေးရှိ နိုင်လင်းဦး ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံနှင့်
ထီလာပွဲရုံများသို့ သွားရောက်ကာ ပြောင်း၊ ပဲမျိုးစုံဈေးနှုန်းများနှင့် ဓါတ်မြေသြဇာ
အသုံးပြုမှုများ၊ သြဂဲနစ်စိုက်ပျိုးရေးဆိုင်ရာနှင့် စက်ယန္တရားဆိုင်ရာ အသုံးချမှုများ၊
ကုန်စိမ်းများဖြစ်သည့် ဖရုံသီး၊ ပဲတောင့်ရှည်၊ ခရမ်းချဉ်၊ ငရုတ်ပွ၊ ရွှေပဲသီး၊ မုန်ညင်းဖြူ၊
ဂျူးမြစ် တို့ကို လေ့လာကြည့်ရှုခဲ့ပြီး ပေးပို့သည့်လမ်းကြောင်းများနှင့် ကုန်များပြန်လည်တင်ပို့မှုအခြေအနေမျာကို
မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
.
UNOPS ရုံးအနေဖြင့်
မြန်မာနိုင်ငံအတွင်း စီမံကိန်းစုံကို လုပ်ဆောင်လျက်ရှိရာတွင် ကျန်းမာရေးအပိုင်း၌ Sub
Center များ ထူထောင်ပေးခြင်း၊ လူမှုရေးပိုင်းဆိုင်ရာလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ ဈေးကွက်အခြေပြု တောင်သူများဘဝ လေ့လာမှုများ ပြုလုပ်ကာ
လိုအပ်သည်များ ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai
#Shan