ဗုံးပေါလအော မလွယ်လွန်းနှင့် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဗုံးပေါလအော မလွယ်လွန်းနှင့်



ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.

.
အလဟဿ
.
အကျိုးမဲ့စကားပြောခြင်းကို အလေးဏတော ဟု သုံးပါသည်။ ငွေပေးရန်မလို ငွေကုန်ကြေးကျ မရှိ၊ ပါးစပ်မှနေ၍ လေအလကားရသော စကား ပြောခြင်း၌ပင်လျှင် လောကအကျိုးစီးပွား၊ ဓမ္မအ ကျိုးစီးပွား၊ ပြောသူနာသူတို့၏ အကျိုးစီးပွားမရှိ ခြင်းတွင် အဖိုးထိုက်တန်သော ''အချိန်''အလဟ ဿကုန်ဆုံးစေသောကြောင့် ရှေးလူကြီးသူမ ဆရာသမားများက ''အချိန်ကို မဖြုန်းနှင့် အကျိုး ရှိရှိသုံးပါ''ဟု ဆိုဆုံးမကြခြင်းပါ။ ''အချိန်နှင့် ဒီရေ သည် လူကိုမစောင့်''၊ ''ကုန်ဆုံးသွားသော အ ချိန်တို့ကို ဘယ်သောအခါမှ အစားပြန်မရ''၊''လူ သည် စက္ကန့်မိနစ်နှင့် အမျှ အိုမင်းကြီးရင့်ကာသေ စခန်းသို့ တစ်လှမ်းချင်းမြန်းနေ''၊ ''ချိန်ခါရှိခိုလုံ့ လစိုက်''၊ ''လသာတုန်းဗိုင်းငင်မိုးရွာတုန်း ရေခံ'' စသည့် ဆိုရိုးစကာပုံတို့ကို ဆင်ခြင်ကြည့်ခြင်းအား ဖြင့် အချိန်တန်ဖိုးကို သိနိုင်ပါပြီ။
.
ကျွန်တော်မူလတန်းပြီးဆုံး၊ စတုတ္တတန်း နောက်ဆုံး စာမေးပွဲကြီး ဖြေဆိုပြီးသည်နှင့် ဗဟု သုတအလို့ငှာ ဖခင်သည် ဖီးလစ်ရေဒီယိုတစ်လုံး ကို ငွေ ၂၅ဝ ဖြင့် ဝယ်ပေး၏။ ခေတ်လူငယ်များက လက်ဖက်ရည်ရှယ်တစ်ခွက်စာမရှိသော ယခုချိန် ခါဝယ် ယုံတမ်းစကားပြောသည်လားဟု ရယ် သွမ်းသွေးကြလိမ့်ထင်ပါ၏။ ၁၉၅၇ ခုနှစ်ဝန်းကျင် ၌ ယင်းငွေ ၂၅ဝ ဖြင့် ရွှေတစ်ကျပ်သား ကျော်ရ သော အချိန်ပါ။ ငွေတန်ကြေး အလွန်ရှိသေးသော အချိန်ဖြစ်၏။ ပဲဆီစစ်စစ် ၁ဝ ပိဿာဝင်သံဖြူပုံး အပါအဝင်မှ ငွေအစိတ်မကျသောခေတ်၊ ကုလား မခြင်းဆွဲ အကောင်းစားနို့ဆီတစ်ဘူး ၁ ကျပ်။ နောင်မွန်ရှမ်းဆန် လင်ပန်းချောသည် ယင်းနို့ဆီ ဘူးဖြင့် ၁၂ လုံးအပြည့်ရှိသည့် ရှမ်းပြည်နယ် တောင်ကြီး သုံးပြည်တောင်းဖြင့် တစ်ပြည် ၁ ကျပ်ဆိုသော ကုန်ဈေးနှုန်းဖြင့် ချိန်ထိုးကြည့်ကြ ကုန်။ ဤစာဖတ်ပြီး ယင်းတစ်ခေတ်သို့ ပြန် ရောက်ချင်သည်ဟူ၍ စာဖတ်ပရိသတ်များ မ တောင့်တကြလေနှင့်။ ဘယ်တော့မှ ပြန်မလာနိုင် တော့သည့် ခေတ်ဟောင်းသည် ထိုစနစ်ဟောင်း နှောင်းတစ်ခေတ်တွင် အမြဲကျန်ရစ်နေပေတော့ မည်။ နေရစ်တော့ ခေတ်ဟောင်း။
.
ထိုကာလ၌ အလွန့်အလွန် စိစစ်လွန်း၊ စည်း ကမ်းကြီးလွန်း၊ စနစ်ကျနလွန်းသော ကျွန်တော့် ဘွားအေကြီးသည် ရေဒီယိုကို အိမ်တွင်းသူခိုးဟု အမည်သစ်ပေးလေ၏။ အချိန်ကိုလည်းခိုးသည်။ ငွေကိုလည်းခိုးသည်။ အိပ်ရေးကိုပင်ခိုးသည်ဟု မြည်တွန်တောက်တီး၏။ လျှပ်စစ်မီးမီတာခ အ ကုန်အကျများလွန်း၍တဲ့။ များသည်ပြောရသော် ငြား တစ်လလုံးမှ ကျပ် ၁ဝ ဝန်းကျင်မျှသာပါ။ သို့ နှင့် ည ၈း၁၅ နာရီသတင်းအပြီးမှာ ရေဒီယိုပိတ်၊ မီး ပိတ်၊ အိပ်။ ၂ ကျပ်ကြီးများတောင် သက်သာရော့ ပါးသွားသည်။ တန်ဖဲယားမီးတစ်ပွင့် ၅ ကျပ်နှင့် နှိုင်းတော့ ၃ ကျပ်ကြီးများ ပိုနေသေးတဲ့လေ။
.
ထမင်းသိုး
.
ကျွန်တော့်အိမ်နောက်ခြမ်း ဝင်းမှာ ဝင်းတံ ခါးမကြီးမှလွဲ၍ အုတ်ဝင်းအပြည့်ကာရံထား၏။ အ နံ ၆၅ ပေကျယ်သည့် ဝင်းမို့ ခုခေတ်ကုန်ကား ကြီးတွေအတွက် ကုန်ပစ္စည်းလွှဲပြောင်းတင်ချဖို့ နေရာကောင်းဖြစ်နေ၏။ အုတ်ဝင်း တစ်ဆက်တည်း ပေ ၅ဝ မျှရှိသောကြောင့်ပါ။ ဒါတောင်မှ တွဲဆက် ကားကြီးမှ တစ်ဆင့် ကုန်ကားငယ်သို့ အမြီးချင်း ဆက်တေ့ ပြောင်းရွှေ့ကြလျှင် ဝင်းတံခါးမကြီးကို ပါ အပြည့်ပိတ်မိလျက်သားပါ။ ဝင်ခက်ထွက်ခက် အသုံးပြုရခက်နှင့် အိမ်ရှင်တွက် ဘာမှမငဲ့ညှာကြ ပါ။ ဝိသမလောဘသားကြီးများ၌ နွားများလို ဘို့ တစ်ဘို့တည်းသာရှိကြ၏။ ဥပဒေသည် စာရွက် ပေါ်၌သာရှိ၏။ ပြည်သူတွေအတွက် အသက်မ ဝင်လာ၊ ရဲကလည်း မဖမ်းဆီး၊ အရေးမယူ၊ အ ဆင်မပြေမှုတွေကများလှ၏။ လိုအပ်လွန်း၍ မေ တ္တာရပ်ခံသည်ကိုပင် သူတို့အလုပ်ဖျက်သည်၊ ပျက်သည် ယူဆဟန်တူ၏။ မျက်စောင်းတခဲခဲ။ မျက်နှာတစ်မဲမဲ။ ကြမ်းကြုတ်ကြ၏။ ကိုယ့်ဝင်းနှင့် ကိုယ် အငြိုငြင်ခံရပြန်သေးသည်။ ကာလပြောင်း ပြိ ပြောင်းပြန်။ အညစ်အကြေး အမှိုက်သရိုက်တွေ စည်းကမ်းမဲ့ စွန့်ပစ်ခဲ့ကြသေး၏။ တစ်နေ့ သန့် ရှင်းရေးအတွက် တပည့်တစ်ဦးနှင့် သွားဆောင် ရွက်တော့ ထမင်းသိုးဟင်းသိုး မုန့်သိုးတွေ တစ်ပုံ တစ်ပင်တောင်မှပါလား။ြ<ွကက်တွင်းတွေ ဗရပွ၊ စားကြွင်းစားကျန်ပေါမှတော့ မြေကြွက်တွေအ တွက် ဟက်ပီးပေါ့။
.
ကားသမားတွေ စွန့်ပစ်ထားလက်စရှိ၍ အနီး ဝန်းကျင်အိမ်များမှလည်း လာစွန့်ပစ်ကြဟန်တူ၏။ အိမ်ရှင်အဝင်အထွက်ကနည်းတော့ ဟန့်တားမည့် သူမရှိ။ ဖိုးကျိုင်းတုတ်တို့ သဘောရှိ ကလောဟိ။ ဘေးဘီရှေ့နောက်အိမ်နီးချင်းတို့လည်း အမုန်းခံ မပြောကြတော့ပါ။ ရှေးကလို နှုတ်၏စောင်မခြင်း ဆိုသည်များ ကြက်ပျောက် ငှက်ပျောက်။ သူတို့ လည်း ကူပစ်ကြသော စာြး<ွကင်းရှိမှတော့ အ ကောင်ဗလောင်များကို ဖိတ်ခေါ်ထားပြီးဖြစ်ပြီ။ ခွေးလေခွေးလွင့်တို့ စားကျက်ဖြစ်ပြီ။ြ<ွကက်၊ ကြောင်၊ ခွေး၊ ပိုးဟပ်၊ ယင်၊ ခြင်တို့ထံမှ ရောဂါမျိုး စုံရနိုင်၏။ ကျန်းမာရေးအတွက် အနုတ်လက္ခဏာ၊ တပ်က ရန်သူ့နယ်မြေကို ဝိုင်းထားပိတ်ဆို့ပြီး ဖြတ် လေးဖြတ်မူသုံး၏။ ရိက္ခာ၊ ရေ၊ မီး၊ အဆက်အ သွယ်တွေ ဖြတ်လိုက်မှတော့ လက်နက်ချအရှုံး ပေးရပြီပေါ့။ မလိုလားအပ်သော တိရစ္ဆာန်အလေ အလွင့်မှ ရောဂါမပြန့်ပွားစေ၇န် အစာကိုဖြတ်၊ စာြး<ွကင်းစားကျန်မပစ်လျှင် အပုံကြီးသက်သာ လျော့ပါးနိုင်ပြီ။ ရောဂါဖြစ်က ဆေးဖိုးဝါးခ လျှော ခနဲ လျှောခနဲလို့မှ မဆုံးနိုင်။ ရှောရှောဘရားသား ကုမ္ပဏီက အဘိုးခေါ်ရလိမ့်မည်။
.
အတိုင်းအဆသည် အရေးကြီး၏။ လိုအပ်သည်ထက်ပိုချက်ပြုတ်လျှင် ပိုလျှံပါတော့၏။ ပို၍ သိုးပျက်လျှင် စွန့်ပစ်ရလေပြီ။ စေတနာသည် သူ့ နေရာနှင့် သူသာ အလောတော်ကောင်း၏။ ဗုံး ပေါလအောလက်လွယ်လွန်းလျှင် အဟောသိကံ တွေများ၊ ငွေကုန်ကြေးကျများ မစုဆောင်းနိုင်ပြီ။ ရေးချင်သည့် လိုရင်းသို့ မရောက်သေးပါ။ စာမျက် နှာထက်ဝက်ပွန်းပဲ့ပြီ။ ကလောင်ကြောရှည် လေ ရှည်ပေရှည်ရှေးခေတ်အဘိုးကြီးကို ရှေးဟောင်းပြ တိုက်ပို့လျှင် မကောင်းပါလော။
.
လက်လွယ်
.
ဗုံးပေါလအောနှင့် လက်လွယ်အတူတူပဲလား။ ရုတ်တရက်မှာ တူသည်ဟုထင်ကြပါလိမ့်မည်။ မတူပါ။ စေ့စေ့တွေးမှ ရေးရေးပေါ်ပါလိမ့်မည်။ ဗုံး ပေါလအော်မှာ အတိုင်းအဆမရှိ၊ မခန့်မှန်း တတ်ဘဲ ပိုလျှံသွားစေခြင်းဖြစ်၏။ လက်လွယ်ခြင်း မှာ ဘာကိုမဆို အလွယ်တကူပင် ပေးကမ်းချေး ငှားလိုက်ခြင်းပါ။ ပြန်ရနိုင်ခြေရှိ မရှိကို မစဉ်းစား မဝေဖန်ဘဲ စိတ်လွယ်ခြင်းကြောင့် လက်လွယ်ခြင်း ဖြစ်ပါ၏။ ကိုယ့်ငွေ ကိုယ့်ပစ္စည်း သူတစ်ပါးလက် ထဲ ရောက်သွားပြီးမှတော့ ပြန်ရဖို့က ထိုသူပြန် ပေးပါမှ။ မိမိက လက်လွယ်သလောက် ပြန်ဆပ်  ပြန်အပ်မည့်သူက လက်ခက်နေလျှင် တကျည် ကျည်နှင့် ပြန်တောင်းနေရတော့မည်။ ပြန်ရဖို့က မသေချာ။ ရှုံးမည်ကများ၏။ အမုန်းလည်းခံရပါဦး မည်။ မိတ်ပျက်မည်။ အဘက်ဘက်ကနာ၏။ ဗုံး ပေါလအောကတော့မမှန်းဆတတ်သဖြင့် ပိုပေးမိ ၏။ ကိုယ့်ပစ္စည်းလျော့ပါးပြီ။ ပိုချက်မိတတ်၏။ စားမကုန်၍ ဟင်းကျန်ထမင်းကျန်များ ပိုလျှံနေ မည်။ ညသိပ်ထားရလျှင် ပုပ်သိုးသွားမည်။ ပုပ် သိုးသွားမှတော့ စွန့်ပစ်လိုက်ရန်သာရှိ၏။ အဟော သိကံဖြစ်ပြီ။ မိမိဥစ္စာလျော့ပါးဆုံးရှုံးရပြီ။ ''ဥစ္စာဖြို စားဖိုက''ဆိုရိုးစကားသည် ဤဗုံးပေါလအောအ ကျင့်ဆိုးကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်၏။ အ လေအလွင့်အစွန့်အပစ်များခြင်းဟူသည် မိမိငွေ အလဟဿဖြစ်ရခြင်းဟုတ်။
.
စိစစ်နှင့် စေးနှဲဝေါဟာရနှစ်လုံးမှာလည်း တူ သယောင်ယောင်နှင့် များစွာခြားနား၏၊ စေးနှဲခြင်း သည် မိမိပစ္စည်းကို ပေးရကျွေးရမည်၌ လွန်စွာ တွန့်တိုခြင်း၊ မပေးချင် မကျွေးချင်ခြင်းဖြစ်၏။ ကျွန်တော်တို့ငယ်ဘဝ၊ ကာတွန်းအောင်ရှိန်၏ ဦးကပ်စီး(ထိုစဉ်က သုံးသတ်ပုံပါ)နှင့် သူ့တူ ခင် မောင်သိန်းထွန်းဝင်း ဇာတ်လမ်းများအလွန်ရယ် မောရ၏။ နှမြောတတ်လွန်းသော ဦးလေးဦးကပ် စေးနှင့် အလွန်လက်ဖွာစရိုက်ရှိသည့် တူမောင်တို့ အကြောင်း ဇာတ်လမ်းဆင် ရေးဆွဲပြခြင်းပါ။ ဆန့် ကျင်ဘက် စရိုက်နှစ်မျိုးတို့ကို ယှဉ်ပြ၍ ရွှင်မြူးရ ၏။ လောက၌ ဖြစ်တတ်လွန်း၊ ကိုယ့်ပတ်ဝန်းကျင် ၌ မြင်တွေ့နေကြရသည့် အကြောင်းများဖြစ် သည်။ ဤတွင် နှမြောနှင့်စေးနှဲလည်းတူသည် ထင်ရပေမင့် အတိမ်အနက်ကွာခြား၏။ နှမြော သည်မှာ လက်ခက်သော်လည်း စဉ်းစားချင့်ချိန်ပြီး ပေးသင့်သရွေ့သာပေး၏။ ပိုလျှံဖို့ မစဉ်းစားနှင့်။ စေးနှဲသည်ကား အမြင်ကပ်လောက်အောင် လက် ခက်၏။ တွန့်တိုမှု၌ ကမ်းကုန်၏။ အခြားသူအား  တွန့်တိုရုံတင်မက သူ့ဝမ်းတောင်သူမသဒ္ဓါအောင် တွန့်တိုလွန်း၏။ လွန်လွန်း၍ မေတ္တာတုံးရပါ၏။ သူ့နေရာနှင့် သူနှမြောတတ်ရမည်။ သူ့နေရာနှင့် သူသဒ္ဓါရမည်။ စေတနာသဒ္ဓါကောင်းသည်ဆိုရာ ၌ နေရာအားလုံးနှင့် မဆိုင်။ သူ့နေရာနှင့်သူ၊ ထိုက်သည့်အတိုင်းအတာတစ်ခုအထိသာ ကောင်း ရပါမည်။ လွန်ကျွံသွားလျှင် ကုဋေရှစ်ဆယ်သူဌေး သားလို ဘဝပျက်မည်မှာ သေချာပါ၏။
.
စည်းကမ်း
.
စည်းကမ်းသည် အရေးကြီး၏။ စည်းကမ်း ရှိမှ စည်းကမ်းလိုက်နာပါမှ တိုးတက်ကြီးပွားပါ မည်။ စည်းကမ်းသည် လူ့တန်ဖိုးဟု ညွှန်းဆိုမြဲဖြစ် ၏။ ဒီမိုကရေစီသည် လူ့အခွင့်အရေးအပြည့်အဝ ရရှိစေ၏။ လွတ်လပ်ခွင့်လည်း အပြည့်အဝပေး ၏။ သို့သော် စည်းလွတ်ဝါးလွတ်မဟုတ်ပါ။ စည်းနှင့်ကမ်းနှင့် လွတ်လပ်ခွင့် ရပိုင်ခွင့်ပါ။ တာ ရိုးလမ်းမပေါ်တက်၍ ဆေးများလှန်းခြင်းသည် လွတ်လပ်မှုမဟုတ်။ စည်းကမ်းမဲ့ခြင်းသာဖြစ် ကြောင်း လွတ်လပ်ရေး ဗိသုကာဗိုလ်ချုပ်(အောင် ဆန်း)က လွတ်လပ်ရေးမရရှိသေးမီကပင် ကြို တင်ထောက်ပြခဲ့ပါ၏။ စည်းကမ်းသည် အရာရာ တိုင်းတွက် အရေးကြီးလှ၏။ ကျွန်တော့်ဘွားအေ ကြီး အလွန်စည်းကမ်းကြီးကြောင်း ဆောင်းပါး ရှေ့ပိုင်း၌ ဖော်ပြခဲ့သည်ကို ယခု ပြန်ကောက်၍ ရေးပြချင်၏။ မနက်စောစောအိပ်ရာထ၊ မီးမွှေးပြီး  ရေနွေးကရားတစ်အိုးတည်ထားစဉ် ခင်းကြီးခင်း လေးသွား၊ မျက်နှာသစ်၊ ခေါင်းဖြီး။ ရေနွေးအိုး ဆူလျှင် ထမင်းအိုးတည်။ ဘုရားသောက်တော် ရေအသစ်လဲလှယ်ပြီး ကပ်ထားနှင့်။ ဆွမ်းတော် စာ၊ သစ်သီးများခွဲစိတ်ပြင်ဆင်။ ဆွမ်းကျက်လျှင် ဆွမ်းတော်ပွဲပြင်ကာ ဆွမ်းတော်ပွဲကပ်။ ဘုရားရှိ ခိုးကန်တော့၊ သီလယူ၊ မေတ္တာပို့အမျှဝေ။ ဤ ကား မနက်ပိုင်း စည်းကမ်းပါ။ နမူနာပြရုံသာ။
.
ထမင်းပွဲ၌ ထမင်းတစ်စေ့မကျစေရ။ ကျလျှင် ခေါင်းခေါက်ခံရ၏။ ဝမ်းထက်ကို မျက်စိကျယ်ပြီး ထမင်းဟင်းမကုန်နိုင်ဘဲ မခူးခပ်ရ။ ထမင်းစား လက်စသတ်လျှင် ပန်းကန်၌ ထမင်းတစ်စေ့ မကျန်စေရ။ လယ်သမားတွေ စပါးတစ်စေ့ရဖို့ နွားနှင့်ဖက်ပြီး မည်မျှရုန်းကန်ရသည်။ ငွေဘယ်လို ရှာရခက်သည်။ ငွေတွင်းနက်သည့်အကြောင်းတွေ နားလည်အောင် ရှင်းပြပြောပြ၏။ ပြောကြေးဆို လျှင် ထိုစဉ်နှစ်ပေါင်း ၆၅-၇ဝ တုန်းက အပုံကြီး ပေါများသေးချိန်ဖြစ်၏။ ငွေတန်ကြေးကမြင့်ပြီးရှာ ရခက်သော်လည်း ငွေအသုံးခံလှ၏။ အောက်တန်း စာရေး ၁၂၆ ကျပ်သည် မိသားစုကို ဝလင်အောင် ကျွေးနိုင်သည့်ပြင် လစဉ်ရွှေစုနိုင်သောအချိန်ပါ။ ဘွားအေကြီးလိုသာ လူတိုင်းစည်းစနစ်ကောင်း ကြမည်ဆိုပါက ထမင်းသိုးဟင်းသိုး လမ်းဘေးအ မှိုက်ပုံတွေမှာ ဗုံးပေါလအောဖြစ်နေမည်မဟုတ်ပါ။ လူတိုင်းချွေတာရေး စနစ်ကျပါက ဆန်တစ်မျိုး တည်းအနေနှင့်ပင် ပြည်ပသို့ တန်ချိန်ပေါင်းများစွာ ပို၍တင်ပို့ရောင်းချနိုင်ပါမည်။ ခုတော့ ကောက်ရိတ် စပါးလှေ့သိမ်းကတည်းက ကျီထဲရောက်သည်အ ထိ အလေအလွင့်တွေ။ မြေ<ွကက်တွေက တစ် နည်းဒုက္ခပေးသေး၏။ြ<ွကက်ရန်ကိုသာ နှိမ်နင်းနိုင် မည်ဆိုလျှင် ယခုထက် ဆန်နှစ်ဆယ်ရာခိုင်နှုန်း ပိုတင်ပို့နိုင်မည်ဟု ပြည်ပသုတေသီများက မှတ် ချက်ပြုခဲ့ဖူးပါသည်။ တိုင်းပြည်ကြီး ပြည်ပြေ<ွကး မြီတွေလည်ပင်းနစ်နေ၍ နေရာတိုင်းမှာ ဗုံးပေါလ အော မလွယ်လွန်းဘဲ စိစစ်စည်းကမ်းရှိကြမည် ဆိုပါလျှင်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats