အရည်အသွေး ကြံ့ခိုင်မှုနှင့် ပတ်သက်၍ ဝေဖန်မှု ရှိနေသည့် ကျိုင်းတုံမြို့၊ ဝန်ထမ်းအိမ်ရာ ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းကို ယာယီရပ်ဆိုင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အရည်အသွေး ကြံ့ခိုင်မှုနှင့် ပတ်သက်၍ ဝေဖန်မှု ရှိနေသည့် ကျိုင်းတုံမြို့၊ ဝန်ထမ်းအိမ်ရာ ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းကို ယာယီရပ်ဆိုင်း


ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ မြို့နယ်၊ တောင်ကြီး-ကျိုင်းတုံ-တာ ချီလိတ် ပြည်ထောင်စုလမ်းမကြီး ဘေး ရှိ စုပေါင်းဝန်ထမ်းအိမ်ရာဝင်း ခြံစည်း ရိုးကာရံသည့် လုပ်ငန်းတွင် အရည် အသွေးကြံ့ခိုင်မှု အားနည်းနေသည်ဟု ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်ခဲ့ပြီး နောက် စက်တင်ဘာလ ၁ဝ ရက်မှ စတင်၍ လုပ်ငန်းဆောင်ရွက်မှု ယာယီ ရပ်ဆိုင်းရန် ညွှန်ကြားထားကြောင်း သိရသည်။
.
.
''သတ်မှတ်ထားတဲ့ လုပ်ငန်း စံချိန်စံညွှန်း  ပြည့်မီကောင်းမွန်စေရေးအတွက် လိုအပ်တဲ့ ကြီးကြပ်စစ်ဆေး မှုတွေ လုပ်ရမှာဖြစ်လို့ စက်တင်ဘာ ၁ဝ ရက်မှာ လုပ်ငန်းယာယီ ရပ်ဆိုင်း ထားဖို့ သက်ဆိုင်တဲ့ လေလံအောင် ကုမ္ပဏီကို အကြောင်းကြားထားပြီးဖြစ် ပါတယ်''ဟု ကျိုင်းတုံခရိုင် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မိုးလွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ဝန်ထမ်းအိမ်ရာ ဘေး ပတ်လည်တွင် ခြံစည်းရိုးကာရံခြင်း လုပ်ငန်း ဆောင်ရွက်ရာတွင် သုံးစွဲရ မည့် စံချိန်စံညွှန်းများ ပြည့်မီမှုမရှိခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ပျက်စီးဆုံးရှုံးမှုများသည် ပြည်သူ့အခွန်ဘဏ္ဍာငွေများ ဆုံးရှုံးနစ်နာမှုများ ဖြစ်ကြောင်း စက်တင်ဘာလ ၉ ရက်တွင် လူမှုကွန်ရက်စာမျက်နှာ များ၌ ပျံ့နှံ့လာခဲ့ပြီးနောက် ယခုကဲ့သို့ ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းအား ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိ ရသည်။
.
အဆိုပါ ခြံစည်းရိုးကာရံခြင်း လုပ် ငန်းအား တောင်ကြီးမြို့ရှိ လေလံလုပ် ငန်းများ ကြီးကြပ်စိစစ်ရေးကော်မတီ မှ ၂ဝ၁၈ ခုနှစ်၊ မီနီဘတ်ဂျက်ကာလအတွင်း တိုက်ရိုက်ချထားပေးသည့် လုပ်ငန်းဖြစ်ပြီး ကျိုင်းတုံခရိုင် တည်ဆောက်ရေး လုပ်ငန်းများ ကြီးကြပ်စိ စစ်ရေးကော်မတီသို့ ဆက်သွယ်အ ကြောင်းကြားထားခြင်း မရှိကြောင်း ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သိရ သည်။
.
ယင်းကဲ့သို့ ကျိုင်းတုံခရိုင်မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများအား ယာယီရပ်ဆိုင်းထားရန် ညွှန်ကြားမှုနှင့် ပတ်သက်၍ လေလံအောင် လုပ်ကိုင် ခွင့် ရရှိထားသော Million Effect ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးကျော်အောင်က ''ကျွန်တော်တို့အနေနဲ့  ဘတ်ဂျက်ကာလ သတ်မှတ်ချိန် ၂ လ အတွင်းမှာ အပြီးတည်ဆောက်ပေးရမှာဖြစ်ပြီး မိုးရာသီဆိုတော့ လိုအပ်တဲ့ အုတ်ကို ရှာဖွေဝယ်ယူဖို့ ခက်ခဲတာ ကြောင့် ဘိလပ်မြေ အုတ်လည်း ထည့်ပြီးအသုံးပြုထားရပါတယ်။ ခြံစည်းရိုး ခိုင်ခန့်မှုအတွက် မြေငလျင်လှုပ်တာက လွဲရင် ၂ နှစ် အာမခံပါတယ်။ ဒီကြားထဲမှာ ပျက်စီးသွားရင်လည်း အစားထိုး တည်ဆောက်ပေးဖို့ ကတိပေးပါတယ်'' ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ဝန်ထမ်းအိမ်ရာအတွက် လေလံအောင်ခဲ့သည့် စုစုပေါင်း ခြံ စည်းရိုး အရှည်ပေသည် ၂၆၃ဝ ဖြစ်သော်လည်း လက်ရှိမြေပြင်တွင် ၃ဝ၁၄ ပေ အထိ ကာရံပေးနေရပြီး မြေတူးလုပ်ငန်း အပါအဝင် ခြံစည်းရိုး ၏ အပေါ် အလေးချိန် ခံနိုင်မှု ရှိစေရန်အတွက် စီမံဆောင်ရွက်ပေးလျက် ရှိကြောင်း ၎င်းမှ ဆက်လက်ပြေကြားခဲ့သည်။
.
ကျိုင်းတုံမြို့နယ် စုပေါင်းဝန်ထမ်း အိမ်ရာသည် လွတ်လပ်ရေးရပြီးစ ပြည်တော်သာ စီမံကိန်းဖြင့် တည်ဆောက် ခဲ့သော အုတ်စီနံကပ် ၂ ထပ် အမျိုးအစား အဆောက်အဦများဖြစ်ပြီး ၂ဝ၁၅ ခုနှစ်၊ မိုးရာသီကာလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အဆောက် အဦအချို့ အမိုးလန်ပျက်စီးခဲ့သဖြင့် ပြန်လည်ပြင်ဆင်ခဲ့ရပြီး လက်ရှိခြံစည်း ရိုးကာရံခြင်း လုပ်ငန်းအတွက် ၂ဝ၁၈ ခုနှစ်၊ မီနီဘတ်ဂျက်မှ ခွင့်ပြုရန်ပုံငွေ လေလံအောင်ဈေးနှုန်းမှာ ၅၄ ဒသမ ၆ သန်းဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats