တောင်ကြီးမြို့မဈေးအတွင်း မီးရှူး၊ မီးပန်းများ ရောင်းချခြင်းနှင့် ဈေးအတွင်း မီးမွှေးခြင်းများအား အရေးယူမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့မဈေးအတွင်း မီးရှူး၊ မီးပန်းများ ရောင်းချခြင်းနှင့် ဈေးအတွင်း မီးမွှေးခြင်းများအား အရေးယူမည်


စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့မဈေးအတွင်း မီးဘေးကြို တင်ကာကွယ်သော အနေဖြင့် သီတင်းကျွတ်နှင့် တန်ဆောင်တိုင် ကာ လများတွင် မီးရှူး၊ မီးပန်းများ ရောင်း ချခြင်းနှင့် ဈေးအတွင်း မီးမွှေးသူများ အား အရေးယူသွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
.
.
''အဓိက လုပ်ဆောင်နေတာက တော့ ဈေး သန့်ရှင်းသပ်ရပ်လှပဖို့ ဖော်ဆောင်နေတယ်။ အဲဒီလို လုပ် ဆောင်တဲ့အခါမှာ ဈေးအတွက် မီးဘေး အန္တရာယ်လည်း မဖြစ်အောင်လုပ်ဖို့ လိုပါတယ်။ ဈေးသည်တွေကို ပထမ ဆုံး ပညာပေးကာလအနေနဲ့ အသိ ပေးမယ်။ နောက် ပညာပေးကာလ ကုန်ရင်တော့ ဥပဒေအတိုင်း လုပ် ဆောင်သွားမယ်။ စီမံချက်နဲ့ လုပ်မှာ ဖြစ်တယ်''ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိန်ဝင်းက ပြောသည်။
.
တောင်ကြီးမြို့မဈေးအတွင်း မီးရှူး၊ မီးပန်းရောင်းချသူများနှင့် ဈေးအ တွင်း မီးမွှေးသော ဈေးသည်များအား အရေးယူခြင်း မဆောင်ရွက်မီ ပညာ ပေးများ ပြုလုပ်သွားမည်ဖြစ်ကာ လိုက် နာခြင်း မရှိပါက ဆိုင်အား ပိတ်သိမ်း သည်အထိ ထိရောက်စွာ အရေးယူ သွားမည် ဖြစ်သည်။
.
''ဈေးထဲမှာတော့ လုပ်သင့်ပါ တယ်။ ဒါက အားလုံးအတွက် ဖြစ်ပါ တယ်။ မီးလောင်သွားရင် ဈေးတစ်ခု လုံး ဒုက္ခရောက်ရမှာပါ။ ဒါပေမဲ့ မီးရှူး မီးပန်းကတော့ သူ့ရာသီသူရောင်းချ တာ ဖြစ်တယ်။ အဲ့ဒါကို အရေးယူဖို့ တော့ လွယ်မယ် မထင်ဘူး''ဟု မြို့မ ဈေးအတွင်း ဈေးရောင်းချသူ ဦးဝင်း သိန်းက ပြောသည်။
.
တောင်ကြီးမြို့ မြို့မဈေးတွင် ဆိုင်ခန်းဖြင့် ဈေးရောင်းချသည့် ဈေးသည် ၁၈၁၃ ဦး ရှိပြီး ဈေးအနီးဝန်းကျင်၌ ရောင်းချသည့် ပျံကျဈေးသည် ၁ဝဝဝ ဦးခန့် ရှိကြောင်း သိရသည်။
.
မြို့မဈေးအနီး၌ ယာဉ်ကျောကြပ် တည်းမှုများကြောင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မီးသတ်ကားများ ဝင်ရောက်ရန် ခက်ခဲသောကြောင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်နိုင်စေ ရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့မှလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိ ရသည်။
.
အလားတူ တောင်ကြီးမြို့တွင် မြို့မဈေးအပါအဝင် လူနေရပ်ကွက်များ အတွင်း၌ မီးရှူး၊ မီးပန်းနှင့် ပေအိုး၊ ဗျောက်အိုးများ ရောင်းချမှု မရှိစေရေး အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ လည်း နှစ်စဉ်ဒေသန္တရအမိန့် ထုတ် ပြန်၍ တားမြစ်လေ့ရှိကြောင်း သိရ သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats