ကုမ္ပဏီများအားလုံး ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှ စ၍ နှစ်စဉ် အစီရင်ခံစာ တင်သွင်းရမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကုမ္ပဏီများအားလုံး ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှ စ၍ နှစ်စဉ် အစီရင်ခံစာ တင်သွင်းရမည်


ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းရှင် များလုပ်ကိုင်သည့် လုပ်ငန်းအမျိုးအစား နယ်ပယ်အလိုက် ခွဲခြားသိရှိစေရန် အ တွက် ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ ကုမ္ပဏီများ အနေဖြင့် နှစ်စဉ် အစီရင်ခံစာတင်ခြင်း စနစ်ကို လုပ်  ဆောင်သွားရမည် ဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှူး ဦးစီးဌာနမှ သိရသည်။
.
.
''ကုမ္ပဏီတစ်ခုက ဘယ်လုပ်ငန်း ဘယ်ရည်ရွယ်ချက်နဲ့ မှတ်ပုံတင်တာ လဲ၊ ဘယ်လိုလုပ်ငန်းတွေ လုပ်ဆောင် နေလဲဆိုတဲ့ နှစ်စဉ် အစီရင်ခံစာ တင် ရပါမယ်။ ကုမ္ပဏီတွေက တစ်နှစ်တစ်ခါ နှစ်စဉ် အစီရင်ခံစာ ပေးရမှာပါ။ ဒါပေမဲ့ အခုက ပြန်လည်မှတ်ပုံတင်ခြင်း ၆ လကာလမှာ နှစ်စဉ်အစီရင်ခံစာ မတင်ရသေးဘူး။ အဲဒီ ၆ လတာ ကာလကျော်ပြီးနောက်ပိုင်း ဖေဖော်ဝါ ရီလက စပြီးတော့ နှစ်စဉ်အစီရင်ခံစာ တင်ရမှာပါ''ဟု ရှမ်းပြည်နယ် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှူး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလေး နိုင်က ပြောကြားခဲ့သည်။
.
မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥ ပဒေ ၁၉၁၄ (သို့မဟုတ်) ၁၉၅ဝ ပြည့် နှစ် အထူးကုမ္ပဏီ အက်ဥပဒေဖြင့် မှတ်ပုံတင်ထားသည့် တည်ဆဲကုမ္ပဏီ များ၊ အသင်းအဖွဲ့များအနေဖြင့် ယခု နှစ် သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ အထိ ၆ လတာ ကာလအတွင်း ကုမ္ပဏီ မှတ်ပုံတင်စနစ်သစ် (MyCo) တွင် သတ်မှတ်ပုံစံ နည်းလမ်းများအ တိုင်း ပြန်လည်မှတ်ပုံတင်ရမည် ဖြစ် သောကြောင့် ကုမ္ပဏီများ၏ နှစ်စဉ် အစီရင်ခံစာကို အဆိုပါ ၆ လတာ ကာ လအတွင်း၌ ကင်းလွတ်ခွင့်ပြုထား ကြောင်း သိရသည်။
.
ကုမ္ပဏီများအနေဖြင့် နှစ်စဉ်အစီ ရင်ခံ တင်ခြင်းဖြင့် လွန်ခဲ့သည့် တစ် နှစ်တာ ကာလအတွင်း မည်သည့် လုပ်ငန်း၊ မည်သည့် ကဏ္ဍတွင် လုပ်ကိုင်ခဲ့သည့် အခြေအနေစာရင်းကို ကောက်ယူနိုင်မည်ဖြစ်ပြီး ယင်းစာရင်း များ ထွက်ရှိလာခြင်းဖြင့် မြန်မာနိုင်ငံ၌ လုပ်ငန်းမည်မျှ ရှိသည်ဟူသော လုပ် ငန်းများ၏ ပမာဏ အတိအကျကို သိရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
.
ယခုအခါ ကုမ္ပဏီများ ပြန်လည် မှတ်ပုံတင်ခြင်းကို ၆ လ သတ်မှတ်ပေး ထားခြင်းကြောင့် ၆ လ ပြည့်ပြီးနောက် ပိုင်းမှစ၍ နှစ်စဉ် အစီရင်ခံစာတင်ခြင်း ကို လုပ်ဆောင်သွားရမည် ဖြစ်ပြီး လာမည့် ၂ဝ၂ဝ ခုနှစ် ဖော်ဖော်ဝါရီ လတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ အားလုံး၏ လုပ်ငန်းလုပ်ကိုင်သည့် အ ခြေအနေအားလုံးကို သိရှိနိုင်မည် ဖြစ် ကြောင်း သိရသည်။
.
သြဂုတ်လ ၁ ရက်မှစ၍ အီလက် ထရောနစ် မှတ်ပုံတင် Myanmar Companies Online (MyCo) စနစ် ဖြင့် ကုမ္ပဏီများ မှတ်ပုံတင်နိုင်ပြီ ဖြစ် ကာ နေ့စဉ် ကုမ္ပဏီအသစ် ၁ဝဝ ကျော် မှတ်ပုံတင်လျက်ရှိပြီး နိုင်ငံတစ် ဝှမ်းလုံး၌ တစ်လအတွင်း မှတ်ပုံတင် သည့် ကုမ္ပဏီအသစ်ပေါင်း ၁၆ဝဝ ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။
.
လက်ရှိ မြန်မာနိုင်ငံတွင် မှတ်ပုံ တင်ထားသည့် ကုမ္ပဏီပေါင်း ၆ သောင်းကျော် အထိရှိပြီး ယင်းကုမ္ပဏီ များကို ပြန်လည်မှတ်ပုံတင်ရန် ၆ လ အချိန်ပေးထားကာ ထိုကာလအတွင်း ပြန်လည်မှတ်ပုံတင်ခြင်း မရှိသည့် ကုမ္ပဏီများကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats