ဆဏ်းမောင် (ကွတ်ခိုင်)
.
ယခင်အပတ်မှ အဆက်
.
.
နောက်ထပ် အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အီတ လီဆီကို ဆက်သွယ်မေးမြန်းရင်ကော
အဆင်ပြေ ပါ့မလား။ ပြင်သစ်တို့ဆီကလို ရှေ့နည်းတူ သဝဏ်လွှာ ပေးပို့ပြီး အီတလီတို့ဆီကို
မေးမြန်းကြည့် တယ်။ အီတလီက ကူညီပါ့မယ်။ ဒါပေမဲ့ ငှားရမ်း ခကတော့ ဖရန့်ငွေ (၂ဝဝဝဝ)ပေးရမယ်လို့
မော် ရိုကို ဘုရင်ထံ အီတလီတို့က အကြောင်းပြန်လာ တယ်။ ဘာမှ မထူးခြားနား။ ပြင်သစ်တို့
တောင်း ခံတာထက် အနည်းငယ် သက်သာတာက လွဲလို့ ကုန်ကျစရိတ်က အဆင်မပြေဘူး။ ဒါနဲ့ပဲ ဘုရင်
ကြီးက ဝန်ကြီးတွေကို ခေါ်ပြီး အခကြေးငွေ သက်သက်
သာသာနှင့် ကွပ်မျက်နိုင်မယ့် နည်း လမ်းကို စဉ်းစားစေတော့တယ်။ ဘုရင်ကြီးက အကြံရသွားတယ်။
သူ့အကြံကတော့
''မှူးမတ်ဝန်ကြီးတို့ရဲ့ စစ်သည်တော်တွေထဲမှာများ၊ ဒီရာဇဝတ်သားကို
ကွပ်မျက်ပေးနိုင်မ လား။ ရာဇဝတ်ကောင်ရဲ့ လည်ပင်းကို တစ်ချက် တည်း ဓားနှင့် ပိုင်းဖြတ်ပေးမယ့်သူ
မရှိဘူးလား။ သူတို့ကို အဲလို သတ်ဖြတ်ဖို့ လေ့ကျင့်ပေးထား တာလေ''ဘုရင်ကြီး ရဲ့ အကြံအတိုင်း
မှူးမတ်ဝန် ကြီးတွေဟာ သူတို့ရဲ့ စစ်သည်တွေအားလုံးကို စု စည်းပြီး ရာဇဝတ်သားကို ခေါင်းဖြတ်ပေးမယ့်သူ
ရှိလားလို့ မေးတာပေါ့။ ဒါပေမယ့် ဘယ်စစ်သည် ကမှ ဒီလို မလုပ်လိုကြဘူး။
.
''ကျွန်တော်မျိုးတို့တတွေက စစ်မြေပြင်ပေါ် မှာရှိတဲ့ ရန်သူတွေကိုပဲ
လက်နက်ချင်း လက်နက် အပြန်အလှန် ရွပ်ရွပ်ချွံချွံ ခုတ်ထစ် သတ်ဖြတ်ကြ တာပါ။ ဒီလိုမျိုး
လက်နက်မဲ့ လူတစ်ယောက်၊ ကိုယ့်ကို မခုခံတဲ့ လူတစ်ယောက်ကို သွေးအေး အေးနဲ့ ခုတ်ထစ် သတ်ဖြတ်ပေးဖို့ဆိုတာ
ဘယ်လို မှ မဖြစ်နိုင်ပါဘူး ခင်ဗျား''
.
စစ်သည်တော်တွေ အားလုံးက တညီတ ညွတ်တည်း မလုပ်နိုင်ရခြင်း သူတို့သဘောထား
ကို အမတ်ကြီးကို ပြောကြတာပေါ့။ ဟုတ်ပေသ ပေါ့။ မှူးမတ်ကြီးကလည်း သူ့စစ်သည်တွေ ပြော စကားကို
မုတ်ဆိတ်မွှေး တဆွဲဆွဲ၊ ခေါင်းတညိတ် ညိတ်နှင့် လက်ခံတယ်။ ဒါကို ဘုရင်ထံ ပြန် လျှောက်တင်တော့
ဘုရင်ကြီးခမျာ ခေါင်းရှုပ်သွား ရှာတယ်။ မရဘူး။ မှူးမတ် ဝန်ကြီးတွေအားလုံး ဆင့်ခေါ်၊ သည်ကိစ္စကို
အချေအတင် ဆွေးနွေး ခိုင်းပြန်တယ်။ အဖြေရှာမရတဲ့အဆုံး သည်ရာဇ ဝတ်သားကို သေဒဏ်ကနေ ထောင်ဒဏ်
တစ် သက် ပြစ်ဒဏ်ပေးဖို့ ဆွေးနွေးပြီး ဘုရင်ကို လျှောက်တင်တယ်။ သေဒဏ်ပေးဖို့လည်း ကုန်
ကျစရိတ် အကျပ်အတည်းကြောင့် ရာဇဝတ်သား ကို ဒေသမှ ထောင်ဒဏ် တစ်သက် လွတ်ရက်မ ရှိ ပြစ်ဒဏ်ချမှတ်ဖို့
ဘုရင်က အမိန့်ချလိုက်တယ်။
.
သေဒဏ်ကနေ ထောင်ဒဏ်တစ်သက် လျှော့ လျှော့ပေါ့ပေါ့ သက်သက်ညှာညှာ ချမှတ်တာကို
တိုင်းသူပြည်သားတွေနှင့် တိုင်းတစ်ပါးသားတွေရဲ့ အမြင်မှာ သနားညှာတာ မေတ္တာစိတ်ကြီးသော
ဘုရင်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဘုရင် ကြီး ခမျာမှာတော့ ကိုယ့်ဝမ်းနာ ကိုယ်သာသိလေ
ဗျာ။ ဈေးသက်သာရာ နည်းလမ်းကို ရှာရတော့ တာပေါ့။ ဒါနဲ့ ပြဿနာက ချုပ်ငြိမ်းသွားပြီလား။
မပြီးသေးဘူးဗျ။ မပြီးသေးဘူး ။ ဘာဖြစ်လာတုန်း ဆိုတော့ သူတို့ မော်ရိုကို နိုင်ငံမှာ
အဲဒီလို ပုဒ်မ ကြီး အကျဉ်းသား ထားစရာ နေရာမရှိသေးဘူး။
.
အသေးစား ပြစ်မှု ကျူးလွန်သူတွေကို ယာ ယီချုပ်နှောင်ထားတတ်တဲ့ အချုပ်ခန်းသေးသေး
လေးပဲ ရှိတာလေ။ အဲသည်တော့ အခု ရာဇဝတ် ကောင် အကျဉ်းသားကို ထားဖို့ နေရာတစ်ခု ရှာ ဖွေ
ပြင်ဆင်ရတော့တာပေါ့။ ပြီးတာနဲ့ အဲဒီအထဲ မှာ ရာဇဝတ်သားကို ထည့်ပြီး သူ့ကို စောင့်ကြပ်
ဖို့ အစောင့်ကြပ်တစ်ယောက် ထားရတယ်။ အဲဒီ အစောင့်ကြပ်က ရာဇဝတ်သားကို စောင့်ကြပ်ရရုံ
မက စားချိန်တန်တိုင်း အချိန်တန်ရင် နန်းတော် စားဖိုဆောင်က အစားအသောက်တွေပါ ယူငင် ကျွေးမွေးရတဲ့
တာဝန်ပါ ယူထားရတယ်။
.
ရာဇဝတ်သားကလည်း အချုပ်ခန်းထဲမှာ တစ်လ နှစ်လနှင့်တိုင် ရှိလာတော့
ဘုရင်က သူ့ နိုင်ငံရဲ့ ဝင်ငွေ၊ ထွက်ငွေကို
တွက်ချက်ကြည့် လိုက်တဲ့အခါမှာ အရင်က မရှိခဲ့ဖူးတဲ့ အသုံးစရိတ် တစ်ခုကို တွေ့လိုက်ရတော့တယ်။
အဲဒါဟာ ဘာ လဲဆိုတော့ အကျဉ်းသားကို ထိန်းသိမ်းစောင့်ကြပ် ခ၊ အကျဉ်းသားရဲ့ စားသောက်စရိတ်
ဒါတွေက ကျသင့်ငွေ မနည်းလှဘူး။ တစ်နှစ်လုံး ချုပ်ကြည့် လိုက်တော့ သူ့အတွက် ဖရန့် (၆ဝဝ)ကြီးများ
တောင် ကုန်ကျနေပြီကော။
.
အဆိုးဆုံး တစ်ခုအနေနဲ့ ဘုရင်က မျှော်မြင် တွေးကြည့်တာက အခု အကျဉ်းသားဟာ
ကျန်း မာကြံ့ခိုင်တဲ့ လူငယ်တစ်ယောက်လည်း ဖြစ်နေ လေတော့ နောင်အနှစ် (၅ဝ)လောက်ထိ ကျန်း
ကျန်းမာမာ အသက်ရှင်နေထိုင်နိုင်မယ့် အလား အလာလည်း တွေ့နေရတယ်။ (၆ဝဝ ထ ၅ဝ) ဆိုတာကြီး
တွက်ဆကြည့်လိုက်တော့ ဘုရင်ခေါင်း မီးတောက်သွားတယ်။
.
''မောင်မင်းတို့ ဒီရာဇဝတ်သားကို ဒီထက် သက်သာတဲ့ နည်းလမ်းလေးများ
မရှိကြတော့ဘူး လား။ သူ့တစ်ယောက် ကုန်ကျစရိတ်က များ သထက်များလာမှာ''
.
မှူးချုပ်မတ်ချုပ်၊ ဝန်ကြီးချုပ်တွေကို အစည်း အဝေးခေါ်ပြီး သည်ကိစ္စကို
ဘုရင်က ဆွေးနွေး ခိုင်းပြန်ရော။
.
''လူကြီးမင်းတို့ သူ့ကိုစောင့်ကြပ်နေတဲ့ အ ချုပ်သားကို ဖြုတ်ပစ်ရမယ်
ထင်တယ်'' အမတ် တစ်ယောက်ကထပြီး အဲသည်လို တင်ပြတဲ့အခါ မှာတော့
.
''ဟာ ဘယ်ဖြစ်ပါ့မလဲ ထောင်သားက ထွက် ပြေးမှာပေါ့''
.
ဒုတိယအမတ်တစ်ယောက်က ထပြီး ကန့် ကွက်တော့တာပေါ့။ ''ဟ ပြေးပလေ့စေ
ပြေး တော့ ကိစ္စရှင်းသွားတာပေါ့'' ဒုတိယအမတ် ပြော စကားကို ပထမအမတ်က ပြန်ချေပလိုက်တယ်။
ဘာပဲဖြစ်ဖြစ် အစောင့်အကြပ် မထားရေးကို မဲ ခွဲသဘောတူညီ အတည်ပြုပြီး ဘုရင်ကို တင်ပြ တော့
ဘုရင်က လက်ခံတာပေါ့။ ဒါနဲ့ အစောင့် မထားတော့ဘဲ ရှေ့ဖြစ်လာမယ့် အခြေအနေကို စောင့်ကြည့်နေလိုက်ကြတာပေါ့ဗျာ။
စောင့်ကြည့် ရင်း ဖြစ်လာရတဲ့ အခြေအနေကတော့
.
အကျဉ်းသားက စားသောက်ချိန်ရောက်ရင် သူ့အချုပ်ခန်းထဲက ထွက်လာပြီး
အစောင့်ကို ရှာ တယ်။ အစောင့်မတွေ့တော့ သူ့ဘာသာသူ နန်း တော်ထဲက စားဖိုဆောင်ကို သွားပြီး
အစားအ သောက်တွေယူ၊ နောက် သူ့ဘာသာသူ အချုပ် ထဲဝင်၊ အချုပ်တံခါးကို ပြန်ပိတ် စားသောက်ပြီး
အေးအေးဆေးဆေး နေတာပေါ့။ နောက်တစ်နေ့ လည်း သည်ပုံစံအတိုင်းပဲ။ စားချိန်ရောက်ရင် အ စောင့်ကို
လိုက်ရှာ၊ မတွေ့ရင် သူ့ဘာသာသူ အ စားအသောက်သွားယူ။ အချုပ်ခန်းထဲ ပြန်ဝင်၊ အချုပ်ခန်း
တံခါးပိတ် စားသောက်ပြီး အိပ်နေတာ ပဲ။ ထွက်ပြေးဖို့ဆိုတာ လုံးဝ စိတ်မကူးတော့တဲ့ ပုံကြီးတဲ့။
ကဲ အဲသည်တော့ ဘာလုပ်ကြမလဲ။ ဘုရင်က စာရင်းချုပ်တော့ အကျဉ်းသား စားစရိတ် က ထောင်းနေပြန်ရော
။ မှူးမတ်တွေ အစည်း အဝေး ပြန်ခေါ်ဆက်ဆွေးနွေး အဖြေရှာခိုင်းတော့ တယ်။
.
''အို ရှုပ်ပါတယ်။ သူ့ကို မထားချင်တော့ဘူး လို့ အပြတ်ပြောလိုက်တော့မယ်ဗျာ
အဲဒါဆိုရင်''
.
ကောင်းပါ့။ သူ့ဘာသာသူ သွားချင်ရာသွား တော့ လွတ်လပ်သွားပြီ။ သူ့အတွက်လည်း
ကျုပ် တို့ တာဝန်ပေါ့။ ဘုရင့်အတွက်လည်း အသုံးစရိတ် လျော့တာပေါ့။ မထားချင်တော့ပါဘူးလို့
အကျဉ်း သားကို ပြောဖို့ရာ တရားရေးဝန်ကြီးကပဲ တာဝန် ယူလိုက်တယ်။
.
''မင်းဘာလို့ ထွက်မပြေးတာလဲ။ မင်းကို ဘယ်သူမှလည်း စောင့်ကြပ်မနေဘူး။
မင်းကြိုက် တဲ့ နေရာကိုသာ သွား၊ ဘုရင်ကလည်း မင်းကို အရေးမထားတော့ဘူး။''
.
တရားရေးဝန်ကြီးက အဲသည်လို အပြတ် ပြောလိုက်တော့ အကျဉ်းသားက ဘာပြန်ပြော
တယ်မှတ်လဲ။ ''ဘုရင်က ကျုပ်ကို အရေးမထား တာက ဟုတ်ပါပြီ။ ကျုပ်ကတော့ ကျုပ်ဘဝကို အရေးထားတယ်။
ကျုပ်မှာ သွားစရာ နေရာမှမရှိ ဘဲ။ ခင်ဗျားတို့ ကျုပ်ကို ထောင်ချလိုက်တဲ့အတွက် ထောင်ထွက်ဆိုပြီး
သိက္ခာကျသွားပြီ။ အလုပ် လုပ် စားလို့လည်း အဆင်ပြေမှာ မဟုတ်တော့ဘူး။ ခင်ဗျားတို့ ကျုပ်ဘဝကို
တော်တော်ဖျက်ဆီးလိုက် ကြတာပဲ။ တကယ့်ကို မတရားတာ ကျုပ်ကို သေ ဒဏ်ပေးကတည်းက တစ်ခါတည်း
သတ်ပြစ်သင့် တာ။ ဒါပေမဲ့ ခင်ဗျားတို့ မသတ်ခဲ့ဘူး။ ကျုပ် အ ပြစ်မပြောခဲ့ပါဘူး။ ခင်ဗျားတို့
အလိုကျ ဆောင် ရွက်တာ လက်ခံလိုက်တယ်။ ကျုပ်ကို ထောင်ချ ပြီး အစားအသောက်ယူပေးဖို့ အစောင့်တစ်ယောက်
ချထားပေးတယ်။ အစောင့်ကို ရုပ်သိမ်းသွားတော့ လည်း ကျုပ်အပြစ်မပြောဘူး။ ကိုယ့်ဘာသာကိုယ်
အစားအသောက် သွားယူခဲ့တယ်။ ဟော အခု တော့ ခင်ဗျားတို့က ကျုပ်ကို ဒီနေရာမှာ မနေစေ ချင်ပြန်ဘူး။
ဒီတစ်ခါတော့ ကျုပ်သည်းမခံနိုင်တော့ ဘူး။ ခင်ဗျားတို့ ကြိုက်တာလုပ်၊ ကျုပ်ဒီနေရာက မသွားဘူး''
.
ထောင်သားက အဲသည်လို ပြောလိုက်တော့ ဝန်ကြီးကိုယ်တိုင် ထူပူအကျပ်ရိုက်သွားတယ်။ ဒါ နဲ့ ပြန်အစည်းအဝေးခေါ် ဆွေးနွေးလိုက်ကြပြန် ရော။
ထောင်သားကလည်း ထွက်မပြေးဘူး။ ထွက်မသွားနိုင်ဘူးလို့ပဲ တင်းခံနေတော့ ဘာလုပ် ကြမလဲ။ သူတို့
အဲဒီအချက်အလက်ကို အပြန် အလှန် သုံးသပ်ပြီး အဖြေရှာကြတယ်။ ထောင်သားကို ပင်စင်ပေးလိုက်မယ်ပေါ့။
အဲဒီ နောက်ဆုံး ဆုံးဖြတ်ချက်ကို ဘုရင်ဆီ လျှောက်ထားလိုက်ကြ တယ်။
.
''ကျွန်တော်မျိုးတို့ တခြားမတတ်နိုင်တော့ပါ ဘူး။ သူ့ကို ဒီတစ်နည်းနဲ့ပဲ
ရှင်းထုတ်ဖို့ ဒါနဲ့ ဘု ရင်က တစ်နှစ်ကို ဖရန့်ငွေ (၃ဝဝ)ပင်စင်လစာ ပေးပါ့မယ်။ ဆိုတဲ့
ကတိနဲ့ ထောင်သားကို လွှတ် ပေးလိုက်ရတယ်။ ထောင်သားကလည်း သူ့ပင် စင်ကြေးထဲက သုံးပုံတစ်ပုံဖြစ်တဲ့
ဖရန့် (၁ဝဝ)ကို လက်ငင်း လက်ခံရယူပြီး ဘုရင့်ပိုင်နက်ထဲက ထွက်ခွာသွားတယ်။ တရားခံတစ်ယောက်ရဲ့
ကုန် ကျစရိတ် ဆိုတာကို ကမ္ဘာကျော် ရုရှားစာရေး ဆရာကြီး လီယိုတော်စတွိုင်းက ရေးသားထားဖူး
ပါတယ်။ မူရင်းကိုတော့ ဆရာဦးမိုးမြင့် (ြ.ှ.ဃ)ဘာသာပြန် ထားတာကို ဖတ်ရှုမိဖူးပါတယ်ခင်ဗျ။
.
သည်ဝတ္ထုလေး ပမာအကြောင်းအရာတိုင်း ပဲ ကျုပ်တို့မြို့က ရဲစခန်း အချုပ်ခန်းက
မူးယစ် သုံးစွဲသူတွေ အားလုံးကိုသာ ထည့်မယ်ဆိုရင် အင် မတန် ကျဉ်းနေပါသေးတယ်။ သူတို့ကို
ဖမ်းဆီး လိုက်လို့ အချုပ်ခန်းထဲက သူတို့စားစရိတ်တွေ အလွန်ပဲ ကြီးလေးတဲ့ တာဝန်ကြီးတစ်ရပ်လိုကို
ဖြစ်နေတာ။ တကယ်တော့ ကျွန်တော်က မူးယစ် သုံးစွဲသူတိုင်း ကို ဖမ်းဆီးစေချင်တဲ့ ဆန္ဒအရင်းခံ
မဟုတ်ပါဘူး။ သူတို့ ဘဝတွေကို စာနာတတ်ရင် သိပ်သနားဖို့ကောင်းပါတယ်။ သူတို့ကို ဆုံးသ
ထက် နစ်သထက် နစ်အောင် နောက်ကွယ်က ဖြန့်ဖြူးသူတွေကိုသာ ထိရောက်စွာ ကိုင်တွယ်ဖို့ လိုအပ်တာလို့
ဆိုချင်ပါတယ်။
.
အမည်းစွန်းထင်း ခံခဲ့ရတဲ့ သေမထူးနေမထူး ဘဝတွေကို ငြိမ်းအေးချမ်းသာရာ
ပင်စင်အဖြစ် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ မွမ်းမံပြုပြင်ရေး နေရာတွေ ဟာ တကယ်လိုအပ်နေတာပါ။
အချုပ်ခန်း အတွင်းကို ရောက်မယ့် မူးယစ်သုံးစွဲသူတွေရဲ့ စား စရိတ်ကတော့ ငယ်ထိပ်ဆောင့်ဦးမည်ပ။
သည် အတိုင်းသာ လွှတ်ထားလိုက်ကြပါတော့ဗျာ။
.
.
.
#KBZTai #Shan