စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့တွင် လမ်းမများပေါ်၌
စည်းကမ်းမဲ့ နွားလွှတ် ကျောင်းမှုများအား ဖမ်းဆီးထိန်းသိမ်း ၍ နွားပိုင်ရှင်များအား ဒဏ်ရိုက်အရေး
ယူသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
ယင်းကဲ့သို့ ဒဏ်ရိုက်ခြင်း မပြုလုပ်မီ ပညာပေးကာလအနေဖြင့် စက်တင်
ဘာလ ၁၁ ရက်မှ ၂ဝ ရက်အထိ ၁ဝ ကြာ ပညာပေးကာလ သတ်မှတ်ထား ပြီး စက်တင်ဘာလ ၂၁ ရက်မှစ၍ ဖမ်းဆီးထိန်းသိမ်း
အရေးယူခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်သည်။
''မြို့ထဲမှာ နွားတွေလျှောက်သွားနေတယ်။ အခုလောလောဆယ်တော့ ပညာပေးကာလ
အနေနဲ့ ၁ဝ ရက် သတ်မှတ်ထားတယ်။ ၂၁ ရက်က စ ပြီး စည်းကမ်းမဲ့ လွှတ်ထားတဲ့ နွားတွေ ကို ဖမ်းဆီးထိန်းသိမ်းသွားမယ်။
ဥပဒေ အရ တစ်ကောင်ကို ၅ဝဝဝဝ နှုန်း ဒဏ်ရိုက်မယ်။ စည်းကမ်းမဲ့ နွားတွေ ထိန်းသိမ်းတဲ့ အချိန်ကျရင်
ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက တဆင့် ဘယ် သူ့နွားတွေလည်း ဆိုတာ အသိပေး သွားမှာပါ''ဟု
ညောင်ရွှေမြို့နယ် စည် ပင်သာယာရေးဌာနမှ အမှုဆောင်အ ရာရှိ ဦးအောင်ဖေက ပြောသည်။
.
စည်းကမ်းမဲ့ လွှတ်ထားသော နွား များကို စည်ပင်သာယာရေးဌာနမှ ပ ညာပေးကာလ
ကုန်ဆုံးပါက စည်ပင် သာယာရေးဌာနရုံးတွင် ၁ဝ ရက်ကြာ ထိန်းသိမ်းထားပြီး နွားတစ်ကောင် လျှင်
၅ဝဝဝဝ ကျပ်နှုန်း ဒဏ်ရိုက်မည် ဖြစ်ကြောင်းနှင့် ထိန်းသိမ်းထားစဉ် ကာလအတွင်း တစ်ရက်လျှင်
အစာ ကျွေးမွေးခ ၅ဝဝဝ ကျပ်နှုန်း နွားပိုင် ရှင်များထံမှ ကောက်ယူသွားမည်ဖြစ် ကြောင်းသိရသည်။
.
ယင်းကဲ့သို့ စည်ပင်သာယာရေး ဌာနမှ စည်းကမ်းမဲ့ နွားများအား ၁ဝ ရက်ကြာသည်အထိ
နွားပိုင်ရှင်များမှ လာရောက်ရွေးယူခြင်း မရှိလျှင် နွား များကို လေလံတင် ရောင်းချသွားမည်
ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan