မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ လွိုင်မြေရပ်ကွက်ရှိ
သဘာဝဘေးဒဏ် ကာကွယ်ရေး ရေကန်အား တစ်ဦးပိုင်အဖြစ် ရယူလိုခြင်း အငြင်းပွား နေမှုကို မြို့နယ်စီမံခန့်ခွဲမှု
ကော်မ တီအနေဖြင့် လွိုင်လင်ခရိုင် တရားရုံးမှ မိုးနဲမြို့နေ လူထုအများ ပိုင်အဖြစ် အပြီးသတ်
အမိန့်ချမှတ် ထားပြီးဖြစ်သည့်အတွက် အများ ပြည်သူပိုင်မြေအဖြစ် ရေကန်အား ဆယ်ယူခြင်း၊
ရေသန့်သွင်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း
ရေကန် ပြန်လည်ပြုပြင်ထိန်းခြင်း အကောင်အထည် ဖော်ဆောင်ရေး ကော်မတီ၏ နာယကဖြစ်သူ
မိုးနဲ မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦး စိုင်းမွန်းလိန်ထံက
သိရသည်။
.
.
တရားဝင်စာထုတ်ပြီး တရားရုံးအမိန့်အတိုင်း
အများပြည်သူပိုင် အဖြစ်သတ်မှတ်ပေးခဲ့တာကို လူထုအနေနဲ့ ရေကန်ကို ပြန်ဆယ် နေပါတယ်။ ရေကန်က
အနံ့အ သက်တွေ မကောင်းတော့ ရေကြော လိုက်နေတဲ့ အနီးဝန်းကျင်က ရေတွင်း တွေမှာပါ ရေညစ်ပြီး
အနံ့တွေမကောင်းလို့ သုံးမရတာကို တစ်ပါ တည်း ပြင်ပြီးသား ဖြစ်သွားမှာဖြစ် သလို မီးဘေးဖြစ်ခဲ့ရင်လည်း
အ ရင်က အားကိုးအားထားရေကန်အ ဖြစ် မီးငြှိမ်းသတ်နိုင်ဖို့နဲ့ ရေကန် ဘောင်တွေ ပြန်လည်ဆည်
တင် မွန်းမံပြင်ဆင်ဖို့ စတင် လုပ်ဆောင် နေပါတယ်''ဟု ဦးစိုင်းမွန်းလိန်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ လွိုင်မြေရပ်ကွက်၊ ပြည်ထောင်စု
ကားလမ်းဘေးရှိ အကွက်အမှတ် (၂)၊ ဦးပိုင်အမှတ် (၂၆)၊ မြေဧရိယာ ဝ ဒသမ ၂၂၉ ဧကသည် ၁၉၇၇
ခုနှစ် အစောပိုင်းကာလကတည်းက အများပြည်သူလူထုပိုင် ရေကန် အဖြစ် အသုံးပြုခဲ့ပြီး ယခုအခါ
မြေကွက်လပ်အဖြစ်သာ တည်ရှိနေ သောကြောင့် အများပြည်သူ လူထု ပိုင်မြေအဖြစ် သဘာဝ ဘေးဒဏ်
ကာကွယ်ရေး ရေကန်အဖြစ် ဆက် လက်အသုံးပြုသွားကြရန် လူထု မှစုပေါင်းအကောင်အထည်ဖော် နေ ကြခြင်း
ဖြစ်ကြောင်း ¤င်းမှ ဆက် လက် ပြောကြားခဲ့သည်။
.
အဆိုပါ ရေကန်ပြုပြင်ထိန်းသိမ်း ခြင်းအကောင်အထည် ဖော်ဆောင် ရေးကော်မတီ၏ ဥက္ကဌ ဖြစ်သူ
နမ့်ခုံးရှမ်းများ ပရဟိတ အသင်းဥက္ကဌ ဦးစိုင်းထွန်းလှက ¤င်းအနေဖြင့် အဆိုပါ ရေကန်အား စတင်ရေသွင်း ခဲ့သည့် လွန်ခဲ့သည့်
နှစ်ပေါင်း ၃ဝ ကျော်ကပင် ပါဝင်သိရှိခဲ့သူဖြစ်သည့် အပြင် နောင်ခမ်းရွာ တစ်ရွာလုံးမီး လောင်စဉ်က အဆိုပါရေကို အသုံး ပြု၍ မီးငြှိမ်းသတ်ခဲ့ရကြောင်း
သို့ အတွက် အများပိုင်ရေကန် အဖြစ် လူထု အကျိုးစီးပွားကိုသာ ဖော် ဆောင်နိုင်ရေး လုပ်ဆောင်သွား
မည်ဖြစ်သည်ဟု ပြောကြားသည်။
.
အလားတူပင် မိုးနဲမြို့နယ်စည် ပင်သာယာရေး ကော်မတီဥက္ကဌ ဦးစိုင်းလှအေးမှလည်း
ခရိုင်စီမံခန့်ခွဲရေးကော်မတီ၏ အကြောင်း ကြားစာအရ အများပြည်သူလူထု အကျိုးစီးပွားကိုသာ
ဦးတည်လုပ် ဆောင်ရန်ရှိသဖြင့် လည်းကောင်း၊ အမှန်တကယ် ပတ်ဝန်းကျင်လူထု ၏ အကျိုးကို ဖော်ဆောင်နိုင်သည့်
ရေကန်ဆယ်ယူခြင်းဖြင့် ရေသွင်း မြောင်းများမှရေသန့် ရေကောင်း များ စီးဝင်စေခြင်း၊ ရေကန်နှင့်
ဆက် နွယ်နေသော ရေထွက်ပေါက်များမှ အနီးဝန်းကျင်ရှိ ရေတွင်းများသို့ ရေ ကောင်းများ ပံ့ပိုးရောက်ရှိစေခြင်း၊
မီးဘေးတားဆီး ကာကွယ်ရေး ရေကန် အဖြစ် ထိန်းသိမ်းလုပ်ဆောင်သွား နိုင်ကြရန် ပထမအဆင့်အဖြစ်
ရေ ကန်ဆယ်ယူခြင်း လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။
.
အဆိုပါ ရေကန်နှင့်ပတ်သက်၍ လွိုင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်နိုင်က
အများ ပြည်သူပိုင်ရေကန်အဖြစ် ရှင်းလင်းတင် ပြပြီးဖြစ်ကြောင်း၊ သို့သော် ရေကန် ပြုပြင်
ထိန်းသိမ်းသည့်ကိစ္စကိုမူအ ဆောတလျင် မပြုလုပ်သင့် ကြောင်း၊ မြေယာပိုင်ဆိုင်ရေးကိစ္စဖြင့်
အငြင်းပွားသည့် တစ်ဘက် ပုဂ္ဂိုလ်များမှ အထက်ဌာနသို့ ဆက်လက် တင်ပြ ကန့်ကွက်ရန် စီစဉ်ဆောင်ရွက်နေသဖြင့်
အထက်ဌာနဆုံးဖြတ် ချက်ပြောင်းလဲသွားပါက ယခုပြင်ဆင်မှုသည် အချည်းနှီးဖြစ်သွားနိုင်ကြောင်း၊
၎င်းအနေဖြင့်မူ ရေကန် ၏ရာဇဝင်ကို သေချာစွာ မပြောနိုင် ကြောင်း ပြောကြားခဲ့သည်။
.
အများပြည်သူ ဆုံးဖြတ်ချက်အ ရ ရေကန်ကို ပြန်လည်ပြုပြင်ထိန်း သိမ်းရန်၊
ရေကန်ကို ပြန်လည်တူး ဖော်၍ ကျောက်စီပြီး ရေကန်အောက် ခြေကို ကွန်ကရစ် မခင်းဘဲ မြေ သား
အဖြစ်သာ ထားရှိခြင်းဖြင့် နွေ ရာသီတွင် ရေကန် အနီးတစ်ဝိုက် ရှိ အိမ်များမှ ရေတွင်းများ
ရေခမ်း ခြောက်ခြင်းမှ ကာကွယ်ရန်၊ ကန် ဘောင်ပတ်လည်ကိုသာ ကွန်က ရစ်ခင်းရန်၊ ရေကန်တူးဖော်
တည် ဆောက်ခြင်း ပြုပြင်ပြီးပါက နတ်ရေ ကန်မှ ရေကိုပိုက်ဖြင့် သွယ်ယူပြီး ရေဖြည့်ရန်၊
ရေကန် ပြုပြင်ပြီးပါ က အများပြည်သူ ရေအသုံးပြု နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးရန်၊
အများပြည်သူ အသုံးပြုရန် အတွက် နှစ်ထပ်ဆောင် အဆောက် အဦကို ရေကန်ပေါ်တွင် တည် ဆောက်သွားရန်တို့ကို
စက်တင် ဘာလ ၁၄ ရက်က ပြုလုပ်သည့် လူထုအစည်းအဝေးမှ သဘောတူ ဆုံးဖြတ် ချမှတ်ခဲ့ကြကြောင်းနှင့်
အဆိုပါ အစည်းအဝေးမှတ်တမ်း ကို ရှမ်းပြည်နယ်လွှတ်တော်၊ ရှမ်း ပြည်နယ်အစိုးရ၊ ခရိုင်နှင့်မြို့နယ်စီမံ
ခန့်ခွဲရေးကော်မတီများသို့ ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။
.
မိုးနဲမြို့နယ်လယ်ယာမြေ စီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏
တိုင်းတာချက်အရ အဆိုပါရေကန်မှာ အလျား ၁၂၄ ပေ၊ အနံ ၆၈ ပေ ရှိကြောင်းသိရသည်။
.
.
.
#KBZTai #Shan