ဖြစ်သင့် ဖြစ်ထိုက်သည့် အခြေအနေကို မီးမောင်းထိုးပြသည့် သဘောထားကြေညာချက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖြစ်သင့် ဖြစ်ထိုက်သည့် အခြေအနေကို မီးမောင်းထိုးပြသည့် သဘောထားကြေညာချက်


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်စည်းလုံးညီညွတ်ရေး ပြဿနာနှင့် ပတ်သက်သည့် သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို စက်တင်ဘာလ ၁၄ ရက်က ကျောက်မဲမြို့၊ ရှမ်းသံဃာ့ အဖွဲ့အစည်းနှင့် ရှမ်းပြည်လူထု အပါအဝင် နိုင် ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များမှ စုပေါင်း၍ ထုတ်ပြန်ကြေညာခဲ့ပါသည်။
.
ယင်းသဘောထား ကြေညာချက်အား အနှစ်ချုပ် သုံးသပ်ကြည့်မည်ဆိုပါက ရှမ်းပြည်တပ်မတော် အချင်းချင်း တိုက်ခိုက်မှုအပေါ် ဆန့်ကျင်ရှုတ်ချကြောင်း၊ ရှမ်းပြည်တပ်မတော်(ှဗ) ၂ တပ် အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် နှစ်ဘက်ခေါင်းဆောင်များ အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးကြစေလိုကြောင်း၊ သံ ဃာ့အဖွဲ့အစည်းနှင့် ပြည်သူလူထုတို့၏ ဆန္ဒသဘောထားကို လျစ်လျူရှုကာ ရှမ်းတပ်မတော် အချင်းချင်း ပစ်ခတ်တိုက်ခိုက်မည် ဆိုပါက သပိတ်မှောက် ဆန္ဒပြသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရ ပါသည်။
.
ရှမ်းပြည်နယ်တွင်း ရှမ်းတိုင်းရင်းသားနိုင်ငံရေးပါတီ ၂ ခု ရှိနေသည်။ ထို့အတူ အဓိက အင်အားကြီး ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၂ ခု တည်ရှိနေပြန်သည်။ ထို့အတူ အခြားသော တိုင်း ရင်းသားမျိုးနွယ်စုတူ၊ ပါတီကွဲ၊ အဖွဲ့အစည်းကွဲ များစွာ ရှိနေပြန်သေးသည်။
.
နိုင်ငံရေးအရ အမြင်မတူညီမှုများကြောင့် အဖွဲ့အစည်းများ ကွဲပြားနေခြင်းမှာ အမှန်တကယ်တမ်းအားဖြင့် အပြစ်တစ်ခုတော့ မဟုတ်သေးချေ။ ယင်းအမြင်မတူညီသော အဖွဲ့အစည်းများ၏ စုပေါင်းအားဖြင့် နိုင်ငံ တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားနိုင်လျှင်ဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ခရီးကို အမြန်ဆုံးရောက်ရှိနိုင်မည် ဖြစ်ပါသည်။
.
သို့သော် ယခုမြန်မာနိုင်ငံအတွင်း ကွဲပြားခြားနားနေသည့် အဖွဲ့အစည်းများမှာမူ ယင်းကဲ့သို့ ပူး ပေါင်းဆောင်ရွက်နိုင်ရေး အလှမ်းဝေးနေဆဲ ဖြစ်သည်။ ငါနှင့်မတူ ငါ့ရန်သူ ဟူသော ကျဉ်းမြောင်းသည့် အမြင်သဘောထားကို ရင်ဝယ်ပိုက်နေကြဆဲ ဖြစ်သည်။ မတူညီသော တိုင်းရင်းသားများအကြား မဆိုထားဘိ ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်း ပစ်ခတ်တိုက်ခိုက်နေကြသည်။
.
မည်သည့်အဖွဲ့အစည်းများအကြား မည်သို့ပင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်စေ ထိခိုက်နစ်နာကြရသူများမှာ ယင်းဒေသမှ ဒေသခံပြည်သူများ ဖြစ်သည်။ နှစ်ဘက် ပစ်ခတ်တိုက်ခိုက်ကြသည့် တပ်သားများ ဖြစ်သည်။ အားလုံးမှာ မြန်မာနိုင်ငံသားများ၊ မိမိတိုင်းရင်းသား လူမျိုးများသာ ဖြစ်ကြသည်။
.
နိုင်ငံရေးအရ အမြင်မတူညီမှုများကို နိုင်ငံရေးနည်းအရ စားပွဲဝိုင်းပေါ်တွင် ဖြေရှင်းနိုင်သော ခေတ်သစ်နိုင်ငံရေး ယဉ်ကျေးမှု တစ်ရပ်ကို တည်ဆောက်ရန် လိုအပ်နေပြီ ဖြစ်ပါသည်။ လူသားအချင်းချင်း၊ မိမိတို့ တိုင်းရင်းသား လူမျိုးအချင်းချင်း ပစ်ခတ်တိုက်ခိုက်နေမှုများသည် မည်သူ တစ်ဦးတစ်ယောက်မျှ အကျိုးမဖြစ်ထွန်းနိုင်သည်ကိုလည်း အားလုံးသိရှိထားပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ကျောက်မဲမြို့မှ ရှမ်းသံဃာ့အဖွဲ့အစည်းနှင့် ပြည်သူလူထု၏ သဘောထား ထုတ်ပြန်ချက်သည် ဖြစ်သင့် ဖြစ်ထိုက်သည့် အခြေအနေကို မီးမောင်းထိုးပြသည့် အထူးလိုက်နာရန် လိုအပ်သော သဘောထားထုတ်ပြန်ချက်ဟု သတ် မှတ်ကြရမည်သာ ဖြစ်ပါသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats