စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး
ပထမနေ့ကို တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ရှမ်းပြည်နယ်လွှတ်တော် အဆောက်အအုံတွင် ယနေ့
စက်တင်ဘာလ ၁၇ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
.
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး
ပထမနေ့သို့ တက်ရောက်ခွင့်ရှိသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၄၃ ဦးရှိသည့်အနက် အစည်းအဝေးကို
၁၂၅ ဦး တက်ရောက်ကာ ခွင့်ပန်ကြားသူ ၁၈ ဦး ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၈၇ ဒသမ ၄၁
ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး
ပထနေ့၌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၁ ဦးမှ ကြယ်ပွင့်ပြမေးခွန်း ၁၁ ခုနှင့် အဆို
၁ ခုအား မေးမြန်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်ဒေသန္တရစီမံကိန်း ဥပဒေကြမ်းနှင့်
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ
ဥပဒေကြမ်း တို့အား ရှမ်းပြည်နယ် လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်သည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို
၇ ရက်ကြာအထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan