ပင်းတယမြို့နယ်တွင် မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနေအိမ်အချို့ ပျက်စီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်းတယမြို့နယ်တွင် မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနေအိမ်အချို့ ပျက်စီး

မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း ၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ တမဲကျေးရွာအုပ်စု၊ နန်းပလန်ကျေးရွာ၌ စက်တင်ဘာလ ၂၃ ရက်၊ မွန်းလွဲ ၁ နာရီမှ ၄ နာရီအတွင်း မိုးသက်လေပြင်းကျရောက်တိုက်ခတ်မှုကြောင့် နေအိမ်အချို့ ၏အမိုးများနှင့် ဘုန်းကြီးတော်ကြီးကျာင်း၌ အသုံပြုလျက်ရှိသော ဆိုလာပြားများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
.
.
မိုးသက်လေပြင်း ကျရောက်မှုကြောင့် တမဲကျးရွာအုပ်စု၊ နန်းလန်ကျေးရွာရှိ လူနေအိမ် ၉ လုံးမှ သွပ်ချပ်ရေ ၃၄၆ ချပ်နှင့် ဘုန်းတော်ကြီးကျောင်းတွင် အသုံးပြုလျက်ရှိသော ၄ ပေ x ၆ ပေ ဆိုလာပြား ၂ ချပ်တို့ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရပြီး ယင်းကျေးရွာသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးနှင့် မြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးနိုင်ဝင်းထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
.
အဆိုပါ မိုးသက်လေပြင်းကျရောက်မှုကြောင့် နန်းပလန်ကျေးရွာမှ ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ် ၄၆ သိန်းကျော် ဖြစ်ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်သေကြေပျက်စီးမှုမရှိကြောင်း သိရှိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats