စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊
သတ္တမနေ့ (နောက်ဆုံးနေ့) ကို ယနေ့ စက်တင်ဘာလ ၂၅ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်လွှတ်တာ်
အဆောက်အအုံတွင် ကျင်းပပြုလုပ်ပြီးစီးခဲ့ကြောင်း သိရသည်။
.
.
အစည်းအဝေး သတ္တမနေ့သို့ တက်ရောက်ခွင့်ရှိသော လွှတ်တော်ကိုယ်စားလှယ်
၁၄၃ ဦး ရှိသည့်အနက် ၁၁၈ ဦး တက်ရောက်ကာ ခွင့်ပန်ကြားသူ ၂၅ ဦးရှိပြီး တက်ရောက်သူ ရာခိုင်နှုန်းအားဖြင့်
၈၂ ဒသမ ၅၂ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး
သတ္တမနေ့၌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၈ ဦးမှ ကြယ်ပွင့်ပြမေးခွန်း ၈ ခုကို မေးမြန်းခဲ့ရာ
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာ ဝန်ကြီးများက ပြန်လည်ဖြေကြားရှင်းလင်းခဲ့ကြောင်း
သိရသည်။
.
ဆက်လက်ပြီး ရှမ်းပြည်နယ်လွှတ်တော် ပညာရေး၊ ကျန်းမာရေးနှင့် အမျိုးသမီး၊
ကလေးဆိုင်ရာ မြှင့်တင်မှုကော်မတီ ၏ အစီရင်ခံစာကို လွှတ်တော်တွင် ဖတ်ကြားတင်ပြခဲ့ကြောင်း
သိရသည်။
.
ထို့နောက် ပြည်နယ်လွှတ်တော် ဥက္ကဌမှ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်
၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များ အပါအဝင် လွှတ်တော်လုပ်ငန်း ဆိုင်ရာများအား
ရှင်းလင်းဖတ်ကြား ခဲ့ကြောင်း သိရသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြာက် ပုံမှန်အစည်းကို ၇ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ရာ
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၃၂ ဦးမှ ကြယ်ပွင့်ပြမေးခွန်း ၇၃ ခုအား မေးမြန်းခဲ့ပြီး
သက်ဆိုင်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့သည်။
.
ထို့အတူ အဆို ၄ ခု တင်သွင်းရာ အဆို ၃ ခုအား အတည်ပြုနိုင်ခဲ့ပြီး
လိုင်စင်မဲ့ယာဉ်များအား အခြားနည်းလမ်း တစ်ရပ်ရပ်ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးရေး ပြည်ထောင်စုအစိုးရသို့
တင်ပြပေးရန် ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်း ကြောင်းအဆိုကို လွှတ်တ်ာတွင် မှတ်တမ်းအဖြစ်
ထားရှိနိုင်ခဲ့ကြောင်း သိရသည်။
.
ဥပဒေပြုရေးအနေဖြင့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက်
ပုံမှန်အစည်းအဝေးတွင် ဥပဒေကြမ်း ၂ ခုနှင့်
ဥပဒေ(မူကြမ်း) ၁ ခု အား အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan