တစ္ပတ္တာကံၾကမၼာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တစ္ပတ္တာကံၾကမၼာ


ဆရာယဉ်မင်းအောင်
.
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်မှ ၁၉ ရက် အထိ
.
တနင်္ဂနွေ
.
နောက်ထပ်ခရီးတစ်ခု ထပ်သွားရမည်။ စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေလိမ့်မည်။ အကြံအစည်ရှုပ်ထွေးနေ လိမ့်မည်။ ခက်ခဲသော အနေအထားတစ်ခုကို ကျော်ဖြတ်ရလိမ့်မည်။ ငွေကြေးအကူအညီရလိမ့်မည်။ မိတ်ဆွေ ကောင်းနဲ့တွေ့မည်။ သားသမီးကိစ္စဆောင်ရွက်ရမည်။ စိတ်မောရလိမ့်မည်။ သူတစ်ပါး ကူညီခံရမည်။ ကုန်သည် များ အရောင်းပြန်ကောင်းလာပြီး အကျိုးအမြတ်ရလိမ့်မည်။ ရွှေဈေး ပြန်အေးလိမ့်မည်။ ဝန်ထမ်းများ နေရာ၊ အပြောင်းအလဲ ပေါ်ပေါက်မည်။ ပွဲစားများ အိမ်ငှားတည့်လိမ့်မည်။ ငယ်သူများ အချစ်ရေးကိစ္စတွင် ချစ်သူပေး သော သတင်းကောင်းကြားသိရမည်။ ကျန်းမာရေးကိစ္စများတွင် နားနာမည်။ ယားယံခြင်း စသည်ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ(၂/၄/၇)ဖြစ်သည်။
ယတြာ။ ဘုရားတွင် ကိတ်မုန့်လှူပါ။
.
တနင်္လာ
.
ဆိုင်ကယ်ဝင်မည်။ အလဲအထပ်လည်း လုပ်ရတတ်သည်။ ကားရှိသူများ ကားအောက်ပိုင်း ပြုပြင်ရမည်။ ထင်ရှားသော သူများနဲ့ တွေ့ဆုံခင်မင်ရလိမ့်မည်။ အနောက်တိုင်း အစားအစာများ စားရကံပေါ်မည်။ ပွဲတစ်ခု ခု သွားလာရမည်။ အလုပ်စီးပွားရေးများ ပြန်ကောင်းမွန်လာမည်။ ငွေအထူးဝင်လာမည်။ ကုန်သည်များမှာ အြေ<ွကးပြန်ကောက်ရလိမ့်မည်။ ဝန်ထမ်းများ တာဝန်ကြောင့်ခရီးထွက်ရမည်။ မြို့ထဲထွက်ရမည်။ ပွဲစားများအ လုပ်ရပ်တန့်နေဦးမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူပေးသော လက်ဆောင်ကောင်းရလိမ့်မည်။ ကျန်းမာ ရေးကိစ္စတွင် ဝမ်းကိုက်မည်။ ခြေလက်ထိခိုက်မှု အသေးစားဖြစ်မည်။ ကံကောင်းစေသော ဂဏန်းများမှာ(ဝ/၃/၉) ဖြစ်သည်။
ယတြာ။ စေတီတွင် ရွှေထီး ၃ လက်လှူပါ။
.
အင်္ဂါ
.
ကားဝင်ခြင်း၊ ကားအလဲအထပ်ပြုခြင်းကြုံမည်။ ကားကြောင့် ငွေဝင်ခြင်းမျိုးလည်း ကြုံတတ်ပါသည်။ မာ လကာသီး မစားရလာဘ်လွဲမည်။ စီးပွားရေးကိစ္စများ တိုးချဲ့ရန် ပေါ်ပေါက်မည်။ အကြံအစည်သစ်များ ဖြစ်ပေါ် မည်။ အဝေးမှ ဧည့်သည်လာမည်။ အလုပ်ရှုပ်ထွေးပြီး ပိနေလိမ့်မည်။ ရွှေမဝယ်သင့်သော ကာလဖြစ်သည်။ ကုန်သည်များမှာ အရောင်းအဝယ်ကိစ္စ ရှုပ်ထွေးနေစေလိမ့်မည်။ ဝန်ထမ်းများ သင်တန်းပေါ်ခြင်း၊ ပညာလေ့လာ ရခြင်းကြုံမည်။ ပွဲစားများ ငွေချေးငှားပေးခြင်းမှ ပွဲခရလိမ့်မည်။ ငယ်သူများအချစ်ရေးတွင် ချစ်သူနဲ့ စားသောက် ဆိုင် အတူသွားရခြင်း၊ ရုပ်ရှင်အတူကြည့်ရခြင်း ကြုံမည်။ ကျန်းမာရေးကိစ္စတွင် ဖျားလိမ့်မည်။ ကံကောင်းစေ သော ဂဏန်းမှာ(၂/၃/၇)ဖြစ်သည်။
ယတြာ။ စေတီမှာ သပြေပန်းလှူပါ။
.
ဗုဒ္ဓဟူး
.
ခိုက်ရန်နည်းနည်းကြုံမည်။ မိသားစုအတွင်း ပျော်ရွှင်ကျေနပ်စရာတော့ ပေါ်ပေါက်လာမည်။ ငွေကြေးအ ထွက်များသည်။ ငွေအရင်းအမြှုပ်နေမည်။ ခရီးဝေးသွားလာရမည်။ ကောင်းသော အကြံÓာဏ်များပေးသူပေါ် လာမည်။ စီးပွားရေးကောင်းလာမည်။ နေအိမ်အတွင်း ပစ္စည်းကောင်းများ ဝင်လာလိမ့်မည်။ ကုန်သည်များ စာရင်းအင်းပျောက်ဆုံးတတ်သောကြောင့် သတိထားပါ။ ဝန်ထမ်းများမှာ ကြီးသူဖိအားနည်းနည်းကြုံပါမည်။ ပွဲစားများ ပွဲခရတော့မည်။ ငယ်ရွယ်သူများမှာ ချစ်သူအတွက် အပူသောကနည်းနည်းတွေ့ပါမည်။ ကျန်းမာရေး ကိစ္စတွင် ကိုယ်လက်ကိုက်ခဲ ညောင်းညာနေမည်။ ကံကောင်းစေသော ဂဏန်းမှာ(၁/၅/၈)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ချိုချဉ်လှူပါ။
.
ကြာသပတေး
.
နေအိမ်ဆောက်လုပ်ခြင်း၊ ပြုပြင်ရခြင်းကြုံမည်။ အိမ်အတွင်း ပရိဘောဂများ အသစ်ဝင်လာကံလည်း ရှိ ပါသည်။ ကွဲကွာနေသော ဆွေမျိုးများ ပြန်လည်ဆုံတွေ့လိမ့်မည်။ ငွေကြေးသိန်းများများ မြတ်စွန်းလိမ့်မည်။ သိမ်းထားသော ပစ္စည်းအချို့ အထားမှားပြီး ပျောက်နေလိမ့်မည်။ နေအိမ် သူခိုးကပ်လိမ့်မည် သတိပြုပါ။ ကုန်သည်များမှာ အရောင်းအဝယ်ကောင်းနေပါမည်။ ပစ္စည်းအသစ်များလည်း တင်ရလိမ့်မည်။ ဝန်ထမ်းများ လုပ်ဖော်ကိုင်ဖက်ခြင်း အငြင်းပွားတတ်ပါသည်။ ပွဲစားများမှာ မြေအရောင်းထွက်လိမ့်မည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူက အခြားတစ်ယောက်နဲ့ ဘာလိုလိုသတင်းထွက်နေလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် မူးဝေခြင်း၊ သွေးပေါင်ကျခြင်း၊ သွေးတက်ခြင်းများဖြစ်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၅/၇)ဖြစ်သည်။
ယတြာ။ စေတီမှာ ဆွမ်းကပ်လှူပါ။
.
သောကြာ
.
ငွေအတော်လေးအထွက်များမည်။ မိတ်ဆွေကောင်းများက ကူညီကြမည်။ မရောက်ဖူးသော နေရာကို သွားရလိမ့်မည်။ တန်ဖိုးကြီးသော ပစ္စည်းများ လက်ဆောင်ရလိမ့်မည်။ သားသမီးအတွက် ပျော်ရွှင်ကျေနပ်ရမည်။ ရွှေများ၊ စက်များလည်း ဝင်လာကံရှိပါသည်။ စီးပွားရေး အဖက်ဖက်မှ ကောင်းလာတော့မည်။ အဝတ်အစား သစ်ဝင်မည်။ ကုန်သည်များမှာ အလုပ်ချဲ့လိမ့်မည်။ ဝန်ထမ်းများ အပြောင်းအလဲကြုံမည်။ အချို့နေရာ ရွှေ့ရ လိမ့်မည်။ ပွဲစားများ အလုပ်နည်းနည်းဖြစ်လိမ့်မည်။ မြေအပေါင်ကိစ္စအောင်မြင်ပါမည်။ ငယ်သူများ အချစ်ရေး တွင် ချစ်သူအသစ်တွေ့မည်။ အချို့အဟောင်း ပြန်ဆုံမည်။ ကျန်းမာရေးကိစ္စများတွင် ဆီးချုပ်မည်။ ဆီးအောင့် မည်။ ဆီးပူမည်။ ကံကောင်းစေသော ဂဏန်းမှာ (၄/၆/၇)ဖြစ်သည်။
ယတြာ။ စေတီတွင် ပန်းအဖြူ ၁ဝ ပွင့်လှူပါ။
.
စနေ
.
ကားအော်ဒါငှားရခြင်း၊ ကားဝယ်ခြင်း၊ ကားပြင်ခြင်းကြုံပါမည်။ ကားအလှဆင်ခြင်း လုပ်ရမည်။ သံဃာ တော်များ ဖူးတွေ့ရခြင်း၊ အလှူသေးလုပ်ရခြင်းကြုံမည်။ သူငယ်ချင်းဟောင်း ပြန်လည်တွေ့လိမ့်မည်။ စီးပွား ရေးအခွင့်အလမ်းသစ်များ ထပ်မံပေါ်ပေါက်လာမည်။ အဝေးမှ မိတ်ဆွေကောင်းတွေ့မည်။ စက်ပစ္စည်းဝင်မည်။ လူလိမ်ခံရကိန်းကြုံမည်။ သတိတော့ထားပါ။ သူတစ်ပါးကိစ္စကြောင့် စိတ်မောလူမော ဝင်ကူညီရမည်။ ကုန် သည်များ အရောင်းသင့်သည်။ ဝန်ထမ်းများ အလုပ်ပိနေမည်။ ပွဲစားများ ဘာမှ မထူးသေးသော ကာလဖြစ် သည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူနဲ့ မခေါ်မပြော စိတ်ကောက်လိမ့်မည်။ အချို့အငြင်းပွားလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် သွားနာမည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၆/၉)ဖြစ်သည်။
ယတြာ။ အိမ်ဘုရားမှာ တိုဟူးကြော်လှူပါ။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats