နောင်(မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက်(၉)၊ နယ်မြေ(၂)၊
ကျောက်မဲ-မိုးကုတ်သွားလမ်းမကြီး အ.ထ.က(၂)ကျောင်းရှေ့လမ်းပေါ်တွင် စက်တင်ဘာ ၃ ရက်၊ နံနက်ပိုင်းက
သွားလာနေသူတစ်ဦးထံမှ မူးယစ် ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်မဲမြို့မ ရဲစခန်းမှ
သိရှိရသည်။
.
.
ကျောက်မဲမြို့မရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များ နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်ချိန်
နံနက်(၁)နာရီခန့် တွင် အ.ထ.က (၂) ကျောင်းရှေ့၌ မသင်္ကာသူတစ်ဦးအား စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများနှင့်အတူ
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
"နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေတဲ့အချိန်မှာ အချိန်မတော်တွေ့လို့
မေးမြန်းရာကနေ မူးယစ်ဆေး တွေဖမ်းမိတာပါ။ ပူးပေါင်းအဖွဲ့နဲ့ပါ" ဟု ဖမ်းဆီးရာတွင်ပါဝင်သည့်
တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
၎င်းဝတ်ဆင်ထားသော အင်္ကျီအိတ်ကပ်အတွင်းမှ ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါအမှုန့်
စုစုပေါင်းအလေးချိန် ၀ ဒသမ ၂ ဂရမ်နှင့် စိတ်ကြ္ဂွရူးသွပ်ဆေး ၁၅၀၀ ပြားအား သိမ်းဆည်းရမိခဲ့ကြောင်း
သိရသည်။
.
"ဒီလိုအချိန်မှာသွားနေမှတော့ လူကောင်းမဖြစ်နိုင်ဘူးပေါ့။ ကြားရတာ
ဒီရက်ပိုင်းမှာ ကျောက်မဲမှာ မူးယစ်ဖမ်း တာကျေနပ်ပါတယ်။ လူတိုင်းက မူးယစ်ဆေးဆိုတာနဲ့
ဘာဖြစ်ဖြစ်ဖမ်းစေချင်တာပါ။ နည်းနည်းများများ အားလုံး ကို ဆက်ဖမ်းပေးပါလို့ တောင်းဆိုချင်ပါတယ်"ဟု ကျောက်မဲမြို့ဒေသခံ တစ်ဦးက ပြောသည်။
.
အဆိုပါမူးယစ်ဆေးဝါးများအားသုံးစွဲရောင်းချရန် လက်ဝယ်တွေ့ရှိသူ ကျောက်မဲမြို့နယ်၊
မိုင်လုံမြို့နယ်ခွဲ၊ နမ်ဖန်း အုပ်စု၊ ပန်စုံရွာနေ စိုင်းသန်းထွန်း(၃၃)နှစ်အား ကျောက်မဲမြို့မ
ရဲစခန်းက မယ(ပ)၂၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ- ၁၉(က) အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan