နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် မျက်စိဝေဒနာရှင် ၃၃၀၀
ကျော်အား စက်တင်ဘာ ၂၀ ရက်မှ စက်တင်ဘာ ၂၃ ရက်အထိ အခမဲ့စမ်းသပ်ကုသပေးခဲ့ကြောင်း တိပိဋာစက္ခုပါလဖောင်ဒေးရှင်းထံမှ
သိရှိရသည်။
.
.
တိပိဋာစက္ခုပါလဖောင်ဒေးရှင်း၏ အစီအစဉ်ဖြင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့်
ပရဟိတအသင်း များ ပူးပေါင်းကာ အထူးကုဆရာဝန်ကြီးများက မျက်စိဝေဒနာရှင် ၃၃၅၀ အား စမ်းသပ်ကုသပေးခဲ့ပြီး
၂၄၈ ဦးအား ခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်သည်။
"ဆရာတော်တို့အဖွဲ့တွေက လားရှိုးမြို့နယ်မှာရှိတဲ့ မျက်စိဝေဒနာရှင်တွေကို
အလင်းဖွင့်ပေးဖို့အတွက် အခမဲ့လာ ရောက်ကုသပေးတာဖြစ်ပါတယ်"ဟု တိပိဋာစက္ခုပါလဖောင်ဒေးရှင်းမှ
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ရမ္မာဝတီ ဆရာတော် ဘဒ္ဒနတ္တန္ဒပါလက မိန့်သည်။
.
ဖောင်ဒေးရှင်းအနေဖြင့် အခြားသောမြို့နေရာဒေသများတွင်လည်း မျက်စိဝေဒနာရှင်များအား
မျက်စိအထူးကု ဆရာဝန်ကြီး ၁၀ ဦးဖြင့် ၂၈ ကြိမ်အခမဲ့ကုသပေးခဲ့ပြီး လားရှိုးမြို့တွင်လာရောက်ပြုလုပ်သည်မှာ
ပထမဆုံးအ ကြိမ်ဖြစ်ကြောင်း သိရသည်။
.
"အရမ်းအဆင်ပြေပါတယ်။ မျက်စိပြချင်နေတာကြာပါပြီ။ ကွတ်ခိုင်ကလာတာပါ။
မခွဲရပါဘူးတဲ့။ မျက်မှန်ပဲ တပ် ရမှာ၊ မျက်မှန်ကိုလည်း အခမဲ့ပေးလိုက်ပါတယ်။ ထမင်းတွေလည်းကျွေးပါတယ်။
ကျေးဇူးတင်ပါတယ်"ဟု ကွတ်ခိုင်မြို့မှ လာရောက်ပြသသူ ဒေါ်မေရီက ပြောသည်။
.
နယ်ဝေးမှလာရောက်သူများအား မန်ဆူရှမ်းကျောင်းတွင် တည်းခိုစေပြီး
ဆေးရုံသို့ သွားလာရေးအတွက်လည်း ကမ္ဘောဇနာရေးနှင့် လူမှုကူညီရေးအသင်းနှင့် အခြားသော ပရဟိတအသင်းများက
ကူညီဆောင်ရွက်ပေးခဲ့ကာ လိုအပ်သော မျက်မှန်များကိုလည်း အခမဲ့ ပေးဝေခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan