တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲတွင် ပြည်ပမှ ဝင်ရောက်လာသော အသင့်သုံး ပစ္စည်းများခအသုံးပြုခြင်းအား ခွင့်မပြုတော့ဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲတွင် ပြည်ပမှ ဝင်ရောက်လာသော အသင့်သုံး ပစ္စည်းများခအသုံးပြုခြင်းအား ခွင့်မပြုတော့ဟု ဆို



ကိုစိုး (ကမ္ဘောဇတိုင်း)
.
တောင်ကြီးမြို့တော်တန်ဆောင် တိုင်ပွဲတော်၊ မီးပုံးပျံပြိုင်ပွဲကို လာမည့် နိုဝင်ဘာလလယ်ခန့်တွင် စတင်ကျင်း ပသွားမည်ဖြစ်ရာ ရိုးရာအမွေအနှစ် များ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး နှင့် ယူနက်စကို ဒြပ်မဲ့ကမ္ဘာ့ အမွေအ နှစ် စာရင်းတွင်  အသိအမှတ်ပြု ပါဝင် နိုင်ရေးအတွက် ညမီးကြီးမီးပုံးပျံများ တွင် ပြည်ပမှ ဝင်ရောက်လာသော အ သင့်သုံး ယမ်းပစ္စည်းများကို ယခုနှစ် ပြိုင်ပွဲမှ စတင်၍ အသုံးပြုခွင့် ပေးတော့ မည် မဟုတ်ကြောင်း ရိုးရာမီးပုံးပျံပညာ ရှင်များအသင်း ဥက္ကဌ ဒေါက်တာသန်း ဝင်းထံမှ သိရသည်။
.
.
''ပွဲတော်ကတော့ နိုဝင်ဘာလ လယ်လောက်မှာ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။ ခါတိုင်းလိုပဲ ပွဲရက်က ၁ဝ ရက်လောက်ပဲ ဖြစ်မှာပါ။ အစည်း အဝေးတော့ မထိုင်ရသေးပါဘူး။ အမှတ်ပေးစည်းမျဉ်းတွေ၊ စည်းကမ်းချက် တွေကတော့ အရင်နှစ် အတိုင်းပါ ပဲ။ အပြောင်းအလဲ မရှိပါဘူး။ ဒီနှစ်မှာ နည်းနည်းထူးခြားတာကတော့ ယူနက် စကိုကနေ ဒီမီးပုံးပျံပြိုင်ပွဲကို ဒြပ်မဲ့ ယဉ် ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းဖို့ ရှိပါတယ်။ ဒီတော့ မီးပုံးပျံမှာ ရိုးရာနည်း ပညာတွေကိုပဲ အသုံးပြုဖို့က တော့ စည်းကမ်းချက် တစ်ခုတိုးပြီး ထုတ်ပြန် ထားပါတယ်။ ပြည်ပကနေ ဝင်ရောက် လာတဲ့ အသင့်သုံးလို့ရတဲ့ပစ္စည်းတွေ ကို သုံးခွင့်မရှိဘူးဆိုပြီးတော့ သတ်မှတ် ထားပါတယ်။ ဥပမာ ညမီးကြီးမှာဆို ရင် ပင်မစနစ်ကြိုးစတဲ့နေရာတွေမှာ တရုတ်ကဝင်လာတဲ့ အသင့်သုံးယမ်း ပစ္စည်းတွေ သုံးခွင့်မပြုပါဘူး။ နိုင်ငံခြား က ကုန်ကြမ်းနဲ့ ရိုးရာနည်းပညာကိုသုံး ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ တီထွင် တာမျိုးကိုတော့ ခွင့်ပြုထားပါတယ်။ နောက် ယမ်းခွေတို့လို နေရာမှာဝါးကို ပဲ အသုံးပြုခွင့်ပေးပါတယ်။ အရင်က တော့ တချို့ အလူမီနီယမ်တွေနဲ့ လုပ် တာရှိပါတယ်''ဟု ဒေါက်တာသန်းဝင်း က ပြောသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲ တော် မီးပုံးပျံပြိုင်ပွဲတွင် နေ့လွှတ် ခြေ ၂ ချောင်း၊ နေ့လွှတ် ခြေ ၄ ချောင်း၊ နေ့လွှတ် အုပ်စု၊ စိန်နားပန်နှင့် ညမီးကြီး ဟူ၍ ပြိုင်ပွဲဝင် မီးပုံးပျံအမျိုး အစားများကို ခွဲခြားသတ်မှတ်ထား သည်။ ညလွှတ်စိန်နားပန်မီးပုံးပျံအ တွက် ခေါင်အချင်း ၁၈ ပေထက်မ ငယ်ရ၊ ပေ ၂ဝ ထက် မကြီးရ၊ ည မီးကြီး မီးပုံးပျံအတွက် ခေါင်အချင်း ၂၃ ပေထက် မငယ်ရ၊ ၂၅ ပေထက် မကြီးရဟု သတ်မှတ်ထားကာ ခေါင် အချင်းများကို အတိအကျ တိုင်းတာ သွားမည် ဖြစ်ကြောင်း သိရသည်။
.
ညမီးကြီး မီးပုံးပျံအတွက် အများ ဆုံး ယမ်းပိဿာချိန် ၄ဝ သာထည့် သွင်းရန် သတ်မှတ်ထားသည့်အပြင် မီးပုံးပျံ ကိုယ်ထည်များတွင် အရက်၊ ဘီယာ၊ ဆေးလိပ်ကြော်ငြာများကို ထည့်သွင်း ရေးဆွဲဖော်ပြခွင့်မရှိကြောင်း သိရသည်။
.
''အခုလို စည်းကမ်းချက်အသစ် တိုးလာတဲ့အပေါ်မှာတော့ ပြောရမယ် ဆိုရင် အကောင်းနဲ့အဆိုးတော့ ရှိနေ မှာပါပဲ။ မီးပုံးပျံသမားတွေအနေနဲ့ ကိုယ် ပိုင် တီထွင်ထုတ်လုပ်လာနိုင်ရင်တော့ ကောင်းတာပေါ့။ နိုင်ငံခြားသားတွေ လာကြည့်ရင်လည်း ကိုယ့်ရိုးရာနည်း ဆိုတော့ ပြသရတာ အဆင်ပြေပါတယ်။ နောက်တစ်ဘက်က ပြောရရင်တော့ တရုတ်စနက်တံတွေက နည်းပညာ အရ တော်တော်လေးကို အန္တရာယ် ကင်းပါတယ်။ ကျွန်တော်တို့ ကိုယ် တိုင်လုပ်တဲ့ စနစ်တံတွေကျတော့ တစ် ခါတလေ အဆင့်ကျော်ပြီး ယမ်းခုန်ကူး တာမျိုးတွေ ရှိတတ်ပါတယ်။ ဒီအတွက် လည်း အကောင်းဆုံးဖြစ်အောင်တော့ စီစဉ်ဆောင်ရွက်နေပါတယ်''ဟု စည်း ကမ်းချက်အသစ် ချမှတ်ဆောင်ရွက် ခြင်းနှင့် ပတ်သက်၍ တန်ဆောင်တိုင်မီး ပုံးပျံပြိုင်ပွဲဝင် ကမ္ဘောဇအုပ်စု ညမီးကြီး အဖွဲ့မှ ကိုဇေယျာမင်းက ¤င်း၏အမြင် ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ညမီးကြီး မီးပုံးပျံတစ်လုံး ပြုလုပ် ရန်အတွက် အနည်းဆုံးအချိန် တစ် လမှ ၂ လ အထိ အချိန်ယူပြင်ဆင်ရပြီး ကုန်ကျစရိတ်အနေဖြင့် ငွေကျပ်သိန်း ၄ဝ မှ ၄၅ သိန်းအထိ ကုန်ကျကြောင်း ကိုဇေယျာမင်းထံမှ သိရသည်။
.
''မီးပုံးပျံဆိုတာ မီးနဲ့ယမ်းကို ကစား ရတာ ဖြစ်တဲ့အတွက် အခန့်မသင့်ရင် အန္တရာယ်ရှိတတ်ပါတယ်။ ကျွန်တော် တို့ကတော့ အတတ်နိုင်ဆုံး အန္တရာယ် ကင်းစေဖို့အတွက် ယမ်းတွေကို တစ် ချိန်တည်း အများကြီးသုံးတာမျိုး မ လုပ်ဘဲနဲ့ နည်းနည်းချင်းစီခွဲလုပ်ပြီး တော့ လုံခြုံတဲ့နေရာမှာ သိမ်းဆည်း ပါတယ်။ အခုနောက်ပိုင်း အိမ်တွေမှာ လည်း သိပ်မလုပ်တော့ပါဘူး။ ခြံဝင်း ကျယ်ကျယ်နဲ့ ဂိုဒေါင်လိုနေရာမျိုးတွေ မှာ သွားလုပ်တာများပါတယ်။ ပွဲတော် အတွင်းမှာဆိုရင်လည်း လူကတအား စည်ကားတဲ့အတွက် အခန့်မသင့် ရင် ထိခိုက်မိတာတွေတော့ ရှိတတ် ပါတယ်။ အတတ်နိုင်ဆုံးတော့ဘေး အန္တရာယ်ကင်းအောင် မီးပုံးပျံပညာ ရှင်တွေနဲ့ အစိုးရပိုင်းက ပူးပေါင်း ဆောင်ရွက်သွားရင်တော့အကောင်း ဆုံးဖြစ်မှာပါ''ဟု ဘေးအန္တရာယ်ကင်း ရှင်းစေရေးအတွက် ဆောင်ရွက်ထား ရှိမှုနှင့် ပတ်သက်၍ ကိုဇေယျာမင်းက ဆက်လက်ပြောကြားခဲ့သည်။
.
မီးပုံးပျံပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်း စည်းကမ်းများနှင့် ပတ်သက်၍ ပွင့် လင်းမြင်သာစွာဖြင့် အများပြည်သူ သိရှိစေရန်အတွက် လူမှုကွန်ရက် စာ မျက်နှာတွင် အမှတ်ပေးစနစ်များကို တင်ပြထားပြီး ပြိုင်ပွဲယှဉ်ပြိုင်နေစဉ် တွင်လည်း မီးပုံးပျံတစ်လုံးချင်းစီအား ရုပ်သံမှတ်တမ်း ရိုက်ကူး၍ နည်းပညာ အကူအညီဖြင့် အမှတ်ပေးဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။
.
''ကျွန်တော်တို့ရဲ့ ရိုးရာပွဲကို ကမ္ဘာ ကပါ အသိအမှတ်ပြုလာတယ်ဆိုတဲ့ အတွက် အတိုင်းမသိအောင်ဝမ်းသာ ပီတိဖြစ်ရပါတယ်။ အခုဆိုရင်လည်း ယူနက်စကိုက အသိအမှတ်ပြုခံရ အောင် ကြိုးစားနေပါတယ်။ အဲဒီလိုအ သိအမှတ်ပြုခံရမယ်ဆိုရင် တိုင်းပြည် ဂုဏ်ကိုလည်း ဆောင်နိုင်မှာဖြစ်ပါ တယ်''ဟု ဒေါက်တာသန်းဝင်းက တောင်ကြီးတန်ဆောင်တိုင် ပွဲတော်နှင့် ပတ်သက်၍ ¤င်း၏အမြင်ကို ပြော သည်။
.
၂ဝ၁၇ ခုနှစ်၊ တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်ကို တောင်ကြီး မြို့၊ အဝေရာမီးပုံးပျံကွင်း၌ အောက် တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး မီးပုံးပျံပြိုင်ပွဲတွင် ညမီးကြီး မီးပုံးပျံ ၈၈ လုံး၊ စိန်နားပန်းမီးပုံးပျံ ၃၉ လုံး အပါအဝင် မီးပုံးပျံ စုစုပေါင်း ၃၉၃ လုံး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ညမီးကြီး ပထမဆုကို မြို့မရပ်ကွက်မှ သွေးသစ်မီး၊ ဒုတိယဆုကို ရေအေးကွင်းရပ်ကွက်မှ ကားပွဲစားအိုမီးနှင့် တတိယဆုကို အေးသာယာမှ ရောင်စုံလူငယ်ညမီးကြီး အဖွဲ့များက ရရှိခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats