စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
၁၃၈ဝ ခုနှစ်၊ တန်ဆောင်မုန်း လဆန်း ၁ ရက်၊ ၂ဝ၁၈ ခုနှစ်၊ နို ဝင်ဘာလ
၈ ရက်တွင် ကျရောက် ည့် တတိယ အကြိမ်မြောက် အင်းသားအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို
အောက်တိုဘာလ ၆ ရက်မှ ၈ ရက်အထိ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် ၃ ရက်ကြာ
ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
.
.
''အင်းသားအမျိုးသားနေ့ အထိမ်းအမှတ်ပွဲကို အောက်တိုဘာ ၆ ရက်ကနေ ၈
ရက်အထိ ၃ ရက်ကြာ ပြုလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ အရင်ကတော့ ဖောင်တော်ဦးဘုရားရင် ပြင်မှာ
လုပ်ပါတယ်။ ဒီနှစ်ကတော့ ညောင်ရွှေ ကျောက်တိုင်ကွင်းမှာ လုပ်မယ်။ တောင်ပိုင်းလုပ်လိုက်၊
မြောက် ပိုင်းလုပ်လိုက် အလယ်ပိုင်းလုပ်လိုက် အလှည့်ကျ လုပ်သွားမှာပါ''ဟု ညောင်ရွှေမြို့နယ်
ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးနေမျိုးက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
အင်းသားအမျိုးသားနေ့တွင် လူငယ်များမှ အင်းသားများနှင့် သက်ဆိုင်သည့်
တိုက်တေးများ၊ အကများ စသည့် အကြောင်းအရာများကို ဆွေးနွေးပြောဆိုသွားမည်ဖြစ်ကြောင်း
သိရသည်။
.
ထို့အတူ အဆိုပါ ဆွေးနွေးပွဲ တွင် အင်းသားများ၏ တရားဝင် အမျိုးသားအလံ
သတ်မှတ်အတည်ပြုနိုင်ရေးနှင့် အင်းအမျိုးသားနေ့အား တရားဝင်ရုံးပိတ်ရက် ရရှိရေးတို့ကိုပါ
ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရ သည်။
.
အင်းသား အမျိုးသားနေ့ကို ၂ဝ၁၁ ခုနှစ်မှ စတင်၍ အင်းသားဆုံစည်းရာနေ့အဖြစ်
နှစ်စဉ် တန်ဆောင်မုန်း လဆန်း ၁ ရက်နေ့တွင် စတင်ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၆ ခုနှစ်
တွင် အင်းသားအမျိုးသားနေ့အဖြစ် ပြောင်းလဲကျင်းပခဲ့ရာ ယခုနှစ် ကျင်းပမည့် အင်းသားအမျိုးသားနေ့သည်
တတိယအကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။
.
တန်ဆောင်မုန်းလသည် ကြယ်စုံသော လ၊ ပညာရှိ စာဆိုတော်များ ထွန်းကားသည့်
စာဆိုတော်အခါသမယ၊ အင်းလေးဒေသ ဖောင်တော် ဦးဘုရား ကျောင်းတော်ဝင်ချိန်ကာလ စသည့် မင်္ဂင်္င်္င်္င်္င်္င်္င်္င်္င်္င်္င်္င်္င်္င်္လာအချိန်များနှင့်
တိုက် ဆိုင်နေသည့်အတွက် နှစ်စဉ် တန် ဆောင်မုန်းလဆန်း ၁ ရက်ကိုအင်း သားအမျိုးသားနေ့အဖြစ်
သတ်မှတ် ထားခြင်းဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊အောက် တိုဘာလ ၂ဝ ရက်က ကျရောက် သည့် ဒုတိယအကြိမ်မြောက်
အင်းသား အမျိုးသားနေ့ကို ညောင်ရွှေမြို့ နယ်၊ အင်းလေးဖောင်တော်ဦး မြတ် စွာဘုရား ရင်ပြင်တော်တွင်
ကျင်း ပပြုလုပ်ခဲ့ရာ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင်၊ ဟိုတယ်နှင့် ခရီးသွားလာရေး
ဝန် ကြီးဌာန ပြည်ထောင်ဟု ဝန်ကြီး ဦး အုန်းမောင်၊ တိုင်းရင်းသား လူမျိုး ရေးရာဝန်ကြီးဌာန၊
ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်
ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan