မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
မိုင်းတုံမြို့နယ်၊ ၆ မိုင်ကျေးရွာတွင် စက်တင်ဘာလ
၂၄ ရက်၊ ညပိုင်းက မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ရှာဖွေဝရမ်းဖြင့် ဝင်ရောက်ရှာဖွေရာ
ရဲတပ်ဖွဲ့ဝင်များအား အိမ်ရှင်ဖြစ်သူမှ တူမီးဖြင့် တစ်ချက်ပစ်ခတ်၍ တောထဲ ဝင်ပြေးသွားခဲ့ကြောင်း
သိရသည်။
.
.
"တူမီးနဲ့ပစ်သူကိုတော့
မမိသေးပါဘူး။ အိမ်ထဲမှာမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ဖမ်းမိသူ နှစ်ဦးကိုတော့ ဖမ်းဆီးအမှုဖွင့်
ထားပါတယ်"ဟု မိုင်းတုံမြို့မရဲစခန်းတာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ပြောသည်။
မိုင်းတုံမြို့၊
မိုင်းဆတ်ကားလမ်းဘက် ၆ မိုင်ကျေးရွာရှိ ဦးကျဖူးဒီိဆိုသူ၏ နေအိမ်တွင် မူးယစ်ဆေးဝါးသတင်းအရ
မြို့နယ်ရဲ တပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးရှာဖွေဝရမ်းအမှတ်(၇/၂၀၁၈)ဖြင့် စက်တင်ဘာလ ၂၄ ရက်၊
ည ၉နာရီခွဲအချိန်တွင် ဝင်ရောက် ရှာဖွေရာ အိမ်ရှင်ဖြစ်သူ ဦးကျဖူးဒီမှ တူမီးသေနတ်ဖြင့်
၁ ချက်ပစ်ခတ်ပြီး နေအိမ်အရှေ့ဘက် တောထဲသို့ဝင်ရောက်ထွက် ပြေးသွားခဲ့ကြောင်း သိရသည်။
.
ထို့နောက်
အနေအိမ်အတွင်း ဆက်ရှာဖွေရာ ဧည့်ခန်းအတွင်း ၆ မိုင်ရွာနေ ကျယော်(၃၀)နှစ်နှင့် မိုင်းတုံမြို့နောင်ပါရင်
ရပ်ကွက်နေ အောင်သူ(၄၂)နှစ်တို့ကိုတွေ့ရှိရပြီး အိပ်ခန်းအတွင်းမှ WY စာတမ်းပါ မူးယစ်ဆေးဝါး
၂၀၀ ပြား၊ ဒေသလုပ် တူမီးသေနတ် ၂ လက်တို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့ပြီး သေနတ်ဖြင့် ပစ်ပြေးသူ
အိမ်ရှင် ကျဖူးဒီနှင့် အနေအိမ်အတွင်း တွေ့ရသူ ကျယော်၊ အောင်သူ တို့အား မိုင်းတုံမြို့မရဲစခန်းမှ
မယ(ပ) ၁၁/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၂(ခ)တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
.
.
#KBZTai
#Shan