မိုင်းမော (တြိဂံနယ်မြေ)၊
ကမ္ဘောဇတိုင်း
.
မြန်မာ-ထိုင်း-တရုတ်-လာအို ၄ နိုင်ငံ ပူးပေါင်း ခရီးသွားလာရေး လုပ်ငန်း
မြှင့်တင်ဖော်ဆောင်ရေး တတိယ အကြိမ်မြောက် နှီးနှော ဖလှယ်ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊
ချင်းရိုင်းမြို့၊ Riverie Hotel၊ ဒွိုင်တုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၁၉ ရက်မှ ၂ဝ
ရက်အထိ ပြု လုပ်ခဲ့ကြောင်း ရှမ်းရှေ့ခရီးသွား လုပ်ငန်းရှင်များအသင်းမှ သိရသည်။
.
.
အခမ်းအနား ပထမရက်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်ယဉ်ကျေးမှုအဖွဲ့များက
ထိုင်းရိုးရာ အကပဒေ သာများဖြင့် ကပြပြီး ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူး နိုင်းပရကျွန်း
ပရစကွန်း၊ ထိုင်းနိုင်ငံ ခရီးသွားနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြား ရေးမှူး ပရာဆစ်
ချိုင်းရာနမ့်သာနှင့် တာဝန်ရှိသူများက စက်ခလုတ်နှိပ် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ချင်း
ရိုင်းခရိုင် အုပ်ချုပ် ရေးမှူး နိုင်းပရ ကျွန်း ပရစကွန်းက အဖွင့်အမှာစကား ပြောကြားပြီး
မြန်မာ-ထိုင်း- တရုတ်-လာအို ၄ နိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ၏ အဖွဲ့ကိုယ်စား လှယ်များက
၅ Chiangs Routes ချင်းမိုင်(ထိုင်း)၊ ချင်းရိုင်း (ထိုင်း)၊ ချင်းတုံ (ကျိုင်းတုံ-မြန်မာ)၊
ချင်းလု (တရုတ်)နှင့် ချင်းထောင်း(လားအို)ဒေသ ခရီးစဉ်များကို ခရီးစဉ်အသစ် ရှာဖွေရေး၊
လက်ရှိခရီး စဉ်ဒေသ များအား ရေရှည်တည်တံ့အောင် ထိမ်းသိမ်းနိုင်ရေး၊ လမ်းပန်းဆက် သွယ်ရေး၊
ပို့ဆောင်ရေး၊ အရေးပေါ် ကယ်ဆယ်ကူညီရေး၊ ရင်းနှီးမြှပ်နှံမှု၊ ဝန်ဆောင်မှု၊ ရိုးရာယဉ်ကျေးမှုနှင့်
ဓလေ့ထုံတမ်း စဉ်လာများ ဖော်ဆောင် နိုင်ရေးစသည့် အခြေခံအချက်များ ကို မိမိနိုင်ငံအလိုက်
ရှင်းလင်းပြော ကြားကာ တက်ရောက်လာသူများ က သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက
ဖြေကြားခဲ့သည်။
စက်တင်ဘာ ၂ဝ ရက်၊ အစည်းအဝေး ဒုတိယနေ့တွင် ထိုင်းနိုင်ငံ တာဝန်ရှိသူများက
ချင်းရိုင်း မြို့နှင့် မယ်ဆိုင်မြို့ရှိ နိုင်ငံခြားသား ဧည့်သည်များ စိတ်ဝင်စားသည့် နေရာများသို့ လေးနိုင်ငံကိုယ်စားလှယ်များအား လိုက်လံပြသခဲ့သည်။
.
.
.
#KBZTai #Shan