ရေဝေ/ရေလွဲ ဒေသရှိ သစ်တောများ ပြုန်းတီးလာမှု၊ စနစ်မကျသော စိုက်ပျိုးရေးနည်းစနစ်များ အသုံးပြုနေမှုကြောင့် အင်းလေးကန် တိမ်ကောလာရခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြောကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရေဝေ/ရေလွဲ ဒေသရှိ သစ်တောများ ပြုန်းတီးလာမှု၊ စနစ်မကျသော စိုက်ပျိုးရေးနည်းစနစ်များ အသုံးပြုနေမှုကြောင့် အင်းလေးကန် တိမ်ကောလာရခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပြောကြား



မောင်မောင်သန်း (တောင်ကြီး)၊ ကမ္ဘောဇတိုင်း
.
ရေဝေ/ရေလွဲ ဒေသရှိ သစ်တောများ ပြုန်းတီးလာမှု၊ စနစ်မကျသော စိုက်ပျိုးရေး နည်းစနစ်များ အသုံးပြု နေမှုကြောင့် အင်းလေးကန် တိမ်ကော လာရခြင်း ဖြစ်ကြောင်း ညောင်ရွှေမြို့၊ မြို့နယ်ခန်းမ၌ သြဂုတ်လ ၂၉ ရက်က ပြုလုပ်ခဲ့သည့် အင်းလေးကန်ရေရှည် တည်တံ့ရေးနှင့် ဒေသဖွံ့ဖြိုးရေး သင် တန်းဖွင့်ပွဲ၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ ပြောကြားခဲ့ကြောင်း သိရသည်။
.
.
''အင်းလေးကန်အတွင်း နေထိုင်ကြသော ရေပေါ်အိမ်ထောင်စုများမှ မိလ္လာအညစ်အကြေးနှင့် အမှိုက်သရိုက် စွန့်ပစ်မှု စနစ်မကျခြင်း၊ ဓာတုပိုးသတ် ဆေး မဆင်မခြင် အလွန်အကျွံ သုံး စွဲလာခြင်း၊ အင်းလေးကန်အတွင်းရှိ စက်မှုလက်မှု လုပ်ငန်းများမှ ထွက်ရှိ လာသော ဓာတုအညစ်အကြေးများ ကြောင့် အင်းလေးကန်၏ ရေအရည် အသွေး ကျဆင်းလာခြင်းအပြင် အင်း လေးကန် ရေဝေ/ရေလွဲ ဒေသရှိ သစ် တောများ ပြုန်းတီးလာမှု၊ စနစ်မကျ သော စိုက်ပျိုးရေး နည်းစနစ်များ အ သုံးပြုနေမှုကြောင့် မိုးရေတိုက်စားပြီး ချောင်းများမှတဆင့် ကန်အတွင်းသို့ နှုန်းပို့ချမှုကြောင့် အင်းလေးကန်သည် လည်း တဖြည်းဖြည်း တိမ်ကောလာရ ခြင်း ဖြစ်ကြောင်း၊ အင်းလေးကန် ရေ အရည်အသွေး မကျဆင်းရန်နှင့် အင်း လေးကန် မတိမ်ကောစေရေးအတွက် အလေးထားပြီး ဝိုင်းဝန်းလုပ်ဆောင် သွားရမှာ ဖြစ်ကြောင်း၊ ဒေသခံ ပြည် သူများ၊ တောင်သူလယ်သမားများ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရေးသည် အဓိကကျသလို တောင်သူလယ်သမား များအတွက် လိုအပ်သော နည်းပညာ၊ သတင်းအချက်အလက်များကို နီးကပ် စွာ ထိတွေ့ပံ့ပိုးပေးရမည့် စိုက်ပျိုးပ ညာပေး ဝန်ထမ်းများ၏ အခန်းကဏ္ဍ သည်လည်း များစွာ အရေးကြီးပါ ကြောင်း အင်းလေးကန်ရေရှည်တည် တံ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့လုပ်ဆောင်ရမည့် လုပ်ငန်း စဉ်များအပေါ် တက်ညီလက်ညီဖြင့် စည်းစည်းလုံးလုံး ဆောင်ရွက်သွားကြ ရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ် ငန်းများသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများအား လက် တွေ့အကောင်အထည်ဖော် ဆောင် ရွက်ကြရာတွင် မိမိတို့အားလုံး ပါဝင် ဆောင်ရွက်ကြရန်နှင့် တာဝန်သိသူ တာဝန်ရှိသူများအဖြစ်မှ တာဝန်ကျေ  အောင် အလေးအနက်ခံယူလုပ်ဆောင် သွားကြရန်'' စသည်ဖြင့် ပြည်နယ်ဝန် ကြီးချုပ် ဒေါက်တာလင်းထွဋ်က သင် တန်းဖွင့်ပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။
.
အင်းလေးကန်သည် မြန်မာနိုင်ငံ တွင် ဒုတိယအကြီးဆုံး ကန်ဖြစ်ကာ ကန်၏ ပတ်ပတ်လည်တွင် ကျေးရွာ ပေါင်း ၄၄၆  ရွာရှိပြီး ရေတစ်ဝက်၊ ကုန်းတစ်ဝက်ကျေးရွာ ၁၂ဝ ခန့်၊ အင်း လေးကန်၏ ရေအလယ်ရှိ ကျေးရွာ ၂ဝ ခန့်သာ ရှိကြောင်း သိရသည်။
.
ထို့အပြင် အကျယ်အဝန်းအား ဖြင့် ၄၄ ဒသမ ၉ စတုရန်းမိုင် (၁၁၆ စတုရန်း ကီလိုမီတာ)ခန့်ရှိပြီး ပင်လယ် ရေမျက်နှာပြင် ၂၉ဝဝ ပေ (၈၈ဝ မီ တာ)တွင် တည်ရှိသည်။ ခြောက်သွေ့ သော နွေရာသီတွင် အနက် ၇ ပေ (၂ ဒသမ ၁ မီတာ)ခန့်ရှိပြီး ရေနက် သော နေရာတွင် ၁၂ ပေ (၃ ဒသမ ၇ မီတာ)ခန့်ရှိကာ မိုးရာသီတွင် ၅ ပေ (၁ ဒသမ ၅ မီတာ) ရေမျက်နှာမြင့် တက်၍ တောင်နှင့်မြောက် အလျား ၉ မိုင်ခန့် ရှည်ပြီး အကျယ်ဆုံးနေရာ၌ အရှေ့နှင့်အနောက် ၃ မိုင်ခွဲခန့် ရှိ ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats