စာအုပ်အညွန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စာအုပ်အညွန်း


ကမ္ဘောဇတိုင်း
.

.
                             စာအုပ်​အမည်​   -  အလှပဆုံးဒဏ်ရာ
                             ဘာသာပြန်​      - ​မိုးသက်ဟန်
                             တန်ဖိုး            - ၆ဝဝဝ ကျပ်
.
နှစ်ဆယ့်တစ်နှစ်ကြာ မြေကြီးအောက်မှာ မြုပ်နှံခံထားရတဲ့ ဒေဝီအယူးဆိုတဲ့ အမျိုးသမီးကြီး ပြန်လည်ရှင်သန် ထမြောက်လာခြင်းကနေစတင်ကာ ဇာတ်လမ်းရှည်ဝတ္ထုကြီးကိုတစ်ပုဒ်အဖြစ် ဖန်တီးထားပါတယ်။
.
ဒေဝီအယူးဆိုတာ တစ်မြို့လုံးမှာရှိသမျှ ပုရိသတိုင်းတမ်းတမ်းစွဲရတဲ့ ပြည့်တန်ဆာအမျိုး သမီးကြီး၊ အချောအလှ သမီးသုံးယောက်မွေးပြီးတဲ့အခါကမ္ဘာပေါ်မှာ မှန်းဆလို့မရနိုင်လောက် အောင်ရုပ်ဆိုးတဲ့ မိန်းကလေးမျိုးမွေးဖွားလိုပါ၏လို့ဆုတောင်းခဲ့သလို တကယ်လည်းမွေးဖွားခဲ့ပါ တယ်။
.
အဆိုပါ ကမ္ဘာ့အရုပ်ဆိုးဆုံးသမီးလေးကို မွေးပြီးတော့မှသာ သေခြင်းတရားကို လက်ခံတွေ့ ဆုံခဲ့ပါတော့တယ်။ ဒါပေမဲ့ နှစ်ဆယ့်ခြောက်နှစ်ကြာမှာ ပြန်လည်ရှင်သန်လာခဲ့ပြီး ဒေဝီအယူးကို ဗဟိုပြုလို့ မျိုးဆက်သုံးဆက်အကြောင်းကို လှပစွာယှက်နွှယ်ရေးဖွဲ့ပြသခဲ့တဲ့စာအုပ်ပါ။
.
ဇာတ်လမ်းကျောရိုးကြီး တစ်ခုလုံးဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ တကယ့်အဖြစ်အပျက်များကို အ ခြေခံခဲ့ပေမယ့် ဇာတ်လမ်းဖွဲ့စည်းပုံကတော့ ထူးခြားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဖြစ်ရပ်မှန် တွေပေါ်မှာ အခြေခံကာ ထူးဆန်းတဲ့ဇာတ်လမ်းဖွဲ့စည်းပုံများ၊ ရဲတင်းပွင့်လင်းတဲ့ လိင်မှုအရှုပ်တော် ပုံများကို ဗြောင်ကျကျရေးဖွဲ့လေ့ရှိသူတစ်ဦးဖြစ်တာကြောင့် သူ့ကို အရှေ့တောင်အာရှမူရာကာမိ အဖြစ်လည်း ဝေဖန်ရေးသမားများက သတ်မှတ်ခဲ့ပါတယ်။
.
သက်ရှိထင်ရှားအရှေ့တောင်အာရှ စာရေးဆရာများထဲမှာ အထင်ရှားဆုံး စာရေးသူတစ် ယောက်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာတော့ နံပါတ် ၁ စာရေးဆရာအဖြစ်သတ်မှတ်ခြင်းလည်း ခံထားရသူတစ်ဦးဖြစ်ပါတယ်။
.
ထူးဆန်းတဲ့ ဇာတ်လမ်းဖွဲ့စည်းပုံများကို မိုးသက်ဟန်ရဲ့ ပြောင်မြောက်ပြေပစ်တဲ့ ဘာသာ ပြန်လက်ရာနဲ့အတူ တစ်ဝကြီးဖတ်ရတော့မှာ ဖြစ်ပါတယ်။
.

.
                             စာအုပ်အမည်   - မအောင်မြင်ခြင်းရဲ့ ဇာစ်မြစ်များ
                             စာရေးသူ        - မောင်မင်းစိုး
                             တန်ဖိုး            - ၃ဝဝဝ ကျပ်
.
ဒီစာအုပ်ကိုဖတ်မယ်ဆိုရင်တော့ လူမှုအသိုင်းအဝိုင်းကို အနည်းငယ် ဂရုစိုက်တတ်ဖို့လိုပါလိမ့်မယ်။ ကိုယ် မအောင်မြင်ရခြင်းရဲ့အခြေခံဇာစ်မြစ်ကိုတော့ လူတိုင်းသိထားရန် လိုအပ်သည့် အကြောင်း အရာတွေကို ဒီစာအုပ်မှာ အသေးစိတ်ရေးသားထားခြင်းဖြစ်ပါတယ်။
.
လူငယ်လမ်းညွှန်ဆောင်းပါးတွေကို တစိုက်မတ်မတ်ရေးသားခဲ့တဲ့ ဆရာမောင်မင်းစိုးရဲ့(၂၇)အုပ်မြောက် အထူး စီစဉ်ထားတဲ့စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ရဲ့အမည်ကို ယခင်စာအုပ်တွေနဲ့မတူ အောင် စီစဉ်ထားပြီး အကြောင်းအရာတင်ပြပုံတွေကိုလည်း ကွဲပြားအောင် ရေးသားထားပါတယ်။ ဒီစာအုပ်ကတော့ အောင်မြင်ရေးလမ်းညွှန်ဆိုတာထက် ဘာကြောင့်ကျဆုံးရသလဲဆိုတဲ့အချက် တွေကိုပဲ အဓိကထောက်ပြထားပါတယ်။ ''စိတ်ဓာတ်ကျနေခြင်းဟာ အထက်တက်နိုင်ဖို့အတွက် အဆို့အပိတ်၊ အတားအဆီးတစ်ခု ဖြစ်တတ်ပါတယ်။ လဲကျရင် ပြန်ထဖို့ ပြန်ထပြီးရင် အားယူပြီး ဆက်လျှောက်ဖို့ ကြိုးစားကြရမှာဖြစ်ပါတယ်'' အဲဒီအချက်တွေကို ဆရာမောင်မင်းစိုးက ခေါင်းစဉ် ငယ်လေးတွေခွဲပြီး အပိုင်းလိုက်တင်ပြထားပါတယ်။
.
''လူငယ်ဆိုတာ အရာရာကို လက်တည့်စမ်းချင်ကြပါတယ်။ စမ်းကြည့်လိုက်ပါ။ ဒါပေမဲ့ ကိုယ်လက်တည့်စမ်းလိုက်တဲ့ အရာတစ်ခုရဲ့ကောင်းကျိုးဆိုးကျိုးကိုတော့ သိမြင်ထားမှရမယ်။ မကောင်းမှုကိုမွေ့လျော်တတ်တဲ့ ပုထုဇဉ်လူသားတိုင်းမှာ မှားယွင်းခွင့်ရှိပါတယ်။ ဒါပေမဲ့ ကိုယ်မှား ယွင်းလိုက်တဲ့အရာတစ်ခုရဲ့ဆိုးကျိုးကို အလုံးစုံသိမြင်ထားမှရမယ်။ အသိအမြင်ဟာ ဘဝခရီးလမ်း ရဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ အဲဒီသိခြင်းမြင်ခြင်းကို နက်နက်နဲနဲစဉ်းစားတွေးခေါ်တတ်မှ ဘဝ တစ်ခုတည့်မတ်လာမှာဖြစ်ပါတယ်''ဟု ဒီစာအုပ်မှာ ပေါ့ပေါ့ပါးပါးဖတ်ရှုနိုင်ပြီး လေးလေးနက်နက် စဉ်းစားတွေးခေါ်ရမယ့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
.

.
                             စာအုပ်​အမည်​   -  ဒလိုင်းလားမား
                             ဘာသာပြန်​      - မောင်မြတ်မိုး
                             တန်ဖိုး            - ၅ဝဝဝ ကျပ်
.
၁၉၈၉ ခုနှစ်မှာ နိုဘယ်ဆု ရရှိခဲ့တဲ့ တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမားအကြောင်းကို ရေးသားထားတဲ့ ဒီစာအုပ်မှာ တိဘက်အားလုံးက ဒလိုင်းလားမားကို နတ်ဘုရားဘုရင် တစ် ယောက်အဖြစ်သာမကပဲ တိဘက်၏ဝိဉာဉ်နှင့် အသည်းနှလုံးအဖြစ်ပါ မှတ်ထားခဲ့ကြပါတယ်။
.
တိဘက်ပြည်နယ်ဟာ ဆိုရင် ဟိမဝန္တာတောင်များထဲမှာ တည်ရှိပြီး အောက်ဆီဂျင်နည်း၊ အပူချိန် အေးစက်နေတဲ့ပြင် ဟင်းသီးဟင်းရွက်ရှားပါးတဲ့ ကုန်းမြေဖြစ်ပါတယ်။ ၁၉၅၉ ခုနှစ် ကတည်းကစပြီး ကိုယ်ရေးကိုယ်တာလွတ်လပ်မှုနှင့်အသိဉာဏ်ဆိုင်ရာ လွတ်လပ်မှုကို ဒလိုင်း လားမားက တွေ့ရှိခဲ့ပြီး အလွန်ဖွံ့ဖြိုးတိုးတက်သော ပြည်ပြေးအစိုးရအသစ်တပ်ဖွဲ့တစ်ခုကို ဖွဲ့ စည်းခဲ့ပါတယ်။ ဒလိုင်းလားမားမရှိရင် တိဘက်ဆိုတာ မရှိဘူးလို့တောင် တိဘက်က လူတွေက ယုံကြည်ခဲ့ကြပါတယ်။
.
တိဘက်တို့ရဲ့ ထုံးတမ်းစဉ်လာအရ လူမမယ်အရွယ်ကတည်းက ဒလိုင်းလားမားအဖြစ်ကို ခံယူခဲ့တဲ့ ကောင်ကလေးတစ်ယောက်ရဲ့ ထူးခြားတဲ့ ဘဝဖြတ်သန်းမှု စာအုပ်ဖြစ်ပြီး တိဘက် တို့ရဲ့ ဘာသာရေးခေါင်းဆောင်နှင့် ပြည်ပြေးတိဘက်အစိုးရနိုင်ငံရေးခေါင်းဆောင်အဖြစ် တာ ဝန်နှစ်ရပ်ကို တစ်ပြိုင်တည်း ထမ်းဆောင်ခဲ့တဲ့ အကြောင်းတွေပဲဖြစ်ပါတယ်။ စာမျက်နှာ ၃၁၂ မျက်နှာ ပါဝင်ပါတယ်။
.

.
                             စာအုပ်အမည်   - သတင်းစာလောက
                             စာရေးသူ        - ခင်မျိုးချစ်(၁၉၁၅-၁၉၉၉)
                             တန်ဖိုး            - ၄ဝဝဝ ကျပ်
.
သတင်းစာလွတ်လပ်မှုသည်.. အဘယ်နည်း။ စည်းကမ်းမဲ့ ထင်ရာရေးသားခြင်းကို သ တင်းစာလွတ်လပ်မှုဟု ခေါ်မည်လော။ လူတစ်ဦးတစ်ယောက် သို့မဟုတ် လူတစ်စု၏ အ ကျိုးစီးပွားအတွက် ဝါဒဖြန့်ကာ လူထုအား လှည့်ဖြားခြင်းသည် သတင်းစာလွတ်လပ်မှုလား။
.
အခန်း (၁၂) ခန်းနဲ့ ဖွဲ့စည်းထားတဲ့ ဒေါ်ခင်မျိုးချစ်ရဲ့ သတင်းစာလောက စာအုပ်ထဲတွင် သတင်းစာ လုပ်ငန်းအကြောင်း၊ သတင်းစာနှင့် လူထုအကြောင်း၊ သတင်းထောက်လှမ်းခြင်း အ တတ်၊ သတင်းနှင့်သင်ယူခြင်း၊ သတင်းစာ၏ အခြားအစိတ်အပိုင်းများ၊ ဗမာပြည်သတင်းစာလောက အစရှိတဲ့ စိတ်ဝင်စားဖွယ် ခေါင်းစဉ်တွေကို စုစည်းထားတာလည်း ဖြစ်ပါတယ်။
.
နိုင်ငံခြား သတင်းစာအကြောင်း၊ မြန်မာသတင်းစာအကြောင်း ကို စေ့စုံစွာရေးသားထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ စာမျက်နှာ ၁၈၂ မျက်နှာ ပါဝင်ပါတယ်။
.

.
                             စာအုပ်​အမည်​   -  ပြည်ထောင်စုကို အမွေခွဲကြခြင်း
                             ဘာသာပြန်​      - နေဝင်းနိုင်
                             တန်ဖိုး            - ၃ဝဝဝ ကျပ်
.
ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတစ်ခုကို မည်ကဲ့သို့ ဖွဲ့စည်းတည်ထောင်ကြမည်ဆိုတာကို ပြဌာန်းပေးတဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားလူမျိုးစု ဖြည်တည်ခြင်းဆိုတဲ့ အခြေခံပေါ်မှာ အုတ် မြစ်ချ တည်ဆောက်ထားတာဖြစ်ပါတယ်။ ဘယ်သူတွေက တိုင်းရင်းသားလဲလို့ မေးလာခဲ့ရင် အရေအတွက်ဘယ်လောက်ရှိလဲဆိုတဲ့ မေးခွန်းအတွက် ၁၃၅ မျိုးလို့ ဖြေနိုင်မယ်ဆိုရင်တောင် ဘယ်သူက ဘယ်တိုင်းရင်းသား၊ ဘယ်ထဲမှာ ဘယ်လူမျိုးတွေပါလဲလို့ ပြောရခက်ကြမှာပါပဲ။
.
အဲ့ဒီ ၁၃၅ မျိုးသော တိုင်းရင်းသားလူမျိုးတွေနဲ့ မျိုးနွယ်စုများစာရင်းဟာ အငြင်းပွားစရာ၊ မတိကျမသေချာမှုတွေနဲ့ ရှုပ်ထွေးမှု တွေရှိနေပါသေးတယ်။ ဒီစာအုပ်ထဲမှာဆိုရင် တိုင်းရင်း သားလူမျိုးစု ၁၃၅ စု ကို အခြေခံပြီး စနစ်တကျလေ့လာတင်ပြပေးပြီး နောင်မှာဘယ်လိုကိစ္စ တွေပေါ်လာနိုင်တယ်၊ ဘယ်လို အငြင်းပွားမှုတွေဖြစ်နေတယ်ဆိုတာကို လက်လှမ်းမီသလောက် တင်ပြထားတာဖြစ်ပါတယ်။
.

.
                             စာအုပ်အမည်   - မြစ်ကမ်းလမ်း၊ နေရာ
                             စာရေးသူ        - သံဗျင်ဦး၊ နောင်ရိုး(ဗိသုကာ)
                             တန်ဖိုး            - ၃ဝဝဝ ကျပ်
.

သံဗျင်ဦးနဲ့ နောင်ရိုး (ဗိသုကာ) နှစ်ယောက် စုစည်းရေးသားထားတဲ့ မြစ်ကမ်းလမ်းနေရာဆိုတဲ့ စာအုပ်လေးမှာ တစ်ယောက်ကို ခြောက်ပုဒ်နဲ့ စုစုပေါင်း ဆယ့်နှစ်ပုဒ်ပါဝင်ပါတယ်။ ဆရာဟိန်းလတ် ရဲ့ အမှာစာ နဲ့ အတူ စာရေးဆရာနှစ်ယောက်ရဲ့ လတ်ဆတ်တဲ့အတွေးအခေါ်တွေကို စုစည်းဖတ် ရှုရမှာဖြစ်ပါတယ်။
.
နောင်ရိုး(ဗိသုကာ) ရဲ့ စာအုပ်တွေက ပညာရေးစနစ်ကို ဝေဖန်ဖို့ ခွင့်အခါစောင့်နေသလိုမျိုး ပညာရေးစနစ်ရဲ့ အားနည်းချက်တွေကို ထောက်ပြဝေဖန်ထားတယ်လို့ ဆရာဟိန်းလတ်က အမှာ စာမှာ ဆိုထားပါတယ်။ သံဗျင်ဦးဟာ ဆိုရင်လည်း ဝတ္ထုတိုတစ်ပုဒ်စီတိုင်းကို ရသမြောက်စွာနဲ့ ရေးသားထားတာကို ဖတ်ရှုရမှာဖြစ်ပါတယ်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats