မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အတွင်း၌ ငမြှောင် တောင်ဖျက်ပိုး ကျရောက်သည့် စိုက်
ပျိုးဧကပေါင်း ၁၅ဝဝ ကျော် ရှိနေပြီး ပိုးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်
ဆောင်ရွက်နေလျက် ရှိကာ အသိပညာပေးလုပ်ငန်းများ၊ အ သိပညာပေး ဆိုင်းဘုတ်များ တပ်ဆင် ခြင်း
၊ ဆေးဖြန်းခြင်း လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
.
.
ရှမ်းပြည်နယ် တစ်ခုလုံးတွင် င မြှောင်တောင်ပိုးကြောင့် အစေ့ထုတ်
ပြောင်း၊ ယာစပါး၊ ကြံစိုက်ခင်း ပိုးကျ ဧကများမှာ ၁၅၉၃ ဒသမ ၈၇ ဧကရှိ ပြီး ၁ဝ၉၉ ဒသမ ၁၉
ဧက ထိခိုက်ခဲ့ ကာ ၂၄၃ ဒသမ ဝ၅ ဧက ပျက်စီး ခဲ့ကြောင်း သိရသည်။
''အခု အာမိုက လူအား ဆေးအားပါ အကူအညီပေးပြီး လူထုနဲ့ ပူးပေါင်း ဆောင်ရွက်လာတဲ့
အခြေအနေရတော့ ထိန်းနိုင်ပြီလို့ ပြောလို့ ရပါတယ်။ ဒါ ပေမဲ့ လျှော့လို့တော့ မရသေးပါဘူး။
အစွမ်းကုန် တားဆီးကာကွယ် နှိမ်နင်း တဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေဆဲ ဖြစ်သလို အသိပညာပေး
လုပ်ငန်းတွေ ကို မြှင့်တင်လုပ်ဆောင်နေပါတယ်''ဟု ရှမ်းပြည်နယ် စိုက်ပျိုးရေး ဦးစီး
ဌာန၊ သီးနှံကာကွယ်ရေးဌာနမှ လက် ထောက် ညွှန်ကြားရေးမှူး ဒေါ်သင်း သင်းလဲ့က ကမ္ဘောဇတိုင်းသို့
ပြော သည်။
.
ရှမ်းပြည်နယ်အတွင်း၌ သြဂုတ်လ ၂၇ ရက်အထိ ငမြှောင်တောင်ပိုး ကျ ရောက်နေသော
နေရာများနှင့် စိုက် ပျိုးဧကများမှာ ရှမ်းပြည်နယ် (တောင် ပိုင်း)၊ ရပ်စောက်မြို့တွင်
၁ ဧက၊ အင် တောတွင် ၁၅၈ ဧက (ကွင်းဆင်းစစ် ဆေးဆဲ)၊ ဆီဆိုင်တွင် ၅ ဧက၊ (ထိ ခိုက်ဧက ၁ ဒသမ
၅ ဧက)၊ နမ့်စန် တွင် ပိုးကျ ၁၁ဝ ဧက (ထိခိုက် ၃၅ ဧက၊ ပျက်စီး ၇၅ ဧက)၊ ရှမ်းပြည် နယ်
(မြောက်ပိုင်း) လားရှိုးတွင် ပိုးကျ ၂၈၁ ဧက (ထိခိုက် ၂၈၁ ဧက၊ ပျက် စီး ၂ ဧက)၊ သိန္နီတွင်
ပိုးကျ ၁၆၃ ဧက (ထိခိုက် ၁၆၃ ဧက၊ ပျက်စီး ၄ဝ ဒသမ ဝ၅ ဧက)၊ ကျောက်မဲတွင် ပိုး ကျ ၂၄၃ ဒသမ
၃၇ ဧက (ထိခိုက် ၉၂ ဒသမ ၁၈ ဧက၊ ပျက်စီး ၂ဝ ဧက)၊ သီပေါတွင် ပိုးကျ ၄၉၄ ဒသမ ၅ ဧက (ထိခိုက်
၎ဝ၃ ဒသမ ၅ ဧ က၊ ပျက်စီး ၉၁ ဧက)၊ နောင်ချိုတွင် ပိုးကျ ၁၃၈ ဧက (ထိခိုက် ၁၃၈ ဧ က၊ ပျက်စီး
၁၅ ဧက)တို့ဖြစ်ကာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် မတွေ့ ရှိရသေးကြောင်း သိရသည်။
.
ယခု ရှမ်းပြည်နယ်တွင် ကျရောက် နေသည့် ငမြှောင်တောင်ပိုးမှာ ပြည်
တွင်း၌ ယခင်ရှိပြီး ပိုးများ၏ မျိုးစိတ် များသာ ဖြစ်သည်ဟု အင်းဆက်ဖျက် ပိုးပညာရှင်
(Etomologist)များက စစ်ဆေးတွေ့ရှိထားကာ ပြည်တွင်းမျိုး စိတ်မှာ Spodoptera Litura နှင့်
Spodoptera exempta အစားကြီး သည့် ဖျက်ပိုးအမျိုးအစားများ ဖြစ် ကြောင်းနှင့် ရာသီဥတုပြောင်းလဲဖောက်
ပြန်မှု အခြေအနေများကြောင့် ဆိုးရွား စွာ ကျရောက်မှု အခြေအနေများ ဖြစ် ပေါ်ခဲ့ခြင်းဖြစ်သည်ဟု
စိုက်ပျိုးရေးဌာ နမှ ထုတ်ပြန်ထားသည်။
.
ယင်းငမြှောင်တောင်ပိုးများ ကာ ကွယ်နှိမ်နင်းသည့် နည်းလမ်းများမှာ
စိုက်ခင်းပတ်ဝန်းကျင် ပေါင်းမြက်များကို ရှင်းလင်းရန် ပိုတက်ရှ် မြေသြဇာကို မဖြစ်မနေ
သုံးရန်၊ ဥမြုံများနှင့် လောက် ကောင်များကို လူထုအင်အားဖြင့် ကောက်ယူဖျက်ဆီးရန်၊ ပင်စည်အရွက်
များတွင် ပြာမှုန့်၊ သဲမှုန့်နှင့် လွှစွာမှုန့် များ၊ ထုံး၊ ဆားနှင့် အဝတ်လျှော် ဆပ် ပြာများ
ထည့်ပေးရန်၊ အတွင်းရှိ ပိုးများ သေစေရန် ¤င်းနေရာများသို့ ရောက် အောင် ဆေးဖြန်းရန်၊
သဘာဝပိုးနှင် ဆေး၊ ပိုးပြေးဆေး (တမာ၊ ငရုတ်၊ဆေး ရွက်ကြီး)များ ပက်ဖြန်းရန် မိတ်ဆွေ
ပိုးများကို ထိန်းသိမ်းပေးရန် သီးနှံမစိုက် ပျိုးမီ မြေတွင်းသို့ ဓာတုပိုးသတ်ဆေး တစ်မျိုးမျိုး
ထည့်၍ ရုပ်ဖုံးများသေစေ ရေး ပြုလုပ်ရန်၊ စိုက်ခင်းပတ်လည် ၁ ပေခွဲ၊ ၁ ပေ မြောင်းတူးရန်၊
ပိုးသတ် ဆေး ယဉ်ပါးမှုမဖြစ်စေရန်နှင့် နံနက် စောစောနှင့် ညနေပိုင်းများတွင်သာ ဆေးဖြန်းခြင်း
ပြုလုပ်ရန်တို့ကို သီးနှံ ကာကွယ်ရေးဌာနစိတ်မှ အသိပညာ ပေးလျက်ရှိကြောင်း သိရှိရသည်။
.
.
.
#KBZTai #Shan