ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အစိုးရ၏ လမ်းညွှန်မှုဖြင့် ''ဆေးလိပ်ငွေ့ကင်းစင် ရှမ်း
ပြည်တစ်ခွင်''ကျောင်းအခြေပြု မီနီ မာရသွန်ပြိုင်ပွဲများကို ရှမ်းပြည်နယ် အားကစားနှင့်
ကာယပညာဦးစီးဌာန၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာ ရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့မှ
ပူးပေါင်း၍ သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၂၉ ရက်ထိ ရှမ်းပြည် နယ်အတွင်းမှ မြို့နယ်ပေါင်း
၂၄ မြို့ နယ်၌ ပြုလုပ်လျက်ရှိကြောင်း သိရ သည်။
.
.
''ဒီလို ပြိုင်ပွဲတွေ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်တော့ ကျောင်းသား လူ
ငယ်တွေကို အားလပ်ချိန်မှာ မူးယစ် ဆေးဝါးသုံးစွဲတာ၊ ဂိမ်းဆိုင်တွေ မ ရောက်အောင် စတဲ့
လမ်းမှားကို မ ရောက်စေဘဲ ဒီလို အားကစားမျိုးတွေ လေ့ကျင့်ရင်း ခန္ဓာကိုယ်ကျန်းမာသန် စွမ်းလာစေဖို့ပေါ့နော်။
ပြိုင်ပွဲအမျိုး အစားက ကျား၊ မ ခွဲပြီးတော့ ၄ မျိုး ပါဝင်မှာပါ။ ဆေးလိပ်ငွေ့ကင်းစင်
ရှမ်း ပြည်တခွင်ဆိုတဲ့ ခေါင်းစဉ်နဲ့ကျင်းပရ တဲ့ အကြောင်းအရင်းကတော့ ဆေး လိပ်သောက်တာ မကောင်းတဲ့ အ ကြောင်းကို ကျန်းမာရေးဌာနကနေ
ဟောပြောပွဲတွေ ပြုလုပ်ပေးနေတာ ရှိတယ်။ အဲဒါကြောင့်ကျောင်းသားလူ ငယ်တွေ သဘောပေါက်သွားအောင်၊
ဆေးလိပ် သောက်တာ မကောင်း ကြောင်း ငယ်ငယ်ကတည်းက သိသွား အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလို
ပြိုင်ပွဲတွေ ကျင်းပပြုလုပ်တာဖြစ်ပါတယ်''ဟု ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ
ပြည်နယ်ညွှန် ကြားရေးမှူး ဦးထန်အိတ်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
ထို့အတူ ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
ဒေါက်တာစိုင်းဝင်းဇော်လှိုင်ကလည်း ပွဲကျင်းပ ရခြင်းနှင့်ပတ်သက်၍ ''ကျောင်းသားလူငယ်တွေ
မူးယစ်ဆေးဝါးဘက် ကိုမရောက်ဘဲ ကျန်းမာသန်စွမ်းတဲ့ ကလေးတွေဖြစ်လာအောင်၊ မူးယစ်ဆေးတိုက်ဖျက်ရေးမှာ
တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုအောင် ပေါ့နော်။ နောက်တစ်ချက်က ဆေးလိပ် ဥပဒေက ၂ဝ၁၆ ကတည်းက
ပြဌာန်းထားတာပါ။ အဲဒီဥပဒေမှာ ဆေးလိပ် မသောက်ရတဲ့နေရာမှာ ဆေးလိပ်မ သောက်ဖို့၊ ဆေးလိပ်မကြော်ငြာရတဲ့
နေရာမှာ မကြော်ငြာဖို့ အဲဒါတွေကို ပြည်သူလူထုတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေဖို့အတွက်ပါ''ဟု
ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါ ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲများတွင် ပဉ္စမတန်း၊
ဆဋ္ဌမတန်း၊ သတ္တမတန်းကျောင်းသား/သူများ ပါဝင်သည့် ကျား/မပြိုင်ပွဲ ၂ မျိုးနှင့် အဌမတန်း၊
နဝမတန်း၊ ဒသမတန်းကျောင်းသား/သူများ ပါဝင်သည့် ကျား/မပြိုင်ပွဲ ၂ မျိုးဟူ၍ ပြိုင်ပွဲအမျိုး
အစား ၄ မျိုး ပါဝင်မည်ဖြစ်ပြီး ပြိုင်ပွဲ၌ အဆင့် ၁ မှအဆင့် ၁ဝ ရရှိသူများ ကို ပထမဆုမှ
ဒသမဆုအဖြစ်လည်း ကောင်း၊ အဆင့် ၁၁ မှ အဆင့် ၄ဝ ရရှိသူများအား နှစ်သိမ့်ဆုများအဖြစ် အသီးသီး
ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan