ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့နယ်အတွင်းရှိ ပြည်သူများမှ
ကျိုင်းတုံခရိုင် စားသုံးသူသတင်း ပြန်ကြားရေး တိုင်ကြားမှု လက်ခံဆောင် ရွက်ရေးစင်တာသို့
ဖုန်းဖြင့်သော်လည်း ကောင်း၊ လူကိုယ်တိုင်လာရောက်၍ သော်လည်းကောင်း တိုင်ကြားသည့် အမှုပေါင်း
၁၅ ခုထိ ရှိခဲ့ကြောင်း အဆိုပါ စင်တာမှ သိရသည်။
.
.
ကျိုင်းတုံခရိုင်စားသုံးသူ သတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ
ဆောင်ရွက်ရေးစင်တာသို့ စတင်ဖွင့် လှစ်ချိန်မှ လက်ရှိ ကာလအထိ တိုင် ကြားမှုပေါင်း ၁၅
ခု ရှိသည့်အနက် ၁၃ ခုအား ဖြေရှင်းဆောင်ရွက်ပေးပြီး ဖြစ် ကာ ၂ ခုအား ဖြေရှင်းပေးရန်
ဆောင် ရွက်နေဆဲဖြစ်ကြောင်း သိရသည်။
ဖြေရှင်းပေးရန် ဆောင်ရွက်နေဆဲ ဖြစ်သည့် အမှု ၂ ခုမှာ သြဂုတ်လ ၆ ရက်က
တိုင်ကြားခဲ့သည့် Myanmar Idol ၏ Voting ပေးခြင်းစနစ်သည် စား သုံးသူအကာအကွယ်ပေးရေးဥပဒေနှင့်
ညီ/မညီ စစ်ဆေးပေးရန် တိုင်ကြားမှုနှင့် စက်တင်ဘာလ ၃ ရက်က ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊
ယန္တရားဝန်းနေ ရာတွင် လူနေအိမ်များအနီး၌ ဝက်မွေး မြူ ရေးလုပ်ငန်းကြောင့် ပတ်ဝန်းကျင်
နေထိုင်ကြသူများမှ အနံ့အသက်ဆိုး များ နေ့စဉ်ခံစားနေရသဖြင့် ဖယ်ရှား ပေးရန် တိုင်ကြားခဲ့သော
အမှုများ ဖြစ် ကြောင်း သိရသည်။
.
''မြို့နယ် ရပ်ရွာအတွင်းမှာ ညှိနှိုင်း ဖြေရှင်းပေးလို့ ရနိုင်တဲ့
အမှုမျိုးဆိုရင် နေ့ချင်းပြီးဖြစ်စေ၊ တစ်ပတ်အတွင်း ဖြစ်စေ ဆောင်ရွက်ပေးနေပါတယ်။ ပြညောမေ
ှိုသူ လို ကိစ္စကိုတော့ နေ ပြည်တော်ရုံးချုပ်ကို ဆက်လက်တင် ပြထားဆဲ ဖြစ်ပါတယ်။ ခုနောက်ဆုံး
လက်ခံရရှိတဲ့ တိုင်စာနဲ့ပတ်သက်လို့ လည်း အမြန်ဆုံးညှိနှိုင်းဖြေရှင်းပေး သွားမှာ ဖြစ်ပါတယ်''ဟု
ကျိုင်းတုံခရိုင် စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင် ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ
မှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက ကမ္ဘောဇ တိုင်းသို့ ပြောကြားခဲ့သည်။
.
ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ယန္တရားဝန်း၌ နေထိုင်သည့် ဒေသခံ
တစ်ဦးက''ကျွန်တော်တို့နေတဲ့ ပတ်ဝန်း ကျင်က ဝန်ထမ်းမိသားစုတွေများပါ တယ်။ ကျွန်တော့်
မိသားစု အပါအဝင် ပတ်ဝန်းကျင်မှာ နေထိုင်ကြသူတွေအ တွက် မွေးမြူရေးတိရစ္ဆာန်အညစ် အကြေးကြောင့်
နေ့စဉ်အနံ့အသက် ဆိုးတွေကို ခံစားနေခဲ့ရတာကြာပါပြီ။ ခုတိုင်စာပေးပို့ရတဲ့ စင်တာရှိမှန်းကို
မ သိခဲ့ပါဘူး။ စည်ပင်သာယာကိုတော့ ၂ဝ၁၅ ခုနှစ်မှာကတည်းက တိုင်ထား ပေမယ့် ဘာအကြောင်းမှ
မထူးခဲ့ပါ ဘူး''ဟု ပြောကြားခဲ့သည်။
.
အဆိုပါ ကျိုင်းတုံခရိုင်စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု
လက်ခံဆောင်ရွက်ရေးစင်တာကို ကျိုင်းတုံမြို့တွင် ၂ဝ၁၇ ခုနှစ်၊ ဇူလိုင် လ ၂ ရက်မှ စတင်ဖွင့်လှစ်ထားခြင်း
ဖြစ်ပြီး စင်တာသို့ ဆက်သွယ်တိုင်ကြား လာသည့် အကြောင်းအရာများတွင် လူနေအိမ်များ အနီးရှိ
မွေးမြူရေးလုပ် ငန်းများ တည်ရှိနေမှုကို ဖယ်ရှားပေး စေလိုခြင်း၊ ဝက်ခေါက်ကြော်ခြင်း
ကြောင့် ဖြစ်ပေါ်သည့် အနံ့အသက် ဆိုးများကြောင့် ယင်းလုပ်ငန်းနေရာ များကို ဖယ်ရှားပေးစေလိုခြင်း
စသည့် အကြောင်းအရာများ အများဆုံး ပါဝင်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan