တောင်ကြီး၌ အဆောက်အဦ ဆောက်လုပ်မှု နည်းပါးခြင်းကြောင့် အိမ်ဆောက်ပစ္စည်းများ အရောင်းအဝယ်အေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး၌ အဆောက်အဦ ဆောက်လုပ်မှု နည်းပါးခြင်းကြောင့် အိမ်ဆောက်ပစ္စည်းများ အရောင်းအဝယ်အေး



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မိုးရာသီဖြစ်သည့်အတွက် အဆောက် အဦတည်ဆောက်မှု နည်းပါးခြင်း ကြောင့် အိမ်ဆောက်ပစ္စည်းများ ဖြစ်သော သဲ၊ ကျောက်နှင့် ဘိလပ်မြေ များ အရောင်းအဝယ် အေးနေကြောင်း  အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
.
 
.
''အိမ်ဆောက်ပစ္စည်းတွေဖြစ်တဲ့ ဘိလပ်မြေ၊ ကျောက်စရစ်နဲ့ သဲတွေ ဈေး နည်းနည်း ကျလာသလို အရောင်းအ ဝယ်ကလည်း အေးနေတယ်။ မိုးရာသီလည်း ဖြစ်သလို ဝယ်သူလည်းနည်းပါး နေတဲ့အတွက်ကြောင့်ပါ။ ကန်ထရိုက် တိုက်ကလည်း တည်ဆောက်သူက တော်တော်လေးကို နည်းပါးတဲ့ အနေအထားဖြစ်နေပါတယ်။ လက်ရှိမှာ ရောင်းအားလည်း ကျဆင်းလာတယ်။ ဝယ်ယူသူနည်းလာတယ်။ ဆောက်လုပ်ရေး ဈေးကွက်တင် လမကဘူး၊ အိမ်ဆောက်ပစ္စည်းရောင်းတဲ့ဆိုင်တွေ လည်း အရောင်းအဝယ်အေးနေကြ တယ်'' ဟုတောင်ကြီးမြို့ရှိ အုတ်၊ သဲ၊ ကျောက်ရောင်းဝယ်ရေး လုပ်ကိုင်သူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.
လက်ရှိ မိုးရာသီကာလတွင် နေ အိမ်၊ အဆောက်အဦတည်ဆောက် မှု နည်းပါးနေသည့်အပြင် ကန်ထရိုက် တိုက် တည်ဆောက်ကြသည့် ဆောက် လုပ်ရေး လုပ်ငန်းရှင်များအနေဖြင့်လည်း တည်ဆောက်မှု အနည်းငယ်သာရှိသည့် အခြေအနေကြောင့်  အိမ်ဆောက်ပစ္စည်းများ အရောင်းအဝယ်အေးနေခြင်းဖြစ်ကြောင်း သိရသည်။
.
''အခုလက်ရှိ အနေအထားက တော့ မိုးတွင်းဆိုတော့ နယ်ကတက် လာပြီး လာဝယ်ကြတဲ့လူတွေကလည်း နည်းပါးနေသလို မြို့ထဲမှာကလည်း အဆောက်အဦတွေက သိပ်မဆောက် ကြဘူးဆိုတော့ အရောင်းအဝယ်က တော့ အေးနေပါတယ်။ ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်စရစ်တွေကတော့ အရောင်းအဝယ် အေးနေပေမယ့် အ ထပ်သားတွေ၊ ကျောက်ပြား၊ြေ<ွကပြား တွေကတော့ နည်းနည်းရောင်းနေရ ပါတယ်။ မိုးကုန်ရင်တော့ အရောင်း အဝယ် ပုံမှန်ပြန်ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်''ဟု တောင်ကြီးမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ရှင် ကိုမင်းသူက ကမ္ဘောဇတိုင်းသို့ ပြော ကြားခဲ့သည်။
.
ဘိလပ်မြေဈေးနှုန်းများမှာ ဇူလိုင်လက ဘိလပ်မြေ (ဆင်တံဆိပ်) တစ်အိတ်လျှင် ငွေကျပ် ၅၉ဝဝ ရှိရာမှ သြဂုတ်လမှစ၍ တစ်အိတ်လျှင် ငွေကျပ် ၅၅ဝဝ အထိ ကျဆင်းလာပြီး ကျောက် စရစ် တစ်ကျင်းလျှင် ဇူလိုင်လက ငွေကျပ် ၆ဝဝဝဝ ကျော်ရှိရာမှ ယခု ရက်ပိုင်းတွင် ငွေကျပ် ၅ဝဝဝဝ အထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရသည်။
.
ထို့အပြင် သဲတစ်ကျင်းလျှင် ယ ခင်က ငွေကျပ် ၁ဝဝဝဝ ရှိရာမှ ယခု ရက်ပိုင်းတွင် ငွေကျပ် ၈ဝဝဝ ထိသာ ပေါက်ဈေးရှိနေပြီး အုတ်ဈေးနှုန်းများ မှာမူ အပြောင်းအလဲ မရှိဘဲ တစ်လုံး လျှင် ၁၁၅ ကျပ်နှုန်းရှိကြောင်း သိရ သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats