ရှမ်းပြည်နယ်အစိုးရအဖွဲ့၊
ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှု ၀န်ကြီး ဦးဆွေသိန်းသည် ယနေ့ စက်တင်ဘာလ ၂၇ ရက်၊
ညနေ ၃ နာရီခွဲခန့်က တောင်ကြီးမြို့ရှိ ၀န်ကြီးနေအိမ်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
.
" ပြည်နယ်
လျှပ်စစ်ဝန်ကြီး ဦးဆွေသိန်း ဒီညနေမှာ ဆုံးတယ်ဆိုတာ ဟုတ်ပါတယ်။ ကင်ဆာရောဂါ တစ်မျိုးကြောင့်ပါ။
အခုမှ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြဖို့ လုပ်နေပါတယ်" ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့
အတွင်းရေးမှူး ဦးစိုးစိုးဇော်က ကမ္ဘောဇတိုင်းသို့ အတည်ပြု ပြောကြားခဲ့သည်။
.
ဝန်ကြီး ဦးဆွေသိန်းသည်
ကွယ်လွန်ချိန်တွင် အသက် ၅၉ နှစ်အရွယ်ရှိပြီ ဖြစ်ကာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)
ကိုယ်စားပြု မိုးမိတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ်
ရွေးချယ်ခံရပြီးနောက် ပြည်နယ်ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရသူ ဖြစ်သည်။