နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ
ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းစစ်ဆေး ဆောင်ရွက်နေစဉ် သြဂုတ် ၃၁ ရက်က မော်တော်ဆိုင်ကယ် မောင်းနှင်၍
ဓါးနှစ်ချောင်း ကိုင်ဆောင်လာသူ တစ်ဦးအား မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း
လားရှိုးမြို့ အမှတ် ၁၁၉ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ သိရှိရသည်။
.
.
အမှတ် (၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များသည် လားရှိုးမြို့တော်ခန်းမအဝိုင်းပတ်တွင်
ဆိုင်ကယ်စီးသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်အတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများဆောင်ရွက်နေစဉ်
ဆိုင်ကယ် မောင်းလာသူ တစ်ဦး၏ လွယ်အိတ်အတွင်းမှ ဘိန်းဖြူဟုယူဆရသော ဖြူ၊ ဝါကြား အမှုန့်
၎ ဂရမ်ခန့်နှင့် အရိုးသွား ၂၉ လက်မရှိ ဓါးတစ်ချောင်း၊ ၁၇ လက်မရှိ ဓါးတစ်ချောင်းဆောင်ထားသူကို
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
"ပြန်ခုခံမယ့်အချိန် တပ်ဖွဲ့ဝင်တွေ ဝိုင်းဖမ်းလိုက်တာပါ လက်ဦးမှုရခဲ့လို့ပါ။
မူးယစ်ဆေးတွေပါလို့ မူးယစ်ကို အပ်ပေးခဲ့တာပါ။ အမှုဖွင့်ထားပါတယ်။ ၃ ဘီးဆရာကလည်း ဝိုင်းကူညီပေးခဲ့ပါတယ်"
ဟု အမှတ်(၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူးကျော်ခိုင်က ပြောသည်။
.
အဆိုပါ နေရာ၌ ယာဉ်ထိန်းတပ်ဖွဲ့များမှ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများဆောင်ရွက်စဉ်
ဓါးကိုင်ဆောင် ကာပြန်လည်ခုခံသူကို ဖမ်းမိခြင်းမှာ လက်ရှိအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်း
သိရသည်။
.
"မူးယစ်ဆေးတွေနဲ့ ဓါးနှစ်ချောင်းနဲ့တွေ့လို့ လာအပ်တယ်။ သက်ဆိုင်ရာပုဒ်မတွေနဲ့
အမှုဖွင့်ထားပါတယ်။” ဟု လားရှိုးမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက
ပြောသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများအား သုံးစွဲရောင်းချရန် လက်ဝယ်တွေ့ရှိသူ
လားရှိုးမြို့ ရပ်ကွက် (၉) ၊ ဗောဓိနှစ်ထောင် လမ်းနေ ဘူဒတ်ဗဟာဒူး(ခ)ကျော်ကျော် ၂၉ နှစ်အား
လားရှိုးမြို့မ ရဲစခန်းမှ (ပ)၁၇၉/၂၀၁၈၊မူးယစ်ပုဒ်မ ၁၉(က)/၂၂(ခ) တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း
သိရသည်။
.
.
.
#KBZTai #Shan