ဆရာယဉ်မင်းအောင်
.
၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်မှ စက်တင်ဘာလ ၅ ရက် အထိ
.
၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်မှ စက်တင်ဘာလ ၅ ရက် အထိ
.
တနင်္ဂနွေ
.
ဆွေမျိုးများနဲ့ စကားများရမည်။ အိမ်တွင်းရေး သောကနည်းနည်းရောက်မည်။
အတိုက်အခံတွေ့လိမ့်မည်။ စိတ်ရှုပ်ထွေးစေမည့် ကာလများဖြစ်သည်။ ပိုင်ဆိုင်ပြီးသော ငွေ၊
ရွှေ စသည် ပြန်လည်ထွက်ခွာသွားမည်။ ငွေ ဝင်ငွေကြပ်ကာလဖြစ်သည်။ စီးပွားရေးအလုပ်အကိုင်များ
ခက်ခဲသော်လည်း မကြာခင် ကောင်းလာတော့မည်။ ကုန်သည်များမှာ ကုန်ပစ္စည်းဆုံးရှုံးနစ်နာလိမ့်မည်။
ဝန်ထမ်းများ အခက်အခဲ အကြပ်အတည်းနည်းနည်းကြုံ မည်။ ပွဲစားများ ငွေအသင့်သင့် ဝင်ပါမည်။
ငယ်သူများ အချစ်ရေးကိစ္စတွင် ချစ်သူနဲ့ ပြန်လည်အဆင်ပြေမည်။ ချစ်သူက ပြန်လာချော့မည်။
ကျန်းမာရေးကိစ္စများတွင် ဆီးပူခြင်း၊ ဆီးချုပ်ခြင်းကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ(၃/၈/၉)ဖြစ်သည်။
ယတြာ။ ကြီးသူတစ်ဦးဦးကို
မုန့်လှူပါ။
.
တနင်္လာ
.
ဆိုင်ကယ်အရောင်းတည့်မည်။ မထင်မှတ်သော ငွေကြေးအောင်မြင်မှုများ ရလိမ့်မည်။
ထီပေါက်လိမ့် မည်။ အလိုရှိသော ပစ္စည်းဝင်လာမည်။ ကွဲကွာနေသော သူငယ်ချင်း ပြန်ဆုံပါမည်။
စီးပွားရေးအခွင့်အလမ်း သစ်တို့ပေါ်မည်။ မိတ်ဆွေကောင်းကြောင့် အလုပ်သစ်တွေ့မည်။ ငယ်သူအတွက်
ငွေကုန်မည်။ ကုန်သည်များမှာ အရောင်းအဝယ်နည်းနည်းပါးနေမည်။ ဝန်ထမ်းများအလုပ်ကိစ္စများပြား
ရှုပ်ထွေးမည်။ ပွဲစားများ အပေါင်ကိစ္စ ဖြစ်မည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူက အစားကောင်းကျွေးမည်။
အတူလည်ရမည်။ ကျန်းမာရေး ကိစ္စတွင် ရေချိုးမှားမည် သတိထားပါ။ ကံကောင်းစေသော ဂဏန်းမှာ(ဝ/၅/၇)ဖြစ်သည်။
ယတြာ။ ခိုစာကျွေးပါ။
.
အင်္ဂါ
.
ဖုန်းပျောက်မည်။ ပျက်မည်။ ကျကွဲမည်။ လုပ်ဖော်ကိုင်ဖက်များနဲ့ အငြင်းပွားမည်။
ငွေစာရင်းကွာဟလိမ့်မည်။ စီးပွားရေးကြား လူကြောင့်မြတ်မည့်အလုပ်ပျက်သွားမည်။ အိမ်ထောင်ရှိသူများ
စွပ်စွဲခံရမည်။ ထူးခြား သော အိပ်မက်၊ နိမိတ်များရမည်။ ဘာသာရေးကိစ္စ ဆောင်ရွက်နိုင်မည်။
ရန်နည်းနည်းကြုံမည်။ အထူးဆိုး တော့ မရှိပါ။ ကုန်သည်များ အရောင်းအဝယ် ကိစ္စ ဖြေရှင်းရမည်။
စကားများမည်။ ဝန်ထမ်းများ အထက်ကြီး သူများ သဘောကျ ချီးမြှောက်ခံရမည်။ ပွဲစားများ ဘာမှ
မထူးခြားသော ကာလဖြစ်သည်။ ငယ်သူများ အ ချစ်ရေးတွင် ချစ်သူနဲ့ လမ်းခွဲခြင်း၊ ယာယီမခေါ်ပြောခြင်းကြုံမည်။
ကျန်းမာရေးကိစ္စတွင် ဝမ်းပျက်မည်။ ကံ ကောင်းစေသော ဂဏန်းမှာ(၁/၆/၉)ဖြစ်သည်။
ယတြာ။ စေတီမှာ ရွှေတံခွန်လုံးတစ်ခုလှူပါ။
.
ဗုဒ္ဓဟူး
.
ကားအရောင်းတည့်မည်။ ကားမရှိသူများ မိတ်ဆွေ၏ ကားကို စီးရလိမ့်မည်။
မရောက်ဖူးသော နေရာ ရောက်မည်။ စီးပွားရေးငွေကြေးများများ ဝင်လာမည်။ အလိုရှိသော သူ (သို့)
ပစ္စည်းအားတွေ့လိမ့်မည်။ လူယုံ သစ္စာဖောက်ပါမည်။ တစ်ခုလပ်များကြောင့် အထင်လွဲခံရမည်။
အဝတ်အစားသစ်ဝင်မည်။ သတင်းကောင်းကြား မည်။ ကုန်သည်များ သိပ်မထူးခြားဘဲ အချိန်ကုန်နေမည်။
ဝန်ထမ်းများ ခွင့်ယူရမည်။ အလုပ်သက်သာခွင့်ရ မည်။ ပွဲစားများမှာ အလုပ်ကြီးဖြစ်ကံပေါ်နေပါသည်။
ငယ်ရွယ်သူများမှာ ချစ်သူပေးသော တန်ဖိုးကြီး လက် ဆောင်ရမည်။ ကျန်းမာရေးကိစ္စတွင် ပြန်လည်ကောင်းမွန်လာမည်။
အထူးညံ့မရှိပါ။ ကံကောင်းစေသော ဂဏန်းမှာ(၄/၇/၈)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ချိုချဉ်လှူပါ။
.
ကြာသပတေး
.
ကားဝယ်ခြင်း၊ ကားပြင်ခြင်း၊ ကားအလဲအထပ်ပြုခြင်းကြုံမည်။ မနာလိုခံရမည်။
အပူသည် အိမ်ပေါ်တက် လာမည်။ သူတစ်ပါး ကိစ္စတာဝန်မခံရ အမှုပတ်လိမ့်မည်။ မစားဖူးသော အစားကောင်းစားရမည်။
ခရီးဝေးမှ ဧည့်သည်လာမည်။ လက်ဆောင်ကောင်းရမည်။ တောင်ပေါ်ဘုရားများ သွားဖူးရမည်။ နေအိမ်သို့
အပင်အမျိုး မျိုး ဝင်လာနိုင်သည်။ ကုန်သည်များမှာ တပည့်အတွက် ငွေကုန်မည်။ ဝန်ထမ်းများ
အလုပ်မှားယွင်းဆောင် ရွက်မိတတ်ပါသည်။ ပွဲစားများမှာ ငွေချေးပေးခြင်းမှ ပွဲခရလိမ့်မည်။
ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူ မရှိသေးသူဖြစ်က ချစ်ခွင့်တောင်းခံလိမ့်မည်။ ရှိပြီးသူများ
ချစ်သူနဲ့ တွေ့ဆုံခွင့်တောင်းခံလိမ့်မည်။ ကျန်းမာရေး ကိစ္စ အကြောတင်ခြင်း၊ သွေးတက်ခြင်း
နည်းနည်းဖြစ်လိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၅/၉) ဖြစ်သည်။
ယတြာ။ စေတီမှာ ပန်းနီ
၅ ပွင့်လှူပါ။
.
သောကြာ
.
ခရီးဝေးသွားရမည်။ စိတ်ပျော်ရွှင်ရမည်။ ကြီးမားသော တန်ဖိုးကြီးပစ္စည်းဝင်မည်။
နေအိမ်အတွင်း သူခိုး ကပ်လိမ့်မည်။ သတိထားပါ။ အရေးကြီးသော သော့များလည်း ပျောက်ဆုံးနိုင်ပါသည်။
စီးပွားရေးအထူးကောင်း လာမည်။ ငွေစုပုံမြတ်တော့မည်။ ထီလည်းဧကံပေါက်လိမ့်မည်။ သားသမီးအတွက်
ငွေကုန်ပါမည်။ ကောင်း သောကုန်ခြင်းဖြစ်သည်။ ကုန်သည်များ အရောင်းကောင်းလာမည်။ ဝန်ထမ်းများ
အလုပ်ပြောင်းရခြင်း၊ မပျော် ခြင်း ကြုံမည်။ ပွဲစားများမှာ အသေးစား အလုပ် မကြာခဏဖြစ်မည်။
ငယ်သူများ အချစ်ရေးတွင် ချစ်သူနှင့် အတူ လည်ပတ်ရမည်။ စားသောက်ဆိုင်ကောင်းရောက်မည်။
ကျန်းမာရေးကိစ္စများတွင် ဖျားလိမ့်မည်။ ကံ ကောင်းစေသော ဂဏန်းမှာ (ဝ/၆/၈)ဖြစ်သည်။
ယတြာ။ ဘုရားမှာ သစ်သီးလှူပါ။
.
စနေ
.
ရည်ရွယ်ချက်အသစ်များ ဖြစ်နေမည်။ ခရီးသွားရန် စီစဉ်လိမ့်မည်။ မိတ်ဆွေများကြောင့်
စိတ်ပျော်ရွှင်မည်။ အလုပ်ကောင်းမည်။ အခက်အခဲတော့ ကျန်နေဦးမည်။ အစားအသောက်မှားတတ်သည်
သတိထားပါ။ အိမ် ထောင်ရေး၊ အိမ်တွင်းရေးနည်းနည်းကောင်းစပြုလာပြီ။ အိမ်ငှားနေသူများ စိတ်ညစ်ရမည့်
ကာလဖြစ်ပါသည်။ ကုန်သည်များမှာ ပစ္စည်းစာရင်းကွဲလွဲနေမည်။ ပြန်စစ်ပါ။ ဝန်ထမ်းများ လက်ဆောင်ကောင်းရမည်။
ပွဲစားများ ဘာမှ မထူးခြားသေးချေ။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူ၏ အားပေးစကားကြောင့်
စိတ်ညစ်တာပြေ ပျောက်လိမ့်မည်။ လှပသော ပစ္စည်းဝင်လာမည်။ ကျန်းမာရေးကိစ္စတွင် လျှာနာမည်။
ကံကောင်းစေသော ဂဏန်းမှာ (၂/၄/၅)ဖြစ်သည်။
ယတြာ။ စေတီမှာ ထီးဖြူ
၁၁ လက်လှူပါ။
.
.
.
#KBZTai #Shan