ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စု ကားလမ်းမတွင် ည ၇ နာရီ နောက်ပိုင်း၌
မော်တော်ယာဉ်များ ဖြတ် သန်းမောင်းနှင်ခြင်း မပြုရန် သြဂုတ် လ ၁၇ ရက်က စတင်၍ သတ်မှတ်
ထားသော်လည်း မော်တော်ယာဉ် မောင်းနှင်သူများအနေဖြင့် လိုက်နာ ဆောင်ရွက်မှု အားနည်း နေကြောင်း
သိရ သည်။
.
.
ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ကျိုင်းတုံမြို့ နယ်၊
ပန်ကြူကျေးရွာနှင့် မိုင်းပျဉ်းမြို့ နယ် နောင်ချိုကျေးရွာတွင် မော်တော် ယာဉ်များအားလုံး
မိုးရာသီ ကာလအ တွင်း၌ ည ၇ နာရီ နောက်ပိုင်း ဖြတ် သန်းမောင်းနှင်ခြင်း မပြုဘဲ ညအိပ်ရပ်
နားထားရန်အတွက် ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူးရုံး၌ သြဂုတ်လ ၁၅ ရက်က ပြုလုပ်သည့်
ကျိုင်းတုံ- တောင် ကြီးလမ်းအပိုင်းတွင် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစေရေး အ စည်းအဝေးကို
ကျင်းပပြုလုပ်ကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ကျိုင်းတုံခရိုင် လမ်းဦးစီးဌာနနှင့် လမ်းအထူးအဖွဲ့ (၃)မှ ကျိုင်းတုံ-
တောင်ကြီးလမ်းရှိ အများမြင်သာသည့် နေရာများ၌ သတိပေးဆိုင်းဘုတ်များ ဖြင့် အသိပေးထားသည့်အပြင်
တာချီ လိတ်ခရိုင်နှင့် ကျိုင်းတုံခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ မော်တော်ယာဉ်လိုင်း
များထံသို့လည်း ကျိုင်းတုံခရိုင် စီမံခန့် ခွဲမှု ကော်မတီမှ အသိပေးအကြောင်း ကြားစာများ
ပေးပို့ထားသော်လည်း မော်တော်ယာဉ် မောင်းနှင်သူများမှ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်နေ
ကြခြင်း ဖြစ်ကြောင်း လမ်းတည်ဆောက် ရေး ဝန်ထမ်းများထံမှ သိရသည်။
.
''မိုးတွင်းကာလဖြစ်ပြီး လမ်းဘေး မှာရှိနေတဲ့ တောင်နံရံတွေက ကျောက်
ရော သဲမြေအမျိုးအစား ဖြစ်နေတော့ ညအမှောင်မှာ မြင်ကွင်းမကောင်းလို့ ဖြတ်သန်းမောင်းနှင်မယ်ဆိုရင်
တောင် ပြိုကျပြီး ယာဉ်နဲ့ ခရီးသည်တွေ၊ ကုန် ပစ္စည်းတွေ ထိခိုက်ပျက်စီးမယ့် အန္တ ရာယ်
ဖြစ်နိုင်တာကြောင့် တာဝန်ရှိသူ တွေက ယာယီ ထိန်းသိမ်းပေးတဲ့ သ ဘော ဖြစ်ပါတယ်။ စည်းကမ်းလိုက်
နာမှု အားနည်းနေတာမျိုးတွေကို တွေ့ မြင်နေရပါတယ်''ဟု လမ်းအထူးအဖွဲ့ (၃)မှ ဆောက်လုပ်ရေး
အင်ဂျင်နီယာ ဦးလှမြင့်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
အဆိုပါ သတ်မှတ်ချက်အပေါ် ပျက်ကွက်နေရခြင်းနှင့် ပတ်သက်၍ မော်တော်ယာဉ်
မောင်းနှင်သူများထံသို့ ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာ ''ညအိပ်ရပ်နားဖို့ သတ်မှတ်လိုက်တာ
ကြောင့် တာချီလိတ်ကနေ ရန်ကုန်၊ မန္တလေး၊ မကွေးဖက်ကို သွားမယ့် ခရီးသည်တွေက လမ်းမှာ ၂
ညအိပ် ခရီး ဖြစ်တဲ့အတွက် ငွေကုန်၊ အချိန် ကုန်၊ များသွားနိုင်ပါတယ်။ ကားသ မားအနေနဲ့လည်း
တာချီလိတ်ကနေ တောင်ကြီးကို လမ်းတစ်ညအိပ်နဲ့ ရောက်အောင် မောင်းဖို့ မလွယ်ကူ ပါဘူး။ ပန်ကြူနဲ့
တောင်ကြီးက မိုင် ၂၇ဝ ကျော်၊ တောင်တက်/ဆင်း ခရီး ဖြစ်လို့ ဝေးနေပါတယ်။ တောင်ကြီးကို
ညမိုးချုပ်မှ ရောက်မှာ ဖြစ်လို့ ခရီး သည်တွေ ပိုဒုက္ခရောက်မှာကြောင့် အန္တရာယ်ကို သိပေမယ့်လည်း
အရဲ စွန့်ပြီး မောင်းနှင်နေရတာ ဖြစ်ပါ တယ်။''ဟု ပြောဆိုခဲ့သည်။
.
တာချီလိတ်-ကျိုင်းတုံ-တောင် ကြီး ခရီးစဉ်သည် စုစုပေါင်းလမ်း အ ရှည်
၃၈၃ မိုင်ခန့် ကွာဝေးပြီး တောင် တက်/ဆင်း လမ်းများဖြစ်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်
တောင် မြေစာ ပြိုကျမှု ဖြစ်ပွားခဲ့သဖြင့် လမ်း ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်းလည်း
သိရသည်။
.
.
.
#KBZTai #Shan