ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် စာရင်းရေး၊
စာရင်းကိုင်နှင့် ကွန်ပျူတာစာရင်းကိုင် သင်တန်းကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ
ပြည်နယ်သမဝါယမ သင် တန်းကျောင်းတွင် အောက်တိုဘာလ ၁ ရက်မှစတင် ဖွင့်လှစ်သင်ကြား ပေးသွားမည်
ဖြစ်ကြောင်း သိရသည်။
.
.
သင်တန်းကာလမှာ ၃ လခွဲကြာ မြင့်မည်ဖြစ်ပြီး သင်တန်းတွင် စာရင်း ကိုင်(၁)၊
(၂)၊ ကွန်ပျူတာ အခြေခံနှင့် စာရင်းကိုင် ကွန်ပျူတာဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
''အခုအသစ်ပြန်ဖွင့်မှာက ၁ဝ လပိုင်း ၁ ရက်နေ့ကို ပြန်ဖွင့်မှာပါ။
သင်တန်းကာလ ၃လခွဲ ကြာမှာပါ။ သင်တန်းနာမည်က လက်မှတ်ရစာ ရင်းရေး၊ စာရင်းကိုင်နှင့် စာရင်းကိုင်
ကွန်ပျူတာသင်တန်းပါ။ တောင်ကြီးက တော်တော်များများ လူငယ်တွေရော၊ ညောင်ရွှေ၊ ရွှေညောင်၊
ဟိုပုံး၊ ရပ် စောက် အစရှိတဲ့ မြို့ကလူတော်တော် များများ လာတက်ကြပါတယ်။ သူ တို့ခေါ်တာကတော့
ဃဗြ ပေါ့။ ဃဏဗ တော့ မဟုတ်ဘူး။ မတူဘူး။ ဃဏဗ ကတော့ စာရင်းစစ်ချုပ်က ပေးတာ ဃဗြ(ဃနမအင်ငခအေန
သ် သြသု-ုနနစငညါ ရ ဗခခသကညအညေခပ)က သမဝါယမဦးစီးဌာနကပေးတာပါ။'' ဟု ရှမ်းပြည်နယ် သမဝါယမသင်တန်း
ကျောင်းမှ ကျောင်းအုပ်ကြီး ဦးတက် ထွန်းအောင်က ကမ္ဘောဇတိုင်းသို့ ပြော ကြားခဲ့သည်။
.
အဆိုပါ သင်တန်းကို ယခုနှစ်အ တွင်း တောင်ကြီးမြို့၌ ဒုတိယအကြိမ်မြောက်
ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်း တက်ရောက်လိုသူများ အနေဖြင့် သင်တန်းကြေးအဖြစ် ငွေ ၂ဝဝဝဝ
ကျပ် ပေးသွင်းရမည်ဖြစ်ကြောင်းနှင့် သင် တန်းသားဦးရေ ၁ဝဝ ခန့်သာ လက်ခံ သင်ကြားပေးသွားမည်
ဖြစ်ကြောင်း သိရသည်။
.
''သင်တန်းဖွင့်ရတဲ့ ရည်ရွယ်ချက် က နယ်တွေမှာ သင်တန်းကျောင်းတွေ
နည်းတယ်။ ရန်ကုန် မန္တလေးတွေမှာက သင်တန်းတွေများတယ်။ ဒါကြောင့် နယ်တွေကို ပိုအားထားပြီးတော့
ဦးစီး ဌာနရုံးချုပ်ရဲ့ ညွှန်ကြားချက်နဲ့ဖွင့်တာ ပါ။ နယ်မှာရှိတဲ့သူတွေက ပညာရေး ကို
လိုလားပေမယ့် သင်တန်းတွေတက် ဖို့ အခက်အခဲတွေရှိတဲ့အတွက် ဒီ သင်တန်းမျိုးတွေဖွင့်ပေးတာပါ။
နောက် တစ်ချက်ကဘာလဲဆိုတော့ ငွေကြေး တတ်နိုင်တဲ့ ကလေးတွေထက် ပညာ ရေးကို လိုလားသော်လည်း
ငွေကြေး မပြည့်စုံတဲ့ အခြေခံလူတန်းစားတွေ အတွက် အလုပ်အကိုင်အခွင့်အလမ်း တွေ ဖန်တီးပေးနိုင်အောင်၊
စီးပွားရေးနဲ့ ပတ်သက်တဲ့ အသိပညာတိုးတက် လာစေဖို့၊ စာရင်းအင်းတွေရဲ့ သဘော တရားတွေ နားလည်လာစေဖို့အတွက်
သင်တန်းတွေကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါတယ်'' ဟု ဦးတက်ထွန်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏
ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။
.
သင်တန်းဝင်ခွင့်လျှောက်လွှာများ ကို စက်တင်ဘာလ ၁ ရက်မှ စတင် ၍ ရောင်းချပေးသွားမည်ဖြစ်ပြီး
သင် တန်းတက်ရောက်၍ စာမေးပွဲဖြေ ဆို အောင်မြင်ပါက သင်တန်းဆင်း လက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်
သည့်အပြင် သင်တန်းဆင်းလက်မှတ် ရရှိသူများကို
အလုပ်အကိုင်အခွင့်အ လမ်းများရရှိစေရေးအတွက် ဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
.
.
.
#KBZTai #Shan