နောင်(မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အများပြည်သူများ တည်ငြိမ်းအေးချမ်းစွာ
နေထိုင်နိုင်ရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် မြို့တွင်း၊ မြို့ပြင်များကို မြေပြင်၊
ဝေဟင်လှည့်ကင်း၊ ဝပ်ကင်းများဖြင့် သြဂုတ် ၃၁ ရက်က စတင်ကင်းလှည့် စစ်ဆေးမှုများလုပ်ဆောင်လျက်ရှိကြောင်း
လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှ သိရှိရသည်။
.
.
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့်
နယ်မြေ ငြိမ်းချမ်းစေရန် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူစစ်များဖြင့်
လိုက်လံကာလှည့်ကင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
"လုံခြုံရေးကိုရှေ့ရှုပြီးတော့ လုပ်ဆောင်နေတဲ့ ရဲလုပ်ငန်းစဉ်တွေကို
တပ်မတော်ရယ်၊ ပြည်သူ့စစ်တွေရယ် ပူးပေါင်း ပြီးတော့ မြို့တွင်းမှ လှည့်ကင်း၊ ဝပ်ကင်း၊
ရပ်ကင်းတွေနဲ့ လှည့်တာဖြစ်ပါတယ်။ မြို့ပြင်ကိုလည်းသွားပါတယ်"ဟု လားရှိုးမြို့နယ်
ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကပြောသည်။
.
အဆိုပါ ကင်းလှည့်စစ်ဆေးရာတွင် စစ်ကြောင်း ၃ ကြောင်း၊ လမ်းကြောင်း
၃ ကြောင်းဖြင့် လှည့်ကာ ဆောင်ရွက် နေခြင်းဖြစ်ပြီး ပြည်သူအများမှ ကူညီဆောင်ရွက်ခြင်းများကြောင့်လည်း
မှုခင်းများကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
.
"အခုလို ဆောင်ရွက်နေတာတွေ့ရလို့ စိတ်ချမ်းသာစွာနေရတယ်လို့
ပြောလို့ရပါတယ်။ ဒါကြောင့် အားပေးပါတယ်။ မကြာခဏလုပ်ဆောင်ပေးဖို့လည်း တောင်းဆိုပါတယ်"ဟု
လားရှိုးမြို့ ဒေသခံ ဦးကျော်လွန်ခေါင်က ပြောသည်။
.
အဆိုပါ လှည့်ကင်းများဆောင်ရွက်ရာတွင် တပ်မတော်စစ်သည်ယာဉ်များ၊ သံချပ်ကာ
အမြောက်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လှည့်ကင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇
ခုနှစ်ကလည်း အလားတူ လှည့်ကင်းဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan