သမ္မတဟောင်း စဝ်ရွှေသိုက်၏ ကြေးရုပ်တုဖွင့်ပွဲကို ညောင်ရွှေမြို့တွင် ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သမ္မတဟောင်း စဝ်ရွှေသိုက်၏ ကြေးရုပ်တုဖွင့်ပွဲကို ညောင်ရွှေမြို့တွင် ပြုလုပ်မည်



စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ ဖြစ်သော ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏ ကြေးရုပ်တုဖွင့်ပွဲကို အောက်တိုဘာလ ၁၉ ရက်တွင် ရှမ်းပြည် နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့၌ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ 
.
.
'' ညောင်ရွှေဘုရားပွဲတော်အပြီး နောက်တစ်ရက်မှာလုပ်ဖို့ လျာထားပါ တယ်။ ရုပ်တုကို ကျွန်တော်တို့သွား ကြည့်မယ်။ ဒါနဲ့ ပတ်သက်ပြီး ကော်မ တီဖွဲ့ထားပါတယ်။ စော်ဘွားကြီးရဲ့ ဆွေမျိုးတွေလည်း ပါဝင်တယ်။ ကြေး ရုပ်တုရဲ့ ကုန်ကျငွေကတော့ Óာဏ်ပူ ဇော်ခကြီးပဲ ကျပ်သိန်း ၆ဝ ကုန်ကျ မှာ ဖြစ်ပါတယ်။ တခြားဟာတွေမပါ ပါဘူး''ဟု ညောင်ရွှေမြို့နယ် မဲဆန္ဒ နယ်အမှတ်(၁)မှ ရှမ်းပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကြေးရုပ်တုမှာ သမ္မတ ဝတ်စုံဖြင့် မတ်တပ်ရပ်ပုံစံဖြစ်ပြီး မန္တ လေးမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ရုပ် တုကို ညောင်ရွှေမြို့ရှိ စော်ဘွား ကြီး၏ ဂူဗိမာန်နေရာတွင် ထားရှိသွား မည်ဖြစ်ကြောင်း သိရသည်။
.
"အစီအစဉ် အသေးစိတ်တော့မသိ ရသေးဘူး။ ရုပ်တုကိုတော့ မန္တလေး မှာ အပ်ထားတယ်။ အဲဒီဟာကို ကျွန် တော်တို့ ကော်မတီဖွဲ့ပြီးဆောင်ရွက် နေပါတယ်။ ရုပ်တုကိုတော့ မင်္ဂလာ ရပ်ကွက်မှာရှိတဲ့ ကျောက်တိုင်ကွင်းနဲ့ မျက်နှာချင်းဆိုင် စော်ဘွားကြီးရဲ့ အုတ် ဂူရှေ့မှာထားဖို့ ဆုံးဖြတ်ထားပါတယ်'' ဟု ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ စော်ဘွားကြီး စဝ်ရွှေသိုက်၏ ကြေးရုပ်တုဖြစ်မြောက်ရေးအ တွက် ရန်ပုံငွေများကို စော်ဘွားကြီး၏ ဆွေးမျိုးများနှင့် ဒေသခံပြည်သူများ၊ အခြားအလှူရှင်များက လှူဒါန်းခဲ့ကြ ခြင်းဖြစ်ကြောင်း သိရသည်။
.
သမ္မတဟောင်း စဝ်ရွှေသိုက်သည် ပင်လုံစာချုပ်ချုပ်ဆိုရန် အဓိကအခန်း ကဏ္ဍမှ ကူညီကြိုးပမ်းခဲ့သူဖြစ်ပြီး ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက် ၌ တိုင်းပြုပြည်ပြုလွှတ်တော် တတိယ အကြိမ်ညီလာခံတွင် နိုင်ငံတော်ယာ ယီသမ္မတအဖြစ် ရွေးကောက်တင် မြှောက်ခံရကာ သမ္မတအဖြစ် ၁၉၅၂ ခုနှစ်၊ မတ်လ ၁၂ ရက်အထိ တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
.
ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီမှ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် နိုင်ငံတော် အာဏာကို သိမ်းပိုက်ကာသမ္မတ ဟောင်းစဝ်ရွှေသိုက်ကို ဖမ်းဆီးထိန်း သိမ်းခဲ့ပြီးနောက် ၁၉၆၂ ခုနှစ်၊ နိုဝင် ဘာလ ၂၁ ရက်တွင် အင်းစိန်ထောင်၌ ကွယ်လွန်ခဲ့ကြောင်းနှင့် သမ္မတဟောင်း ကွယ်လွန်ချိန်တွင် အသက် ၆၆ နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။
.
သမ္မတဟောင်း ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်သည် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာတွင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် နိုင်ငံတော်မှ ချီးမြှင့်သော အဂ္ဂမဟာသရေ စည်သူဘွဲ့၊ အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ များကိုလည်း ရရှိခဲ့ကြောင်းသိရသည်။
 .
.
.
#KBZTai #Shan

Journal Download

Photo of three cats