မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
"ဝ"တပ်ဖွဲ့၏
ဒုတိယစစ်ဦးစီးမှူးဖြစ်သူ တာ့ကျိုင်းဆမ်သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သြဂုတ်လ
၂၅ ရက်က ကွယ်လွန်ခဲ့ပြီး သြဂုတ်လ ၃၀ ရက်တွင် ဌာနချုပ်ရှိရာ ပန်ဆန်း၌ သဂြိုဟ်ခဲ့ကြောင်း "ဝ"တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ
လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်း ထံက သိရသည်။
.
.
"သွေးကင်ဆာနဲ့
ဆုံးတာပါ။ အသက်ကတော့ ၆၃ နှစ်ပါ၊ ဗဟိုကော်မတီဝင်လည်းဖြစ်ပါတယ်။ ချင်းမိုင်က ပန်ဆန်းကို
သယ်ဆောင်ပြီး သဂြိုဟ်ခဲ့ပါတယ်"ဟု ဦးညီရမ်းက ပြောသည်။
ကွယ်လွန်သူ
တာ့ကျိုင်းဆမ်သည် ကနဦး "ဝ"တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကာ ၁၉၈၀ ခုနှစ်များက တပ်ရင်းမှူးတာဝန် ထမ်းဆောင်ခဲ့သူ
တစ်ဦးဖြစ်ပြီး၊ ဗမာပြည်ကွန်မြူနစ်ပါတီမှ UWS "ဝ"တပ်ဖွဲ့ တပ်မဟာ(၄၁၈) ဖွဲ့စည်းချိန်တွင် ယင်းတပ်မဟာ၏ စစ်ဦးစီးမှူးတာဝန်ထမ်းဆောင်ခဲ့ကာ
ကွယ်လွန်ချိန်တွင် ဒုတိယစစ်ဦးစီးမှူး တာဝန် ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
.
လက်ရှိ UWS`၀`တပ်ဖွဲ့ကို
ဦးပေါက်ယူချန်းမှ UWSP ပါတီနှင့်တပ်ပိုင်းဆိုင်ရာ
ဦးဆောင်မှုကို ရယူထားကြောင်း သိရှိရသည်။
.
.
.
#KBZTai
#Shan