နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် မိုးအတန်အသင့်သာရွာသွန်းခဲ့သော်လည်း
ရပ်ကွက် (၁) နယ်မြေ (၉) ရှိ နားမခေါ်ချောင်းဘေးတွင် နေအိမ်များ ဆောက်လုပ်လာခြင်းကြောင့်
ချောင်းကော လာပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။
.
.
လားရှိုးမြို့တွင် သြဂုတ် ၂၉ ရက်၊ ညပိုင်းမှ စတင်ရွာသွန်းခဲ့သောမိုးကြောင့်
သြဂုတ် ၃၀ ရက်တွင် ရပ်ကွက်အ ချို့၊ ဈေးအချို့၌ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည့်အပြင်
နားမခေါ်ချောင်း ကျဉ်းမြောင်းပြီး တိမ်လာခြင်းကြောင့် အနိမ့်ပိုင်းများသို့ ရေဝင်ရောက်ပြီး
ရေဝပ်နေကြောင်း သိရသည်။
"၂၉ ရက်၊ ညပိုင်းနဲ့ မိုးလင်းချိန်လောက်မှာရွာတဲ့မိုးကြောင့်
ရေကြီးလာ တာပါ။ မိုးရေကတော့နည်းပါတယ်။ မူလရှိတဲ့ ချောင်းကို အိမ်တွေကပိတ်လိုက် လို့ ချောင်းရေ ကနေပြီးတော့
ရေကြီးလာတာပါ။ ဒီတိုင်းသွားနေတဲ့ချောင်းကို အိမ်ပတ်ပြီးမှ ချောင်းတစ်ခုဖောက်ပေး တယ်။
ကွေ့ပတ်ပြီးသွားရတော့ ရေတွေက လမ်းပေါ်လျှံပြီး ကျွန်မတို့ မရှိဆင်းရဲသားအိမ်တွေထဲကို
ဝင်ပါတယ်။ လမ်းပေါ်ရေကျသွားတာတောင် ကျွန်မတို့အိမ်တွေထဲမှာ ရေက ကျန်နေပါတယ်"ဟု
လားရှိုးမြို့၊ ရပ်ကွက် (၁) နယ်မြေ (၉) လမ်းသွယ် (၂) မှ ဆယ်အိမ်မှူး ဒေါ်ခင်သန်းက ပြောသည်။
.
အဆိုပါ ရေကြီးမှုကြောင့် အိမ်ထောင်စုအချို့မှာ ရေဘေးကယ်ဆယ်ရေးစခန်းများသို့
သွားရောက်နေထိုင်ရပြီး ကယ်ဆယ်ရေးပစ္စည်းများကိုလည်း မယူတော့လိုဘဲ ယခင်ရှိထားသောရေချောင်းကိုသာ
မူလအတိုင်း ပြန်လည် ဖောက်လုပ်ပေးစေလိုကြောင်း သိရသည်။
.
"မိုးရွာရင်ရေလျှံတယ်။ အရင်ကတော့ မြောင်းရှိတယ်။ အဲ့မြောင်းပေါ်မှာ
အိမ်တွေဆောက်လိုက်တဲ့အတွက် မြောင်းကစီးစရာမရှိတော့ လမ်းပေါ်တွေလိုက်စီးနေတယ်။ ဒီနေ့လည်း
ကယ်ဆယ်ရေးအတွက် စာရင်းလာ ကောက်ပါတယ်။ စာရင်းလည်းလာမကောက်ပါနဲ့တော့၊ ရေစီးရေလာကောင်းအောင်ပဲ
မြောင်းကိုလုပ်ပေးစေချင် တာပါ။ တကယ်က ဒီနေ့ရွာတဲ့မိုးက နာရီပိုင်းပဲရွာတဲ့မိုးပါ။ နောက်ရက်ဆက်တိုက်ရွာမယ်ဆိုရင်
နေစရာမရှိ တော့ပါဘူး"ဟု လမ်းသွယ် (၄) နေ ကိုဖြိုးက ပြောသည်။
.
မိုးရွာသွန်းပါက ရပ်ကွက် (၁) နယ်မြေ (၉) ရှိ လမ်းသွယ် (၂) ၊ (၃)၊
(၄) တို့တွင် ရေကြီးရေလျှံခြင်းကြောင့် အိမ် ထောင်စု ၁၃ စုခန့်မှာ အမြဲတမ်း ဒုက္ခရောက်နေရပြီး
လက်ရှိတွင် အိမ်အတွင်းမှရေများအား ရေစုပ်စက်မော် တာများဖြင့် စုပ်ထုတ်နေရကြောင်း သိရသည်။
အဆိုပါနေရာ၌ ရေကြီးရေလျှံမှုများမှာ ပိုမိုဆိုးရွားလာပြီး ၂၀၁၈ ခုနှစ်မိုးရာသီတွင်
ရေကြီးရေလျှံမှု ၆ ကြိမ်အထိ ရှိနေပြီဖြစ်ကာ ရေစီးရေလာကောင်းမွန်စေရန်အတွက် ချောင်းအား
ပြန်လည်ပြုပြင်ပေးစေလိုကြောင်း ဒေသခံများက ဆိုသည်။
.
ချောင်းသည် ယခင်က အကျယ် ၁၅ ပေ၊ အနက် ၁၀ အထိ ရှိခဲ့ပြီး အေတီချောင်းသို့
စီးဝင်ခြင်းဖြစ်သော်လည်း အနီးရှိ မြေကွက်များတွင် လူနေအိမ်များ ဆောက်လုပ်လာခြင်းကြောင့်
လက်ရှိတွင် အကျယ် ၅ ပေ၊ အနက် ၅ ပေခန့်သာရှိတော့ပြီး ရေစီးဆင်းမှု မကောင်းတော့ဘဲ လမ်းများပေါ်သို့
ရေလျှံလာခြင်းဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan