မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
မိုင်းတုံမြို့တွင် သြဂုတ်လ ၂၉ ရက်ညက သည်းထန်စွာရွာသွန်းခဲ့သည့် မိုးရေများကြောင့်
တောင်ကျချောင်းများ တစ်ဟုန်ထိုး ကျဆင်းကာ စိုက်ပျိုးမြေဧက ၃၀၀ ကျော် ရေလွှမ်းမိုးခံရပြီး
ရေလွှမ်းနေရာတွင် ပိတ်မိ နေသည့် လူ ၂ ဦးအား ကယ်တင်ခဲ့ရကြောင်း မိုင်းတုံမြို့နယ်မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ
သိရသည်။
.
.
"လူအထိအခိုက်တော့
မရှိပါဘူး။ ရေက တစ်အားထိုးကျလာပြီး ကားလမ်းရေကျော်ရောက်လာလို့ ဒီဘက်က ရေစီး ပြင်းထန်
လာတဲ့အချိန် ပိတ်မိနေတဲ့ လူနှစ်ဦးကို မီးသတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကနေ သွားရောက်ကယ်ဆယ်နိုင်ခဲ့ပါတယ်"ဟု
မိုင်းတုံ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သောမတ်လောက ကမ္ဘောဇတိုင်းသို့ ပြောသည်။
သြဂုတ်လ ၂၉
ရက် က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုင်းတုံမြို့ကို ဖြတ်သန်းစီးဆင်းနေသည့် တောင်ကျ
ချောင်းများဖြစ်ကြသော နမ့်တုံချောင်းနှင့် နမ့်ညုချောင်းရေများ နံနက် ၄ နာရီခန့်မှစ၍
တစ်ဟုန်တိုးကျဆင်းလာကာ စိုက်ပျိုးမြေများ ရေလွှမ်းခံခဲ့ရပြီး နမ့်တုံချောင်းနှင့် နမ့်ညုချောင်းအကြား
စိုက်ပျိုးမြေများ ပေါ်တွင်နေထိုင်သည့် အမျိုးသားနှင့် အမျိုးသမီး ၂ ဦး တို့မှာ ရေစီးသန်သည့်နေရာတွင်
ပိတ်မိခဲ့ရာ သွားရောက်ကယ်ဆယ်ခေါ်ဆောင်ခဲ့ရကြောင်း သိရသည်။
.
"ပျက်စီးတာတော့
မဟုတ်ပါဘူး။ အိမ်နှစ်အိမ်ရေ၀င်လာတာကို ရှောင်ရှားတဲ့အနေနဲ့ ပြောင်းရွှေ့ပေးတာတော့ရှိပါတယ်။
နောင်ပါရင်ကွင်း စိုက်ပျိုးလယ် ဧက ၁၃၀ ကတော့ လုံးဝရေမြုပ်နေဆဲပါ"ဟု နောင်ပါရင်ရပ်ကွက်အုပ်ချုပ်ရေးမှူး
ဦးစိုင်းမတ်က ပြောသည်။
.
"မိုးရေချိန်က
၃ ဒသမ ၀၃ လက်မ ရှိခဲ့တယ်။ လယ်တွေ ၃၅၆ ဧကကျော်ရေမြုပ်နေပါတယ်။ မျိုးစေ့စိုက် ၅ ဧက မှာတော့
ဒသမ ၁၀ လောက် နုန်းသဲတွေလွှမ်းနေပါတယ်"ဟု မိုင်းတုံစိုက်ပျိုးရေးတာဝန်ခံ ဦးအုန်းကျော်မြင့်ကပြောသည်။
.
စိုက်ပျိုးရေးဌာနမှ
ကောက်ယူရရှိသည့် စာရင်းဇယားများအရ မိုင်းတုံမြို့နယ်အတွင်းရှိ သြဂုတ်လ ၃၀ ရက်နေ့ ရေမြုပ်လယ်ဧကများမှာ
မြို့မရပ်ကွက်၊ ဦးအောင်ဇေယျကွင်း တွင် ၃၃ ဒသမ ၆၉ ဧက၊ ၀မ်နားကွင်းတွင် ၂၂ ဒသမ ၀၈ ဧက၊
နောင်ပါရင်ရပ်ကွက် အုန်းတောကွင်းတွင် ၉၃ ဒသမ ၁၀ ဧက၊ အုန်းတောလယ်သစ်ကွင်းတွင် ၁၈ ဒသမ
၅၅ ဧက၊ ၀မ်မိုင် ရပ်ကွက် ၀မ်မိုင်ကွင်းတွင်
၄၇ ဒသမ ၁၄ ဧက၊ ဖာချယ်ကျေးရွာ ဖာချယ်ကွင်းတွင် ၈၁ ဒသမ ၁၆ ဧက၊ ဟောင်လီကွင်းတွင် ၆၉ ဒသမ ၂၅ ဧက တို့ဖြစ်ကြရာ စုစုပေါင်း
တောင်သူ ၂၁၇ စိုက်ပျိုးသည် လယ်ဧက ၃၆၅ ဒသမ ၂၅ ဧက ရေမြုပ်နေ နေကြောင်း သိရသည်။
.
.
.
#KBZTai #Shan