ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံအဆင့် ၁၁ တွင် ရပ်တည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, June 16, 2018

ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံအဆင့် ၁၁ တွင် ရပ်တည်



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
၂ဝ၁၈ ခုနှစ်အတွက် ကမ္ဘာ့စီးပွား ရေးစစ်တမ်းကောက်ယူသည့် Economic Forecasts from the World's Leading Economists မှ ကမ္ဘာ့အဆင်း ရဲဆုံးနိုင်ငံများစာရင်းကို ဇွန်လ ၄ ရက် က ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် မြန်မာနိုင် ငံမှာ အဆင့် ၁၁ တွင် ရပ်တည်လျက် ရှိကြောင်း ဖော်ပြပါရှိသည်။
.
.
စစ်တမ်းတွင် နိုင်ငံအလိုက် တစ် ဦးချင်းဝင်ငွေ GDP အပေါ် ကမ္ဘာပေါ် ရှိ ဘဏ်ပေါင်း ၉ဝဝ ကျော်၏ ရင်းနှီး မြှုပ်နှံမှုနှင့် စီးပွားရေးကျွမ်းကျင်သည့် Professional Economic Forecasting Firms အဖွဲ့မှ စစ်တမ်းကောက် ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ၁ဝ နိုင်ငံ တွင် အစဉ်လိုက်အားဖြင့် ကွန်ဂို၊ မိုဇမ်ဘစ်၊ ယူဂန်ဒါ၊ တာဂျစ်ကစ်စ တန်၊ ဟေတီ၊ အီသီယိုပီးယား၊ ယီမင်၊ ဥဇဘက်ကစ္စတန်၊ တန်ဇန်နီးယား၊ ကာဇတ်စတန်တို့ဖြစ်ကြကာ ¤င်းနိုင်ငံ များအနက် အဆင့် ၁၁ အဖြစ် မြန်မာ နိုင်ငံမှ ရပ်တည်လျက်ရှိသည်ဟု ဖော် ပြထားပြီး အဆင်းရဲဆုံးနိုင်ငံ အများဆုံး မှာ အာဖရိကနိုင်ငံအများစုဖြစ်သည်ဟု စစ်တမ်းတွင်  ပါရှိသည်။
.
အာဖရိကနိုင်ငံ အများစုမှာ နိုင်ငံ ရေးမတည်ငြိမ်မှု၊ အာဏာချုပ်ကိုင်မှု တင်းကြပ်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွင် လာဘ်ပေးလာဘ်ယူမှုက နိုင်ငံ၏ အောက်ခြေအဆောက်အအုံ များကို လွှမ်းမိုးနေမှု၊ လူဦးရေတိုးပွားမှုနှုန်း မြင့် တက်လာသော်လည်း သဘာဝအရင်း အမြစ်များမှ ထုတ်ယူနိုင်စွမ်းအားနည်းမှု ကုန်းတွင်းပိတ်နိုင်ငံ များ ဖြစ်ခြင်းကြောင့် ကုန်သွယ်ရေး အခွင့်မသာမှု၊ ပြည်တွင်း စစ်များ ဖြစ်ပွားနေမှုများကြောင့် ဆင်းရဲ မှုများ တွေ့ကြုံနေရခြင်းဖြစ်ပြီး ကမ္ဘာ့စီး ပွားရေး မျှော်မှန်းချက်အရ ၂ဝ၂၂ ခု နှစ်တွင် တစ်ဦးချင်း GDP မြင့်မားလာ စေနိုင်မည်ဟု ခန့်မှန်းကြောင်းစစ်တမ်း တွင် ဖော်ပြထားသည်။
.
၂ဝ၁၆-၂ဝ၂ဝ GDP မျှော်မှန်း ချက်အရ ယီမင်နိုင်ငံမှာ ၉၇ ရာခိုင်နှုန်း အထိ တိုးတက်နိုင်မည်ဖြစ်ပြီး မော်လ ဒိုက် ၈၃ ရခိုင်နှုန်း၊ အိန္ဒိယ ၇၇ ရာခိုင် နှုန်း၊ ရိုမေးနီးယား ၇၃ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံမှာ ၇၃ ရာခိုင် နှုန်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထား ကြောင်း စစ်တမ်းက ဖော်ပြထား သည်။
.
အဆင်းရဲဆုံးနိုင်ငံအလိုက် GDP ကို ဖော်ပြရာတွင် ကမ္ဘာ့နံပါတ် ၁ အဆင်းရဲဆုံးဖြစ်သည့် ကွန်ဂိုနိုင်ငံမှာ ၂ဝ၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၄၁ ၊ ၂ဝ၁၈ ခုနှစ်အတွက် အမေရိ ကန်ဒေါ်လာ ၄၆၈ နှင့် ၂ဝ၂၂ ခုနှစ် အတွက် ခန့်မှန်းအရ ၆၃၂ ဒေါ်လာဖြစ် လာနိုင်ကြောင်း ဖော်ပြထားပြီး ၂ဝ၁၈ ခုနှစ်အတွက် ကမ္ဘာ့အဆင်းရဲဆုံး စာ ရင်းအရ အဆင့် ၁၁ တွင် ရပ်တည်ခဲ့ သည့် မြန်မာနိုင်ငံမှာ ၂ဝ၁၆ ခုနှစ်က  အဆင့် ၁ဝ တွင် ရပ်တည်ခဲ့ပြီး မျှော် မှန်း ၂ဝ၂၂ ခုနှစ်တွင် အဆင့် ၁၅ အ ထိ တက်လာနိုင်ကြောင်း၊ ၂ဝ၁၆ ခု နှစ်က အဆင့် ၁ဝ တွင်ရှိစဉ်က မြန်မာ နိုင်ငံ၏ GDP မှာ ၁၂၃၁ ဒဿမ ၇၉၁ ရှိခဲ့ပြီး ၂ဝ၁၈ ခုနှစ်၊ အဆင့် ၁၁ တွင် ၁၄၃၂ ဒဿမ ၈ဝ၁ ရှိမည်ဖြစ်ပြီး မျှော် မှန်း ၂ဝ၂၂ ခုနှစ်တွင် ၂၁၃၄ ဒဿမ ၉၇၉ ဒေါ်လာရရှိမည်ဖြစ်သည်ဟု စစ် တမ်းတွင် ဖော်ပြပါရှိသည်။
.
စင်ကာပူနိုင်ငံ၊ ISEAS yusof ishak Insitute တွင် မေလ ၂၅ ရက် က ပြုလုပ်ခဲ့သည့် Myanmar's Economy : Progress, Challenges and Propect ဆွေးနွေးပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ လက်ရှိစီးပွားရေးအကြံပေး ပရော်ဖက်ဆာ Sean Turnell မှ မြန် မာနိုင်ငံ၏  GDP တိုးတက်လာပြီး လို ငွေပြမှု မှာလည်း ထက်ဝက်ခန့် လျှော့ချ နိုင်ခဲ့ပြီဖြစ်သည်ဟု ပြောကြားခဲ့သည်။
.
သို့သော် မေလ ၂၆ နှင့် ၂၇ ရက် များက ရန်ကုန်မြို့၊ UMFCCI တွင် ပြုလုပ်သည့် B4B insight Firum သို့ တက်ရောက်ခဲ့သည့် စီးပွားရေးလုပ်ငန်း ရှင် ၁၄ဝဝ ကျော်ကို ကောက်ယူခဲ့ သည့်စစ်တမ်းတွင် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး မကောင်းကြောင်း ပြညွှန်းနေသည် ဟု ဖော်ပြခဲ့သည်ဟု UMFCCI အဖွဲ့ဝင် ဒေါက်တာစိုးထွန်းက ဝေဖန် သုံးသပ်ထားသည်။
.
''ဆောက်လုပ်ရေး၊ ဘဏ်၊ စက်မှု ကုန်ထုတ်၊ လယ်ယာထွက်ကုန်၊ အထည်ချုပ်၊ Services, Export, Inports, SME ကဏ္ဍတွေကလည်း စီးပွားရေးမကောင်းဘူးလို့ တစ်ညီတစ် ညွတ်တည်း ပြောဆိုနေကြတယ်။ အပြောနဲ့လက်တွေ့ ဆန့်ကျင်ဘက်ဖြစ် နေပေမယ့် ရှောင်ရဲ့အပြော၊ ဒေါ်အောင် ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေအရ NLD အစိုးရအနေနဲ့ မြန်မာ့စီးပွားရေးအပေါ် အကောင်းမြင်နေပြီး နောင် ၂ နှစ်ကျော် ၃ နှစ် ဒီ Flow အတိုင်းဆက်သွားနေ မယ်လို့ သုံးသပ်ရပါတယ်''ဟု ဒေါက် တာစိုးထွန်းက ဆိုသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats