နန်းဝေဆုပန် (တောင်ကြီးပညာရေးကောလိပ်)
.
အားလုံးပဲ မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ ရှင်။ ကျွန်မနာမည်ကတော့
နန်းဝေဆုပန်ဖြစ်ပါ တယ်။ ကျွန်မကတော့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှာ ၁၉၉၃-၉၄
ပညာသင် နှစ် သူငယ်တန်းမှ ၂ဝဝ၄-ဝ၅ ပညာသင်နှစ် ဒသမတန်းထိ တက်ရောက်သင်ကြားခဲ့ပြီး တက္က
သိုလ်ဝင်တန်းကို ၂ဝဝ၄-ဝ၅ ပညာသင်နှစ်မှာ အောင်မြင်ခဲ့ပါတယ်။ အခုအခါမှာ ကျွန်မက အ လယ်တန်းပြဆရာမအဖြစ်နဲ့
ဆီဆိုင်မြို့နယ် (အ လက -ထီတမောင်း)မှာ တာဝန်ထမ်းဆောင်နေ ပါတယ်။ ဒီနေ့ဟောပြောမည့် ခေါင်းစဉ်ကတော့
လူငယ်နှင့် စာရိတ္တ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောသွားမှာ ဖြစ်ပါတယ်။
.
.
လူငယ်တွေဟာ အနာဂတ်ရဲ့ မီးရှူးတန် ဆောင်များဖြစ်ကြပါတယ်။ လက်ဆင့်ကမ်းပြီးပခုံး
ပြောင်းပြီး တိုင်းပြည်တာဝန်များကို လွှဲပြောင်းယူ ရမယ့်သူတွေ ဖြစ်ပါတယ်။ ဒီလိုအနာဂတ်ရဲ့
ကြယ် ပွင့်ကလေးတွေဟာ ပညာထူးချွန်ရုံသာမက စာ ရိတ္တလည်း ကောင်းဖို့ အထူးလိုအပ်ပါတယ်။ ကိုယ်ကျင့်တရား
ကောင်းမွန်တဲ့ လူငယ်လေးတွေ ဟာ မျက်မှောက်ဘဝထက် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့
နိုင်ငံတော်ကြီးကို တည် ဆောက်သွားကြရမှာဖြစ်ပါတယ်။ တိုင်းပြည်နှင့် လူမျိုးရေရှည်တည်တံ့
ခိုင်မာနေရေးဟာ နိုင်ငံ သားကောင်း လူငယ်လေးများရဲ့ လက်ထဲမှာရှိ နေပါတယ်။ ဒါကြောင့် ကြီးကြပ်တဲ့တာဝန်တွေ ကို လက်လွှဲယူကြရမယ့်
လူငယ်လေးတွေဟာ စာရိတ္တကောင်းကြရပါမယ်။ ဒါကြောင့် လူငယ် တွေအတွက် စာရိတ္တဟာ အရေးကြီးလှပါတယ်။
စာရိတ္တဆိုတာ မှန်ကန်ဖြောင့်မတ် တည်ကြည်မှု အပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတဲ့ကိုယ် အမူအရာ၊
စိတ်အမူအရာတို့ကို ပေါင်းပြီးခေါ်ဝေါ် သမုတ်ထားတဲ့ သဘောတရားတစ်ခုဖြစ်ပါတယ်။ စာရိတ္တကောင်းခြင်း၊ မကောင်းခြင်းဆိုတာ အဲဒီ လူရဲ့
နှုတ်အမူအရာ၊ ကိုယ်အမူအရာ၊ စိတ်အမူ အရာ တိုးတက်ကောင်းမွန်ပြီး နှစ်လိုဖွယ်ရှိခြင်း၊
မရှိခြင်းတို့အပေါ်မှာ မူတည်နေပါတယ်။ ကိုယ်အ မူအရာ ယဉ်ကျေးခြင်း၊ နှုတ်အမူအရာ ချိုသာ
သိမ်မွေ့ခြင်း၊ စိတ်အမူအရာ မှန်ကန်ဖြောင့်မတ် ခြင်းတို့သည် လိုလားအပ်တဲ့ အကျင့်စာရိတ္တများ
လို့ ဆိုနိုင်ပါတယ်။
''တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး'' ဆိုသလိုပဲ စာရိတ္တဘယ်လောက်ပဲကောင်းပါစေ၊
စာရိတ္တရဲ့ အခြေခံသဘောတရားကို နားလည်လက် ခံပြီး ကျင့်သုံးသင့်ပါတယ်။ စာရိတ္တကောင်းများ
ရှင်သန်ရန် အရေးကြီးပါတယ်။ စာရိတ္တကောင်းမှ ကြီးပြင်းလာကြတဲ့ လူငယ်များဟာ လူတော်လူ ကောင်းများ
ဖြစ်ဖို့ရာနှုန်းပြည့် သေချာပါတယ်။ ''ကျေးညီနောင်'' ပုံပြင်ဟာ ပတ်ဝန်းကျင်နှစ်ခုရဲ့
ကွာခြားမှုကြောင့် ဘဝများပါ ကွာခြားသွားရတယ် ဆိုတာကို မီးမောင်းထိုးပြသလိုပါပဲ။ ရသေ့ထံ
ရောက်ရှိသွားတဲ့ ကျေးတစ်ကောင်ဟာ ချိုသာ ပြေပြစ်စွာ ပြောဆိုပြီး ခရီးဦးကြိုဆိုတတ်ပါတယ်။
ဒါကြောင့် ရသေ့ထံမှာ ဖူးမြော်ဖို့ ရောက်ရှိလာတဲ့ အလှူရှင်များရဲ့ ရင်ကိုအေးမြစေပါတယ်။
သဒ္ဓါတ ရားလည်းပိုပြီးထက်သန်ခဲ့ကြပါတယ်။ အဲဒီကျေး ကလေးကိုလည်းအထူးနှစ်သက်မြတ်နိုး တန်ဖိုးထား
ကြပါတယ်။ ခိုးသူတွေဆီမှာ ရောက်သွားတဲ့ကျေး ကလေးကတော့ ခိုးမယ်၊ လုမယ်၊ ရိုက်မယ်လို့
အော်ပြီး လာသမျှလူတွေရဲ့ ရင်ကို ပူလောင်ထိတ် လန့်စေပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ကောင်း
ဟာ အစဉ်ရှင်သန်နေဖို့ အရေးကြီးပါတယ်။ ပတ် ဝန်းကျင်ကောင်းကိုဖန်တီးသူ၊ ဦးဆောင်ပေးနိုင်သူ
ရဲ့ အခန်းကဏ္ဍဟာ စာရိတ္တကောင်းတွေ ရှင်သန် ရေးအတွက် အရေးကြီးလှပါတယ်။ ပတ်ဝန်းကျင် ကောင်းရှိမှသာ
စာရိတ္တကောင်းများလည်း ရှင် သန်နေ မယ်ဖြစ်ပါတယ်။
.
လောကကြီးမှာ အကောင်းအဆိုး ဒွန်တွဲနေပါတယ်။ စာရိတ္တကောင်းရှိရာကို
ပျက်ယွင်းစေမယ့် အဆိုးတရားများ ရှိနေတတ်ပါတယ်။ လူတို့ရဲ့ သဘောဟာ ပတ်ဝန်းကျင်ကောင်းထက်
ပတ်ဝန်းကျင်ဆိုးနေရာတွေမှာ ပျော်မွေ့လွယ်ကြပါတယ်။ စာရိတ္တကောင်းရန် ခက်ခဲပေမယ့် စာရိတ္တပျက်ဖို့
ကတော့ အရမ်းလွယ်ကူပါတယ်။ အတတ်စမ်းတာကစ လူငယ်တွေ၊ အတွေ့အကြုံရင့်ကျက်မှု မရှိသေးတဲ့ လူငယ်တွေဟာ
စာရိတ္တပျက်စီးဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ စီးကရက်တွေကို
စမ်းသောက်ရာကနေ မူးယစ်ဆေးဝါးဘက်ကို တဖြည်းဖြည်း ရောက်သွားတတ်ပါတယ်။
.
အကောင်းအဆိုးတွေကို ကောင်းမွန်စွာနဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့
လူငယ်တွေဟာ စာရိတ္တ အကောင်းအဆိုး ကိုလည်း သဘောပေါက်နား လည်ကြပြီးတိုင်းပြည်နဲ့ လူမျိုးအကျိုးကိုလည်း
စွမ်း ဆောင်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ မိမိဘဝ နဲ့ ပတ်ဝန်းကျင်ကောင်းမွန်ရေးအတွက်
စာရိတ္တ ကောင်းရန် အလွန်အရေးကြီးပါတယ်။ စာရိတ္တ ကောင်းမှသာ အမျိုးကောင်းပါမယ်။ စာရိတ္တမ
ကောင်းရင် အမျိုးမကောင်းနိုင်ပါဘူး။ အမျိုးဂုဏ်၊ ပညာဂုဏ်၊ ဥစ္စာဂုဏ်တို့ဟာ စာရိတ္တကောင်းမှသာ
အစဉ်ထာဝရ တံခွန်တိုင်ပမာ တလူလူလွင့်နေနိုင် မှာဖြစ်ပါတယ်။ စာရိတ္တ ကောင်းတဲ့ ပညာရှင်၊
စာရိတ္တကောင်းတဲ့ သြူ<ွကယ်၊ စာရိတ္တကောင်းတဲ့မျိုး ရိုးရှင်တို့ကသာ တိုင်းပြည်ရေရှည်
တည်တံ့နိုင်ရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းစွမ်းတမံ ပခုံးပြောင်း ယူနိုင်မယ်ဖြစ်ပါတယ်။
ဒါကြောင့်လူငယ်တိုင်းဟာ စာရိတ္တကောင်းဖို့ လိုအပ်ပါတယ်။
.
အနောက်တိုင်းစကားပုံလေးနှစ်ခုကို ပြောပြ ချင်ပါတယ်။ တစ်ခုကတော့
'' နိုင်ငံတွေကို တည်ဆောက်တာ ကျောက်တုံး၊ ကျောက်ခဲတွေမဟုတ်၊ တိုင်းသူပြည်သားတို့၏ ကိုယ်ကျင့်သီလ
စာရိတ္တ သာ ဖြစ်သည်''တဲ့။ နောက်တစ်ခုကတော့ ''ဥစ္စာ ပစ္စည်းဆုံးရှုံးလျှင် ဘာမှဆုံးရှုံးသည်မဟုတ်၊
ကျန်း မာရေးဆုံးရှုံးလျှင် တစ်စုံတစ်ရာမျှသာ ဆုံးရှုံးပါ သည်။ အကျင့် စာရိတ္တဆုံးရှုံးလျှင်
အရာရာပျက် စီးဆုံးရှုံးသွားလေပြီ'' တဲ့။ ဒီစာသားလေးတွေဟာ စာရိတ္တနဲ့ပတ်သက်ပြီး မှတ်သားထိုက်တဲ့အဆို
အမိန့်လေးတွေပဲ ဖြစ်ပါတယ်ရှင်။
.
လူ့လောကမှာ လူ့အဖွဲ့အစည်းအတွင်း နေ ထိုင်ကြပြီး အမှီသဟဲပြုရှင်သန်နေတဲ့
လူသားတစ် ဦးတစ်ယောက်ရဲ့ တန်ဖိုးအခြေအနေကို တိုင်းတာ နိုင်တဲ့ ပေတံတစ်ခုပဲဖြစ်ပါတယ်။
စာရိတ္တကောင်းမှသာ လူတော်လူကောင်းများ အဖြစ် လူ့လောက၊ လူ့ဘုံအလယ်မှာ ခမ်းနားထည်ဝါစွာ
ရပ်တည်နေ နိုင်မယ်ဖြစ်ပါတယ်။ ပညာရှာမှီးတဲ့ ပထမအရွယ်မှာ ကိုယ်ကျင့်တရားကောင်းမှသာ ဒုတိယအရွယ်
မှာလည်း ကောင်းသောအသက်မွေးမှုတွေနဲ့ ဥစ္စာ ရှာဖွေနိုင်မှာဖြစ်ပါတယ်။ ကောင်းတဲ့အသက်မွေး
မှုနဲ့ဥစ္စာရှာဖွေနိုင်မှသာ တတိယအရွယ်မှာ တရား ဘာဝနာတွေကို ကောင်းမွန်စွာ ကျင့်ကြံအားထုတ်
နိုင်မှာဖြစ်ပါတယ်။
.
စာရိတ္တကို အထိန်းအကွပ်ပြုတဲ့အရာတို့မှာ လည်း ဗုဒ္ဓက အခြေခံ ၅ ပါးသီလမှာ
ဟောထား ပြီးဖြစ်ပါတယ်။ သူ့အသက်သတ်ခြင်း၊ သူတစ်ပါး ပစ္စည်းခိုးခြင်း၊ သူတစ်ပါးသားမယား
ပြစ်မှားစော် ကားခြင်း၊ မုသားစကား ပြောဆိုခြင်း၊ မူးယစ်သေစာ အရက်သေစာသောက်စားခြင်းတို့ကို
ရှောင် ကြဉ်ပြီး ကောင်းမွန်စွာ နေထိုင်ခြင်းဟာ စာရိတ္တ ကို စောင့်ထိန်းပြီး နေထိုင်ခြင်းပင်
ဖြစ်ပါတယ်။ ''ဘယ်သူတရားပျက်ပျက်၊ ကိုယ်မပျက်နှင့်''ဆိုပြီး ရှေးလူကြီးသူမတို့က ဆိုဆုံးမခဲ့ကြပါတယ်။
ကိုယ်မပျက်ပါနဲ့ဆိုတာက အကျင့်စာရိတ္တမပျက် ပြားနဲ့လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ အကျင့်စာရိတ္တနဲ့
သိက္ခာကို ဆောက်တည်ထားကြတဲ့ လူ့ဘဝထဲ မှာ အကျင့်စာရိတ္တကို နုတ်ပယ်လိုက်ရင် ရှိသမျှ သိက္ခာတွေ
အကုန်ပျောက်ကွယ်သွားပြီး သုည ဘဝကို ရောက်သွားနိုင်ပါတယ်။
.
စာရိတ္တကောင်းတို့ရဲ့ အခြေခံကို အုတ်မြစ်ချရာမှာ ပတ်ဝန်းကျင် အနေအထားဟာလည်း
အလွန်အရေးကြီးပါတယ်။ ''စည်းကမ်းအစကျောင်း တော်က''ဆိုတဲ့ စကားအတိုင်းပဲ လူငယ်တို့ပညာ
ရွှေအိုးကို ရှာဖွေရာမှာ စည်းကမ်းနဲ့စာရိတ္တကို လည်း မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်ကို
သယ် ဆောင်နိုင်ကြရပါမယ်။ အမိကျောင်းတော်ကြီးရဲ့ ဆရာ၊ ဆရာမတို့က နောင်အနာဂတ်မှာ စိတ်
ဓာတ်ရင့်ကျက်ကောင်းမွန်ပြီး စာရိတ္တနဲ့ ပြည့်ဝရည် မွန်သော နိုင်ငံခေါင်းဆောင်များ မွေးထုတ်ပေးပါ
တယ်။ ဒါကြောင့် နုနယ်ငယ်ရွယ်တဲ့အရွယ်၊ ဖ ယောင်းပုံသွင်းလွယ်တဲ့အချိန်မှာ ဆရာ၊ ဆရာမ
ကောင်းတို့ရဲ့ လမ်းညွှန်ဆုံးမပေးမှုနဲ့ စာရိတ္တအခြေ ခံကောင်းတို့ကို များစွာတည်ဆောက်ထားသင့်ပါ
တယ်။
.
အကျင့်စာရိတ္တနဲ့ ပတ်သက်ပြီး ကမ္ဘာ့သမိုင်း မှာကြည့်ရင် အကျင့်စာရိတ္တကောင်းမွန်သူ
ရိုးသား ဖြောင့်မတ်သူတို့သာ ထင်ပေါ်ကျော်ကြားကြစမြဲ ပဲဖြစ်ပါတယ်။ အဲဒီလူတွေထဲက သမ္မတလင်ကွန်း
အကြောင်းပြောပြချင်ပါတယ်။ လင်ကွန်းဟာ ငယ် စဉ်က အလွန်ရိုးသားသူဖြစ်ပါတယ်။ သူဟာရှေ့နေ
လိုက်သည့်အချိန်မှာလည်း အတော်ဆုံးရှေ့နေတစ် ယောက် မဖြစ်ခဲ့ပါဘူ။း ဒါပေမဲ့ အမေရိကန်ပြည်
ထောင်စုဟာ မိမိနိုင်ငံအကျပ်အတည်းကာလအ တွင်း သမ္မတရွေးတဲ့အခါ ပစ္စည်းရှိသူ၊ အလွန် ချမ်းသာသူကို
မရွေးဘဲ လူရိုးကြီးလင်ကွန်းကိုသာ ရွေးခဲ့ပါတယ်။ လင်ကွန်းဟာ မချမ်းသာသော် လည်း စာရိတ္တကောင်းမွန်ပြီး
အလွန်ရိုးသားတဲ့ အတွက် သမ္မတတည်းဟူသော စည်းစိမ်ချမ်းသာ ကိုရရှိပါတယ်။
.
နိုင်ငံတော်ဟာ လူငယ်များရဲ့ ကာယ၊ ဉာဏ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်
ပြုစုပျိုး ထောင်ပေးရမယ်လို့ အတိအလင်းပြဋ္ဌာန်းပေးထား ပါတယ်။ လူငယ်တိုင်းလိုအပ်တဲ့ စိတ်ဓာတ်အရည်
အချင်းများ၊ မြတ်နိုးဖွယ်ရာ အကျင့်စာရိတ္တများနဲ့ ပြည့်ဝကြပြီဆိုရင် အဲဒီနိုင်ငံဟာ မဝေးတော့တဲ့
အနာဂတ်ကာလမှာ ရွှေခေတ်၊ ငွေခေတ်၊ နိုင်ငံ တော်ခေတ်သို့ ဒိဋ္ဌရောက်ရှိလာတော့မယ် ဖြစ်ပါ
တယ်။ ထိုသို့သော လူငယ်တို့အတွက် ကောင်း သောစိတ်ဓာတ်၊ စရိုက်များနှင့် ပြည့်ဝဖို့ရာ
တစ် ပါးအခြားမရှိတော့ပါဘူးရှင်။
.
လူ့အဖွဲ့အစည်းအတွင်း ရှင်သန်ရပ်တည်နေ တဲ့ လူငယ်တစ်ယောက်အနေနဲ့ လူအများရဲ့
ချစ် ခင်ယုံကြည်မှုကို ရရန်လိုပါတယ်။ စာရိတ္တပျက် ယွင်းသူကို ဘယ်သူကမှ ချစ်ခင်ယုံကြည်ကြမှာ
မဟုတ်ပါဘူး။ ဒါကြောင့်လူငယ်တွေမှာ အလိုအပ် ဆုံးအရည်အချင်းဟာ ပညာမဟုတ်ပါဘူး။ အ ကျင့်စာရိတ္တပဲဖြစ်ပါတယ်။
စိတ်လှမှ စာရိတ္တလှမှာ ပါ။ စိတ်မလှသူဟာ စာရိတ္တမလှနိုင်ပါဘူး။
.
စာရိတ္တပျိုးထောင်ခြင်းကို ငယ်စဉ်ကတည်းက စတင်ရမှာ လူတိုင်းအသိပဲဖြစ်ပါတယ်။
ကြီးမှ သင်မယ်ဆိုရင် မစွဲမြဲတော့ပါဘူး။ သင်ကြားပေး မယ်ဆိုရင် လူကိုမဆိုထားနဲ့ တိရစ္ဆာန်တောင်
တတ်ကြပါတယ်။ ဆပ်ကပ်မှာ ဆင်၊ ကျား၊ ခြင်္သေ့တို့ကို ပရိသတ်နှစ်သက်အောင် သရုပ် ဆောင်နိုင်ဟာ
ငယ်ငယ်ကတည်းက သင်ကြား လေ့ကျင့်ပေးထားတာကြောင့် ဖြစ်ပါတယ်။ ဒါ ကြောင့်လူငယ်တွေကို စာရိတ္တပညာရအောင်
က လေးအရွယ်ကတည်းက ပြုစုပျိုးထောင်ရပါမယ်။ ကောင်းတဲ့စာရိတ္တမှာ အကျင့်ရလာတဲ့လူငယ်ဟာ သူတို့အရွယ်တူချင်းမှာလည်း
အများရဲ့လေးစား ခြင်း၊ ယုံကြည်ခြင်းကို ခံရပါတယ်။ လူငယ်ထဲမှာ သူဟာစံပြတစ်ယောက် ဖြစ်လာပါတယ်။
လူကြီး တွေကလည်း ဒီလူငယ်ဟာ စာရိတ္တကောင်းလေ စွဆိုပြီး သာဓုခေါ်ကြပါတယ်။ စာရိတ္တကောင်းတဲ့
အဲဒီလူငယ်ကို လူကြီးများက ချစ်ခင်ကြပါတယ်။ ယောက်ျားလေးဆိုရင် သမက်တော်ချင်ကြပြီး မိန်းကလေးဆိုရင်လည်း
ချွေးမတော်ချင်ကြပါ တယ်။ မိဘတွေဟာ အချိန်တန်လို့ အိမ်ထောင် ချပေးမယ်ဆိုရင် မျိုးရိုးစစ်ဆေးကြပါတယ်။
စာ ရိတ္တကောင်းမကောင်း စုံစမ်းကြပါတယ်။ မျိုးရိုးနဲ့ စာရိတ္တကောင်းခြင်းဟာလည်း ဆက်စပ်နေပါတယ်။
မျိုးစပါးကောင်းသည် စိုက်သည့်အသီးကောင်း သည်၊ မျိုးစပါးမကောင်းလျှင် အသီးညံ့ပါတယ် ရှင့်။
ဒါကြောင့် လူငယ်တစ်ယောက်အဖို့ မျိုးရိုးနဲ့ စာရိတ္တဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်ရှင်။
စာရိတ္တဟာ မျိုးရိုးထက် အရေးကြီးပါတယ်။ ပညာတတ်ပြီး စာရိတ္တမကောင်းတဲ့လူငယ်ကို ဘယ်လောက်ပင်မျိုးရိုးကောင်းကောင်း
ဘယ်သူ ကမှ မလိုလားကြပါဘူးရှင်။ လူငယ်နှင့်စာရိတ္တ လုပ်ငန်းဟာ ကျယ်လဲကျယ်ပြန့်လှပါတယ်။
သိမ် လည်းသိမ်မွေ့ကြပါတယ်။ စိတ်ရှည်သည်းခံပြီး ဆောင်ရွက်ရတဲ့ အမျိုးသားလုပ်ငန်းကြီးဖြစ်ပါ
တယ်။ နိုင်ငံနဲ့ လူမျိုးရဲ့ အနာဂတ်ဟာ လူငယ်တို့ ရဲ့ စာရိတ္တအပေါ်မှာ တည်မှီနေပါတယ်ရှင်။
.
လူငယ်တို့ရဲ့ ပင်ကိုယ်သဘာဝဟာ ဖျက်လတ် တယ်၊ သွက်လက်တယ်၊ ရဲရင့်တယ်၊
တက်ကြွတယ်၊ ရိုးသားပွင့်လင်းတယ်၊ ဖြောင့်မတ်တယ်၊ ကူညီရိုင်းပင်းတတ်တယ်။ အဲဒီလိုပင်ကိုစရိုက်
ကောင်းများပေါ်ထွက်လာဖို့ နည်းမှန်လမ်းမှန်နဲ့ ထိန်းကျောင်းပဲ့ကိုင်ပေးနိုင်မယ့် အရာကတော့
ကိုယ်ကျင့်တရားပဲ ဖြစ်ပါတယ်ရှင်။ မျက်မှောက် ခေတ်လူငယ်များဟာ နောင်တစ်ချိန်မှာ လူကြီး
ဖြစ်လာပြီး နိုင်ငံ့တာဝန်ကို ကျရာနေရာကနေ ပခုံးပြောင်း ထမ်းဆောင်ကြမယ့်သူများ ဖြစ်ပါ
တယ်။ လူတော်လူကောင်း ဆိုသလိုပဲ တော်ပြီး ကောင်းတဲ့သူတွေ ဖြစ်လာဖို့ စာရိတ္တဆိုတဲ့ ကိုယ်
ကျင့်တရားကို ထိန်းသိမ်းစောင့်ရှောက်ရင်း နောင် အနာဂတ်အတွက် အားကိုးအားထားပြုနိုင်တဲ့
လူတော်၊ လူကောင်းတွေဖြစ်ဖို့ ကြိုးစားရမှာဖြစ်ပါ တယ်။
.
ကိုယ်ကျင့်တရားဆိုတဲ့ စာရိတ္တကောင်းမွန် ရေးဟာ မျိုးဆက်သစ်လူငယ်များ
ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ အပြောအဆို အမူအကျင့် အနေအထိုင်တည်
ကြည်ပြီး စိတ်နေသဘောထား ဖြူစင်ရိုးသား ဖြောင့်မတ်မှု၊ ကျင့်ဝတ်သိက္ခာ စောင့်စည်းမှုစတဲ့
စွမ်းရည်များဟာ စာရိတ္တဆိုတဲ့ ကိုယ်ကျင့်တရား အပေါ်မှာ မှီခိုနေပါတယ်ရှင်။ ကိုယ်ကျင့်တရား
ကောင်းမှသာ နိုင်ငံနဲ့ လူမျိုးအပေါ် ချစ်ခင်မြတ် နိုးခြင်း၊ မျိုးချစ်စိတ်ရှိခြင်း၊
ရိုးရာယဉ်ကျေးမှု အ မွေအနှစ်များကို မြတ်နိုးစွာ ထိန်းသိမ်းခြင်း၊ စည်း ကမ်းဥပဒေ လိုက်နာခြင်းတွေကို
ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ''ရေမြင့်လျှင် ကြာတင့်'' ဆိုသလိုပဲ ရေကန်ရဲ့အလှဟာ ''ကြာပန်း''များကြောင့်
တင့် တယ်လှပစေပါတယ်။ အဲဒီလိုပဲ မျိုးဆက်သစ်လူ ငယ်များဟာလည်း ကိုယ်ကျင့်တရားကောင်းများ
ရရှိပိုင်ဆိုင်ထားခြင်းဖြင့် နိုင်ငံအတွက် အားကိုးအား ထား ပြုနိုင်တဲ့ လူငယ်လူရွယ်များ
ဖြစ်လာနိုင်ပါ တယ်။ တိုင်းပြည်အတွက် အားကိုးအားထားပြု နိုင်တဲ့ အရည်အချင်းပြည့်ဝတဲ့
သားကောင်းတစ် ယောက် ကျောက်ကောင်းတစ်စေ့ဖြစ်စေရန် စာ ရိတ္တဆိုတဲ့ ကိုယ်ကျင့်တရားအပေါ်မှာ
မူတည်ပါ တယ်ရှင်။
.
အနောက်တိုင်းစကားပုံ ဆိုရိုးစကားတို့မှာ စာရိတ္တနဲ့ပတ်သက်ပြီး အနှစ်သက်ဆုံး
စာသား လေးတစ်ခု ရှိပါတယ်ရှင်။ အဲဒါကတော့ နိုင်ငံ တွေကို တည်ဆောက်တာဟာ ကျောက်တုံး၊ ကျောက်ခဲတွေ
မဟုတ်ပါဘူး၊ တိုင်းသူပြည်သား တို့ရဲ့ ကိုယ်ကျင့်သီလစာရိတ္တသာ ဖြစ်ပါတယ် တဲ့။ ဒီစာသားလေးဟာ
စာရိတ္တနဲ့ပတ်သက်ပြီး မှတ်သားထိုက်တာလေး တစ်ခုဖြစ်ပါတယ်ရှင်။ ကိုယ့်ကျင့်တရား စာရိတ္တမကောင်းဘဲ
နိုင်ငံတစ် နိုင်ငံကို တည်ဆောက်လို့ မရပါဘူး။ ဦးဆောင်သူ နဲ့ နောက်လိုက်များ ကိုယ့်ကျင်တရား
စာရိတ္တ ပျက်စီးနေရင် အဲဒီနိုင်ငံဟာလည်း ပျက်စီးရမှာပါ ပဲ။ တိုးတက်ဖွံ့ဖြိုးသော နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့
ယနေ့လူငယ်တို့ဟာ မိမိတို့ရဲ့ ကိုယ်ကျင့်တရား စာရိတ္တကို မှတ်ကျောက်အတင်ခံနိုင်လောက်
အောင် ကြိုးစားသွားသင့်တယ်လို့ ထင်မြင်မိပါ တယ်ရှင်။
.
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများဟာ ကိုယ် ကျင့်တရားဆိုတဲ့ စာရိတ္တကောင်းတွေကို
တန်ဖိုး ထား မြတ်နိုးတတ်ကြသူများပီပီ ကိုယ်ကျင့်တရား ကောင်းသူများကို သီလဖြူစင်သူများအဖြစ်
အသိ အမှတ်ပြု ချီးကျူးပြောဆိုကြပါတယ်။ ကိုယ်ကျင့် တရားကောင်းမွန်မှုဟာ စိတ်ထားဖြူစင်
မြင့်မြတ် မှုအပေါ်မှာ အရင်းခံတာဖြစ်တာကြောင့် စိတ်ဓာတ် ကောင်းအမွေကို ပိုင်ဆိုင်ထားမှသာလျှင်
ကိုယ် ကျင့်တရားကောင်းမွန်နိုင်ပါတယ်။ ကိုယ်ကျင့်တ ရားဖြူစင်မြင့်မြတ်ခြင်းနဲ့ လောကအလယ်မှာ
တန်ဖိုးရှိသူ တစ်ယောက်အဖြစ် ဝင့်ထည်စွာရပ် တည်နိုင်ကြောင်းကို ကမ္ဘာကျော်ရူပဗေဒပညာရှင်
အိုင်းစတိုင်းက ''အောင်မြင်သူတစ်ယောက်ဖြစ် အောင် မကြိုးစားပါနဲ့၊ တန်ဖိုးရှိသူတစ်ယောက်
ဖြစ်အောင်ကြိုးစားပါ''လို့ မိန့်ဆိုခဲ့ပါတယ်ရှင်။
.
တောင်ဇလပ်ပန်းကို ထုပ်တဲ့ပေါက်ဖက်ဟာ
အဲဒီပန်းရဲ့ ရနံ့အတိုင်းပဲ မွှေးကြိုင်သလိုပဲ အနာ ဂတ်အတွက် ရည်မှန်းချက်များနဲ့ ပြည့်ဝနေတဲ့
ကိုယ်ကျင့်တရားကောင်းမွန်တဲ့ လူငယ်လူရွယ်များ ဟာလည်း အောင်မြင်ခြင်းဆိုတဲ့ ကောင်းခြင်းရနံ့
များနဲ့ ပြည့်စုံနိုင်ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက စာရိတ္တ ချို့ယွင်းပျက်ပြားမှု ရှိထားမယ်ဆိုရင်
နောင်တစ်ချိန် လူကြီးဖြစ်လာတဲ့အခါ စာရိတ္တအ ပုပ်နံ့ဟာ အနံ့တထောင်းထောင်းနဲ့ ထတတ်ပါ တယ်။
စာရိတ္တကောင်းမှသာ ရေသာခိုအချောင် လိုက်တဲ့ စိတ်ဓာတ်မျိုး ကင်းစင်ပြီး ရိုးသားဖြောင့်
မတ်မှု၊ ကြိုးစားအားထုတ်မှုများ ရှိနိုင်မှာဖြစ်ပါ တယ်။ ဒါကြောင့် အနာဂတ် လူ့ဘောင်ကြီးရဲ့
ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နဲ့ တိုင်းပြည်နဲ့လူမျိုး အတွက် အားကိုးအားထား ပြုနိုင်မယ့်
လူငယ်လူ ရွယ်များပေါ်ထွက်ခြင်းရဲ့ အဓိကအကြောင်းရင်း ဟာ ကိုယ်ကျင့်တရားဆိုတဲ့ စာရိတ္တပဲဖြစ်ပါတယ်။
လူငယ်တိုင်းလိုလားအပ်တဲ့ စိတ်ဓာတ်အရည်အ ချင်းများ၊ မြတ်နိုးဖွယ်ရာ အကျင့်စာရိတ္တများနှင့်
ပြည့်ဝကြပြီဆိုရင် အဲဒီနိုင်ငံဟာ မဝေးတော့တဲ့ အနာဂတ်မှာ ရွှေခေတ်၊ ငွေခေတ်၊ နိုင်ငံတော်
သစ်ခေတ်ကို ဒိဋ္ဌရောက်ရှိမှာ ဖြစ်ပါတယ်ရှင်။ အဲဒီစိတ်ဓာတ်၊ စရိုက်များနဲ့ ပြည့်ဝဖို့မှာလည်း
စာရိတ္တပညာမှတစ်ပါး အခြားမရှိနိုင်တော့ပါဘူးရှင်။
.
လူငယ်ဆိုတာ အသက်အရွယ်အားဖြင့် နုနယ်ပြီး ပညာရှာဖွေ ဆည်းပူးနေဆဲအရွယ်ဖြစ်ကြ
ပါတယ်။ ဖော့ဖယောင်းပမာ ပျော့ပြောင်းနူးညံ့ချိန် လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လူငယ်တွေဟာ
''ယနေ့လူငယ်၊ နောင်ဝယ်လူကြီး''ဆိုတဲ့အတိုင်း အနာဂတ်မှာ တိုင်းပြည်တာဝန်၊ လူသားတာဝန်
တွေကို ထမ်းဆောင်ရမယ့်သူများ ဖြစ်တဲ့အတွက် လူငယ်တိုင်းစာရိတ္တမဏ္ဍိုင် ကြံ့ခိုင်အောင်
ကြိုးစား ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။
.
.
.
Kanbawza Tai News