စိုင်းကွမ်းမိုင်း၊ ကမ္ဘောဇတိုင်း
.
ယနေ့ ၂၁ ရာစု
ကမ္ဘာကြီးတွင် စစ်ရေးဆိုင် ရာ နည်းပညာသစ်များဖြင့် တီထွင်ထုတ်လုပ်ထား သည့် လက်နက်အသစ်အဆန်းများသည်
အခြား သော စစ်လက်နက်ပစ္စည်းများ ခေတ်မီမှုမရှိတော့ ကြောင်း မီးမောင်းထိုးထားသည်။ သို့သော်လည်း
နောက်ကျသော စစ်လက်နက်ပစ္စည်းများတွင် လေယာဉ်တင်သင်္ဘော ကြီးများလည်း ပါဝင်လျက် ရှိသော်လည်း
ယနေ့တိုင် စစ်ဆင်ရေးများတွင် အ သုံးပြုနိုင်သည့် အနေအထားတွင် တည်ရှိလျက် ရှိကြောင်း
တွေ့ရှိရသည်။ ထိုအထဲမှ ယနေ့တိုင် ထင်ရှားကျော်ကြားပြီး ဆက်လက်အသုံးပြုလျက် ရှိသော လေယာဉ်တင်သင်္ဘောကြီး
၅ စီးသည် ကား ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်မှသည် ယနေ့ခေတ်ကာလအထိ စစ်ဆင်ရေးများတွင် ယင်း
၅ စီးသည် စစ်ရေးမဟာဗျူဟာအတွက် အရေးပါလျက်ရှိသည်ကို တွေ့ရှိရသည်။ ၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်စတင်ဖြစ်ပွားလာသော
အခါ အမေရိကန်၊ ဂျပန်နှင့်အင်္ဂလန်(ဗြိတိသျှ) ရေတပ်တို့သည် လေယာဉ်တင်သင်္ဘောများကို စစ်ဆေးများတွင်
စတင်အသုံးပြုလာကြသည်။ ထိုအချိန်မှစ၍ စစ်ဆင်ရေးများတွင် လေယာဉ်တင် သင်္ဘောများ၏ အထောက်အကူပြုမှု
အခန်းကဏ္ဍ သည် လွန်စွာအရေးပါးလှသည်ကို ထင်ရှားမှုပြ သနိုင်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် လေယာဉ်တင်
သင်္ဘောများသည် ကမ္ဘာ့သမုဒ္ဒရာနှင့် ပင်လယ်ပြင် အား စိုးမိုးထားသည့် အဓိကရေငုပ်သင်္ဘောများ
ဖြစ်ကြောင်းကို ကမ္ဘာ့ပြည်သူများအား သက်သေ ပြနိုင်သည့် အဓိကရေငုပ်သင်္ဘောများဖြစ်ကြောင်း
ကို ကမ္ဘာ့ပြည်သူများအား သက်သေပြနိုင်သည့် ကမ္ဘာကျော်သင်္ဘော ၅ စီးကို National
Interest မဂ္ဂဇင်းတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
၁။ USS Enterprise လေယာဉ်တင်သင်္ဘော
.
အမေရိကန်လေတပ်သည်
ပထမကမ္ဘာစစ် နှင့် ဒုတိယကမ္ဘာစစ်များတွင် ပါဝင်တိုက်ခိုက်ခဲ့ သည့် USS Lesinton နှင့် USS Saratoger ခရုဇ်ဇာစစ်သင်္ဘောနှစ်စီးကို USS Rainger စစ် သင်္ဘောနှင့်ပေါင်းစပ်၍
USS လေယာဉ်တင် သင်္ဘောကြီးအဖြစ် တည်ဆောက်ကာ ထုတ်လုပ် ခဲ့သည်။ လေယာဉ်တင်သင်္ဘော၏ သဘာဝတွင်
ကိုယ်ထည်ကြီးမားကာ လေယာဉ်ပျံများ ဆင်း သက်ရပ်နားနိုင်ရန် ကုန်းပတ်ပိုမိုကျယ်ပြန့်ပြီး
ရှည် လျားကာ လေကြောင်းရန်ကာကွယ်နိုင်ရေး ဒုံး ကျည်များ စစ်အမြောက်များကို ထိရောက်ခိုင်မာ
စွာ တပ်ဆင်ထားရမည်ဖြစ်သည်။ ၁၉၄၂ ခုနှစ် တွင် အမေရိကန်ရေတပ်သည် ဂျပန်၏ရှေ့တိုးချီ တက်လာသည့်
အင်မ်ပီရီယယ်ရေတပ်အား ဟန့် တားရန်အတွက် USS Enterprise အပြင် USS York Town နှင့် USS Hornet လေယာဉ်တင် သင်္ဘောနှစ်စီးကိုပါ ထုတ်လုပ်တပ်ဆင်လာသည်။
.
USS
Enterprise သည် ရေတန် ၂၄ဝဝဝ ကို ဖယ်ရှားပေးနိုင်သည့်
ရေစူးရှိပြီး တစ်နာရီရေ မိုင် ၃၃ နှုန်းဖြင့် မောင်းနှင်နိုင်ကာ လေယာဉ်အ စီး ၉ဝ တင်ဆောင်နိုင်သည်။
အမေရိကန်ရေတပ် အခြေစိုက်စခန်းဖြစ်သည့် ပုလဲဆိပ်ကမ်းအား ဂျ ပန်ရေတပ်နှင့် လေတပ်မှ အလစ်အငိုက်တိုက်ခိုက်
ချေမှုန်းမှုကြောင့် အမေရိကန်လေယာဉ်တင် သင်္ဘော York Town သည် မီးလောင်ဆုံးရှုံးခဲ့ ရသည်။ သို့သော် USS
Enterpeise နှင့် USS Hornet နှစ်စီးသည် ဒူးလစ်တဲနှင့်မစ်ဝေးကျွန်း တိုက်ပွဲများတွင်
ဂျပန်လေယာဉ်တင်သင်္ဘော ၄ စီးကို ကလဲ့စားချေစီးနင်းရာတွင် အထောက်အကူ များစွာ ပေးနိုင်ခဲ့သည်။
ထို့ပြင် ဂွါဒယိကာနယ် တိုက်ပွဲများတွင် ဂျပန်ရေတပ်၏ ပြင်းထန်ကြမ်း တမ်းသည့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို
USS Enterprise မှ တုံ့ပြန်တိုက်ခိုက်မှုကောင်းစွာ ပြုလုပ်နိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်
တစ်လျှောက် လုံးတွင် အမေရိကန်ရေတပ်မှ ဂျပန်တို့သိမ်းပိုက် ထားသည့် ပစိဖိတ်ကျွန်းများကို
ပြန်လည်သိမ်း ယူရာ၌ USS Enterprise ၏ အထောက်အကူ ပြုမှုသည် မှတ်တမ်းတင်နိုင်ခဲ့သည်။
၂။ HMS Illustrioces လေယာဉ်တင်သင်္ဘော
.
ဒုတိယကမ္ဘာစစ်
အရှိန်မြင့်တက်လာသည့် ၁၉၃၉ စက်တင်ဘာလ မှ ၁၉၄၂ ဧပြီလအတွင်း တွင် ဗြိတိသျှတော်ဝင်ရေတပ်
တပ်ဖွဲ့သည်ယင်း ၏ လေယာဉ်တင်သင်္ဘော ၇ စီးအနက် ၅ စီး ဆုံးရှုံးခဲ့သည်။ ဗြိတိသျှတော်ဝင်ရေတပ်သည်
ဆုံး ရှုံးသွားသော လေယာဉ်တင်သင်္ဘောများ နေရာ တွင် HMS Illustrious လေယာဉ်တင်သင်္ဘော ၃ စီးဖြင့် အစားထိုးတပ်ဆင်ခဲ့သည်။ HMS
Illustrious သည် ရေတန် ၂၃ဝဝဝ အား ဖယ်ရှား နိုင်သည့် ရေစူးရှိပြီး တစ်နာရှိရေမိုင် ၃ဝ
ဖြင့်ရွေ့ လျားနိုင်ကာ လေယာဉ် ၃၆ စီးတင်ဆောင်နိုင် သည်။ ၁၉၄ဝ ပြည့်နှစ် နိုဝင်ဘာလတွင်
ဤ သင်္ဘောမှ Swordtish ဗုံးကြဲလေယာဉ်များသည် ကနေဒါနိုင်ငံ၊ ကိုရန်တိုဒေသတွင် အီတလီရေ
တပ်သင်္ဘောများကို တိုက်ခိုက်ကာ အီတလီရေ တပ်သင်္ဘော ၃ စီးကို နှစ်မြှုပ်နိုင်ခဲ့သည်။ နောက်
၃ လကာလအတွင်း၌ Illustrious လေယာဉ် တင်သင်္ဘောသည် မြေထဲပင်လယ်ဒေသတွင် ဂျာ မန်ဗုံးကြဲလေယာဉ်များ၏
အကြိမ်ကြိမ်တိုက်ခိုက် မှုအား တုံ့ပြန်ကာ ဂရိနိုင်ငံကို ဖက်ဆစ်များလက် မှ ကယ်တင်နိုင်ခဲ့ပြီး
ယင်းသင်္ဘော၏ တိုက်ခိုက် စွမ်းရည် ထက်မြက်မှုကို သက်သေပြနိုင်ခဲ့သည်။
.
ထို့နောက်
HMS Illustrious လေယာဉ် သင်္ဘောသည် အမေရိကန်တွင် လွန်းတင်ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ်ပြီးနောက်တွင်
အိန္ဒိယသ မုဒ္ဒရာ၌ ဂျပန်ရေတပ်သင်္ဘောကြီးများအား အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်။ ၁၉၄၃
ခုနှစ် တွင် ယင်းလေယာဉ်တင်သင်္ဘောသည် ဥရောပ စစ်မျက်နှာသို့ ပြန်လည်ရောက်ရှိလာပြီး မဟာ
မိတ်တပ်ဖွဲ့များဖြစ်သည်။ နော်ဝေးနှင့် အီတလီ ကို နာဇီတို့၏ လက်ထဲမှ ပြန်လည်သိမ်းပိုက်ရာ
တွင် ထိရောက်စွာ ထောက်ကူမှုပေးနိုင်ခဲ့သည်။ ထို့နောက် HMS Illustrious သည် ဗြိတိသျှ
တပ်ဖွဲ့များနှင့်အတူ အရှေ့တောင်အာရှနိုင်ငံများ အား ပြန်လည်သိမ်းပိုက်မှု စစ်ဆင်ရေးများတွင်
ပါဝင်ကာ တက်ြ<ွကစွာထောက်ကူမှု ပေးနိုင်ခဲ့ သည်။ ပစိဖိတ်ဒေသတိုက်ပွဲများတွင် ဂျပန်ရေတပ်
ဇီးရိုးတိုက်လေယာဉ်များ၏ ကာမီကာဇေအသေခံ တိုက်ခိုက်မှုကို ခံခဲ့ရသော်လည်း သက်ဆိုးရှည်ခဲ့
ပြီး ဗြိတိန်သို့ ပြန်လည်ရောက်ရှိကာ လေယာဉ် တင်သင်္ဘောဆိုင်ရာသင်တန်းပို့ချသည့် တာဝန်
များကို ထမ်းဆောင်ခဲ့ကာ ၁၉၅၇ တွင် HMS Illustrious ကို အနားပေးခဲ့သည်။
၃။ HIJMS-Zukarku
လေယာဉ်တင်သင်္ဘော
.
HIJMS-Zukarku
သည် ဒုတိယကမ္ဘာစစ် မတိုင်မီကမ္ဘာ့လေယာဉ်တင်သင်္ဘောများ
တည် ဆောက်ရေးလုပ်ငန်းများ အရှိန်မြှင့်တင်နေချိန်တွင် ဂျပန်စက်မှုလုပ်ငန်းမှ အကောင်းဆုံးတီထွင်ထုတ်
လုပ်ခဲ့သည့် လေယာဉ်တင်သင်္ဘောကြီးဖြစ်သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီတွင် ကီဒိုသူတိုင်းလေယာဉ်
တင်သင်္ဘောနေရာတွင် အစားထိုးဖြန့်ကျက်ခဲ့ပြီး Zukarku သင်္ဘောအပြင် အခြားခေတ်မီ လေ ယာဉ်တင်သင်္ဘောနှစ်စီးကိုလည်း
ဂျပန်အင်ပီရီ ယယ်ရေတပ်မတော်တွင် ဖြန့်ကျက်တပ်ဆင်ခဲ့ သည်။ ဇကုမေုက သည် ရေစူးတန် ၃၂ဝဝဝ
ရှိ ပြီး ရေမိုင် ၃၄ မိုင်သွားနိုင်ကာ လေယာဉ် ၇၂ စီးထိ တင်ဆောင်နိုင်သည်။ Zukarku သည်
အမေရိကန် ပုလဲဆိပ်ကမ်း ရေတပ်စခန်းအား စီးနင်းတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့်အပြင် အိန္ဒိယ
သမုဒ္ဒရာ စီးနင်းတိုက်ခိုက်မှုများတွင် ထိရောက်စွာ ထောက်ကူမှုပေးနိုင်ခဲ့ပြီး ဗြိတိသျှရေတပ်လေယာဉ်
တင်သင်္ဘော HMS-Hermes နှင့်အခြားသော စစ်သင်္ဘောများကို နှစ်မြှုပ်နိုင်သည်ထိ ထိုးစစ်ဆင်
တိုက်ခိုက်နိုင်ခဲ့သည်။
.
ထို့ပြင်
ကော်ရယ်ပင်လယ်တိုက်ပွဲတွင် ဂျပန် တပ်ဖွဲ့ဝင်များ ကမ်းတက်တိုက်ပွဲများ ဆင်နွှဲရာ၌ Zukarku
နှင့် အခြားဂျပန်လေယာဉ်တင်သင်္ဘော တို့သည် မိုရက်စ်ဘီဆိပ်ကမ်းတွင် အခြေစိုက်ကာ ဂျပန်ကမ်းတက်တပ်များကို
ကာကွယ်မှုပေးနိုင်ခဲ့ သည်။ ထို့အပြင် မစ်ဝေးတိုက်ပွဲတွင် အမေရိကန် စစ်သင်္ဘော USS
Lesinton အား တိုက်ခိုက်နှစ် မြှုပ်ရာတွင် Zukarku ၏ထောက်ကူမှုသည် အ ရေးပါခဲ့သည်။ ဂျပန်လေယာဉ်တင်သင်္ဘောတပ်
ဖွဲ့နှင့်အတူ Zukarku သည် ၁၉၄၄ ထိ ပါဝင် ဆင်နွှဲခဲ့သည်။ ဂွါတာကာနယ်နှင့် ဖိလစ်ပိုင်ပင်
လယ်ပြင် တိုက်ပွဲများတွင် အမေရိကန်၏ HSS-Hornet သင်္ဘောအား တိုက်ခိုက်နှစ်မြှုပ်ခဲ့ရာတွင်
လွန်စွာအရေးပါခဲ့သည်ဟု စစ်သမိုင်းပညာရှင်များ က မှတ်တမ်းတင်ထားရှိသည်။ ၁၉၄၄ တွင် ဇကုမေုက
မှ တိုက်လေယာဉ်များနှင့် လေယာဉ် မှူးများမှာ တိုက်ပွဲပြင်းထန်လှသည့်အတွက် လှုပ် ရှားမှုမပြုနိုင်တော့သည်ထိသို့
ရောက်ရှိခဲ့သည်။ ပုလဲဆိပ်ကမ်း တိုက်ခိုက်မှုတွင် စွမ်းစွမ်းတမံပါဝင် ခဲ့သည်။ ဂျပန် လေယာဉ်တင်သင်္ဘောကြီးများ
တွင် နောက်ဆုံးသက်ဆိုးရှည်ကာ ကျန်ရစ်ခဲ့သည့် Zukarku သည် လေတီပင်လယ်ကွေ့စစ်ပွဲတွင်
အမေရိကန်ရေတပ်သင်္ဘောများ၏ ဗုံးတော်ပီတို များဖြင့် ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ပျက်စီးကာ
ရေအောက်သို့ ရောက်ရှိခဲ့ရသည်။
.
၎။ USS.Midway လေယာဉ်တင်သင်္ဘော
.
ဂျပန်ဖက်ဆစ်များကို
ဆန့်ကျင်တိုက်ခိုက် သည့် တိုက်ပွဲများပြီးဆုံးသွားပြီးနောက် ၁၉၄၅ စက်တင်ဘာလတွင် အမေရိကန်ရေတပ်သည်
USS.Midway လေယာဉ်တင်သင်္ဘောကို စစ် ဆင်ရေးများတွင် စတင်အသုံးပြုလာခဲ့သည်။ USS.Midway
သည် ရေစူးတန် ၄၅ဝဝဝ ရှိပြီး ရေမိုင်နှုန်း တစ်နာရီလျှင် ၃၃ မိုင်ရွေ့လျားနိုင်ကာ လေယာဉ်အစီး
၁ဝဝ ထိ သယ်ဆောင်နိုင်သည်။ အမေရိကန်ရေတပ်မှ Midway နှင့်အခြားသော လေယာဉ်တင်သင်္ဘောများသည် ဒုတိယကမ္ဘာ စစ်ပွဲအတွင်း၌
ပစိဖိတ်ဒေသတွင် တိုက်ပွဲဝင်ခဲ့ သည်။ ESSEX အမျိုးအစား လေယာဉ်တင် သင်္ဘောများထက် နည်းပညာအဆင့်ပိုမိုမြင့်မား
ကာ အနာဂတ်လေယာဉ်တင်သင်္ဘောများ ရေ လက်ကြားသွားလာမှုခေတ်သစ်အား အစပျိုး လိုက်ခြင်းပင်ဖြစ်သည်။
ထို့ကြောင့်ပင်လျှင် စစ် ဆင်ရေးများ၌ USS.Midway သည် ကမ္ဘာပေါ် တွင် တိုက်ခိုက်မှုစွမ်းရည် အကောင်းဆုံးသော
စစ်စွမ်းရည်များကို ပြသနိုင်ခဲ့ခြင်းပင်ဖြစ်သည်။
.
USS.Midway
တွင် ပါဝင်သည့် တိုက် လေယာဉ်အုပ်စုသည် နှနဌ အမျိုးအစား လေယာဉ်တင်သင်္ဘောပေါ်တွင် ပါရှိသည့်
တိုက် လေယာဉ်များထက် ထိုးစစ်ဆင်တိုက်ခိုက်မှုတွင် ပိုမိုအားကောင်းလှသည်။ USS.Midway
ပေါ် တွင် အသုံးပြုသည့် A.2 Savage ဗုံးကြဲလေ ယာဉ်ကြီးများသည် နျူကလီးယား လက်နက် ကြီးများကိုပါ
သယ်ဆောင်ပစ်ခတ်နိုင်သည့်အ တွက် လွန်စွာထူးခြားပေါ်လွင်သည့် မျိုးဆက်သစ် လေယာဉ်တင်သင်္ဘောအဖြစ်
ထင်ရှားလာခဲ့ခြင်း ဖြစ်သည်။ အမေရိကန်ရေတပ်တွင် Midway ကဲ့သို့သော အခြားမျိုးဆက်သစ်
လေယာဉ်တင် သင်္ဘောများတွင်လည်း A.2 Savage ဗုံးကြဲလေ
ယာဉ်များ တပ်ဆင်အသုံးပြုထားသည်။
.
အမေရိကန်
ရေတပ်မတော်သည် Midway အား အစဉ်တစိုက်ပင်လျှင် ဆန်းသစ်မှုနှင့် အဆင့် မြှင့်တင်မှုများ
ပြုလုပ်ပေးခဲ့ပြီး လေယာဉ်များဆင်း သက်ပျံသန်းသည့် ကုန်းပတ်ပြေးလမ်းများကို စ တုရန်းကွက်ပုံစံ
လေးထောင့်ကျကျ တီထွင်တည် ဆောက်ပေးခဲ့သည်။ ၁၉၅ဝ ပြည့်နှစ်တွင် စတင် ဖြစ်ပွားသည့် ကိုရီးယားကျွန်းဆွယ်
စစ်ပွဲနောက်ပိုင်း ဗီယက်နမ်စစ်ပွဲများတွင်
Midway သည် အမေ ရိကန် မရိန်းတပ်ဖွဲ့များကို လေကြောင်းထောက် ကူမှုနှင့်
သယ်ယူပို့ဆောင်ရေး ထောက်ကူမှုများစွာ ပေးနိုင်ခဲ့သည်။ Midway သည် F-16F မှ F-18
Hornet အထိ တိုက်လေယာဉ်ဗုံးကြဲလေ ယာဉ်မျိုးဆက်
အမျိုးမျိုးအား သယ်ဆောင်၍¤င်း လေယာဉ်များ၏ တိုက်ပွဲဝင်လေကြောင်းပျံသန်းမှု
များကို ထိန်းချုပ်လမ်းပြနိုင်ခဲ့သည်။ ၁၉၉၂ တွင်
အမေရိကန်တပ်သည် Midway ကို အနားပေး
ခဲ့သည်။
၅။ USS-Theodore
Roosevelt လေယာဉ်တင် သင်္ဘော
.
၁၉၇ဝ ပြည့်လွန်နှစ်များတွင်
အမေရိကန်တပ် မတော်သည် နီမစ်၏ အမျိုးအစား နျူကလီးယား စွမ်းအင်ဖြင့် မောင်းနှင်သည့် လေယာဉ်တင်
သင်္ဘောကြီး ၁ဝ စီးအား တည်ဆောက်လာသည့် အတွက် ယင်းလေယာဉ်တင်သင်္ဘောများသည် ကမ္ဘာ့သမုဒ္ဒရာ
ရေပြင်ကို စိုးမိုးထားနိုင်သည့် အ ဓိက စစ်ယန္တရားကြီးများ ဖြစ်လာသည်။ ၃၅ နှစ် တာ အချိန်ယူကာ
တည်ဆောက်လာခဲ့ရသော ယင်းလေယာဉ်တင် သင်္ဘောများသည် အမေရိ ကန်ရေတပ်အတွက် အဓိကအင်အားဖြစ်သကဲ့သို့
ယနေ့ထိတိုင် အမေရိကန် အမျိုးသားတစ်ရပ်လုံး ၏ ဂုဏ်သိက္ခာအဖြစ် တည်ရှိနေသည်။ ယင်းနီ မစ်၏
နျူကလီးယားအမျိုးအစား လေယာဉ်တင် သင်္ဘောများအနက် ဒုတိယအသုတ်တွင် ပထမ ဦးစွာ တည်ဆောက်ထုတ်လုပ်သည့်
USS. Theoder Roosevelt လေယာဉ်တင်သင်္ဘောသည်
စစ်ဆင်ရေးများတွင် တက်ြ<ွကမှုအရှိဆုံး လှုပ်ရှား သွားလာမှုအရှိဆုံး သင်္ဘောအဖြစ် ထင်ရှားကျော်
ကြားလှပေသည်။ ရုစဗဲ့လ်လေယာဉ်တင်သင်္ဘော သည် ၁၉၈၆ ခုနှစ်မှ စတင်၍ စစ်ရေးတာဝန်များ ကို
ဆောင်ရွက်ခဲ့သည်။ ရေစူးတန် ၁ဝဝဝဝဝ ရှိ ပြီး လေယာဉ်အစီး ၈ဝ အား တင်ဆောင်နိုင်ကာ ရေမိုင်တစ်နာရီ
၃ဝ မိုင်မောင်းနှင်နိုင်သည်။
.
USS.Theoder
Roosevelt သည် စစ် အေးခေတ်လွန်စစ်ပွဲများတွင်
စစ်ဆင်ရေးတာဝန် များကို အထူးထမ်းဆောင်ခဲ့သည်။ ထူးခြားမှုတစ် ရပ် သည်ကား အာဏာရှင် ဆက်ဒမ်ဟူစိန်၏
အီရတ်ရီပတ် ဘလီကန်အထူးတပ်ဖွဲ့များသည် အိမ်နီးချင်း ကူဝိတ်နိုင်ငံအား အဓမ္မဝင်ရောက် သိမ်းပိုက်ခဲ့သည်။
၁၉၉၁ ခုနှစ် ပင်လယ်ကွေ့ စစ်ပွဲတွင် Desert
Storm စစ်ဆင်ရေး၌ ကိုဆိုဗို နှင့် ဆီးရီးယားရှိ
ရက်စက်ကြမ်းကြုတ်သည့် ဆာ့ဗ်တပ်များအား ဗုံးကြဲချကာ ချေမှုန်းတိုက်ခိုက် သည့် စစ်ပွဲ၌
ရုစဗဲ့လ်လေယာဉ်တင်သင်္ဘောမှ အဆင့်မြင့် တိုက်ခိုက်ရေးလေယာဉ်များက လက် သံပြောင်စွာ ပါဝင်တိုက်ခိုက်ခဲ့သည်။
ထို့ပြင် ၁၉၉၉ ခုနှစ်တွင် အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ များ၏ Allied Force စစ်ဆင်ရေး၌ ရုစဗဲ့လ် သင်္ဘောသည် အမေရိကန်တပ်ဖွဲ့များကို
လေ ကြောင်းထောက်ကူမှုများစွာ ပေးအပ်နိုင်ခဲ့သည်။
.
ထိုစစ်ဆင်ရေးတွင်
ဆာရာဂျေဗိုမြို့ကို သိမ်း ပိုက်ထားသည့် တောင်ကုန်းများထိပ်၌ ဖြန့်ကျက် ထားသည့် တင့်ကားကြီးများ၊
အမြောက်ကြီးများ နှင့် မော်တာတပ်ဖွဲ့များကို အမေရိကန်တိုက်လေ ယာဉ်များက ပြင်းထန်စွာ
ဗုံးကြဲချေမှုန်းနိုင်ခဲ့မှု ကြောင့် ဆာ့ဗ်တပ်များ အလျှော့ပေးဆုတ်ခွာသွား ခဲ့ရသည်။ ကိုဆိုဗိုနှင့်
ဘော့စနီးယားပြည်တွင်းစစ် ပွဲတွင် ဆာ့ဗ်များမှ မွတ်စလင်များကို မုဒိန်းကျင့်၊ အစုလိုက်အပြုံလိုက်
သတ်ဖြတ်ခြင်းစသည်ဖြင့် လူမျိုးတုံးစေရန် လူသားမျိုးနွယ်များအပေါ် ကျူး လွန်သည့် (Crime
Against Humanity)C.A.H ရာဇဝတ်မှုများကို ရက်စက်စွာကျူးလွန်ခဲ့ကြခြင်း
ဖြစ်သည်။ ရုစဗဲ့လ်သည် ထိုစစ်ပွဲတွင် တာဝန်ကျေ ပွန်စွာ ထမ်းဆောင်၍ လူသား၏ဂုဏ်သိက္ခာများ
ကို ပြန်လည်မြှင့်တင်ပေးနိုင်ခဲ့သည်။
.
၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုကို
ကျူးလွန် ခဲ့သည့် အာဖဂန်အခြေစိုက် အယ်လ်ကေဒါအ ကြမ်းဖက်သမားနှင့် တာလီဘန်များကို ပထမဆုံး
ဗုံးကြဲတိုက်ခိုက်သည့် ထိုလေယာဉ်များသည် ရုစ ဗဲ့လ်သင်္ဘောမှ ပျံတက်လာခဲ့ခြင်းဖြစ်သည်။
ယင်း စစ်ဆင်ရေးသည် Ensuring Freedom ဖြစ် သည်။
နှစ်နှစ်ကြာမြင့်ပြီးနောက် Iraqi Freedom စစ်ဆင်ရေးတွင် ရုစဗဲ့လ်မှ အဆင့်မြင့်တိုက်လေ ယာဉ်များသည်
အီရတ်ပစ်မှတ်များကို ပထမဆုံး တိုက်ခိုက်ခဲ့သည်။ USS-Theodore Roosevelt သည် သက်တမ်း ၃၅ နှစ်ကြာ တာဝန်ကျေပွန် စွာ ထမ်းဆောင်ခဲ့ပြီး
၂ဝ၃၅ ထိ ဆက်လက်တာ ဝန်ထမ်းဆောင်နိုင်ရန် ယင်းကိုအဆင့်မြှင့်တင်ပေး လျက်ရှိသည်။
.
.
.
Kanbawza
Tai News Journal