ထမနဲပြဲ ႏႊဲၾကမလား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ထမနဲပြဲ ႏႊဲၾကမလား



ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.
.
တပို့တွဲ
          နတ်တော်ပြာသို ကြံဖျားချို
          နှာရည်စိုရွှဲ တပို့တွဲ
.
ဤသို့ စာချိုးလေးများရှိခဲ့သည်ကို ကျွန်တော် တို့ငယ်ငယ်တုန်းက ဘာရယ်လို့မဟုတ်။ ရွတ်ဆို ရကောင်းလှ၍ အော်ဟစ်သံပြိုင် သီကြွေးခဲ့ကြဖူး ပါသည်။ ကျွန်တော်ငယ်စဉ်ဘဝမှာ ကျန်းမာရေး ချူချာလှသောကြောင့် တပို့တွဲလကျမှမဟုတ်၊ မိုး တွင်းတစ်တွင်းလုံးနှင့် တစ်ဆောင်းတွင်းလုံးအမြဲ လိုလိုပင် နှာရည်တွဲလောင်း နှာသံတရွှတ်ရွှတ်နှင့် ရှိခဲ့မြဲပါ။ ရှမ်းပြည်တောင်ပိုင်း၊ ကျွန်တော်နေထိုင် သောမြို့တော် တောင်ကြီးကလည်း အလွန်အ အေးပို၍လည်း ဖြစ်ပါလိမ့်မည်။ နွေကျတော့ ကောတဲ့။ ခံနိုင်ရည်အားနည်းသော ကျွန်တော် သည် နေပူကျဲကျဲထဲ၊ ဦးထုပ်မပါထီးမပါဘဲ သွား မိက အပူရှပ်ပြီး နှာစေးတတ်ပြန်ရော။ မြန်မာ့ တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုအဟောအပြော အရ၊ အအေးပတ်ပြီး နှာစေး၊ အပူရှပ်ပြီး နှားစေး နှစ်မျိုးနှစ်စား ခွဲခြားထား၏။ ရာသီမပိုင်၊ ဆေးမ ကိုင်နှင့်ဟု ပြောဆိုသော သမားရိုးစကားကြောင့် မည်သည့်ရာသီကြောင့် ဖြစ်သောရောဂါဘယ နည်းဟူ၍ ရှေးဦးသုံးသပ်ပြီးမှ ဆေးပေးလေ့ရှိပါ သည်။ ချောင်းဆိုးသည်ဆိုရာ၌လည်း အပူချောင်း လား အအေးချောင်းလား။ ဝမ်းသက်ဝမ်းလျှော ရာ၌လည်း အစားအသောက်မှား၍မဟုတ်မူဘဲ ရာသီဥတုကြောင့်ဆိုပါက အပူလျှောလား၊ အ အေးလျှောလား။ အကြောင်းရင်းအခံ အပူကြောင့် သို့မဟုတ် အအေးကြောင့် အပေါ်မူတည်၍ အ အေးကို ဆေးပူပေး၍ အပူကိုဆေးအေးပေးရ၏။ အအေးကို အအေးဆေး၊ အပူကို အပူဆေးစ သည်ပေးမိပါက ရောဂါသက်သာဖွယ်မရှိပြီ။
.
တပို့တွဲလသည် ဆောင်းလေးလတွင်နောက် ဆုံးလဖြစ်သလို အအေးကလည်း အလွန်ပိုကဲ တတ်မြဲဖြစ်ပါသည်။ ''နွေကိုး မိုးတစ်ဆယ်ဆောင်း ဆယ့်တစ်''ဟူသော အဆိုသည် ရေချိုးနာရီသတ် မှတ်ပေးခြင်းဟု ကျွန်တော်နားလည်ထား၏။ နွေ မှာ နံနက်ကိုးနာရီဝန်းကျင်၊ မိုး၌ နံနက်ဆယ်နာ ရီ၊ ဆောင်း၌မူ ဆယ့်တစ်နာရီတို့၌ ရေချိုးလျှင် အအေးမပတ် မဖျားမနာနိုင်။ နွေကို နည်းနည်း စောချိုးခိုင်း၏။ နေ့လယ်နေ့ခင်းပိုင်းသည် အပူ လွန်ချိန်မို့ အပူရှပ်ဖျားနာရုံမျှမဟုတ်၊ ကံဆိုးချင်က သွေးလန့် (Shock)ကာ လေဖြတ်၊ ဦးနှောက်သွေး ကြောပြတ် ရုတ်တရက်သေတတ်သည် မဟုတ် ပါလား။ လူကြီးသူမများတို့က ခေါင်းလျှော်ရေချိုး ခြင်းကို နေမွန်းတည့်နှင့် မွန်းလွဲပိုင်း ညနေပိုင်းကို မပြုလုပ်ရန် တားမြစ်တတ်မြဲဖြစ်၏။ ''မွေးနေ့ သောကြာ၊ တနင်္လာ ကေသာဆံဖြတ်မပြုအပ်''၊ ''အိုးစည်တီးပြီးအောင်လျှော်''စသည့် ဆိုရိုးလင်္ကာ သံပေါက်များဖြင့် လမ်းညွှန်မှုပြုတတ်ကြပါသည်။ ''အောင်စံဖြိုး ရေချိုး'' ''ငါ့သားရွှေတောင် ရေကို ရှောင်''ဆိုသည်ကား ရေချိုးရမည့်ရက်များနှင့် ရေ မချိုးရသည့်ရက်များကို နေ့နံသင့်ယူရပါမည်။
.        
ယဉ်ကျေးမှု
.
ကျွန်တော်တို့သည် နစ်ပေါင်းထောင်ချီလျက် မျိုးနှင့်ရိုးနှင့်၊ စာနှင့်ပေနှင့်၊ ကဗျာလင်္ကာအတီး အမှုတ်နှင့် အယူအဆ ဓလေ့ထုံးစံများနှင့် နေထိုင် လာကြသော သမိုင်းကြောင်း အခိုင်အမာရှိသော လူမျိုးဖြစ်၏။ ''ဆရာကတော့ အတော်ခေတ် နောက်ပြန်ဆွဲတဲ့ ရှေးရိုးလူအို ကလောင်အိုကြီး တစ်လက်ပါတကား''ဟူ၍ မှတ်ချက်ချလိုပါက ချနိုင်ပါသည်။ ယင်းသို့ ကျွန်တော်ရေးပြသည်များ မှာ ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည်ကို တန် ဖိုးထားတတ်သူတို့က ငြင်းပယ်ကြလိမ့်မဟုတ်ဟု ကျွန်တော် ရဲရဲကြီးယူပါ၏။ ရှေးလူကြီး လူအိုတို့ သည် တွေ့ကြုံရဖန်များလာသောအခါ အမှတ် အသားများပြုလျက်၊ ဆောင်ရေးရှောင်ရေးများကို လက်ဆင့်ကမ်းခဲ့ကြသည်။ မှတ်မိလွယ်အောင် လည်း လင်္ကာသံပေါက် အဆိုလေးများဖြင့် သီ ကုံးချန်ရစ်ခဲ့ကြပါသည်။ လိုက်နာသဖြင့် မှားသွား သည်မရှိလှဘဲ၊ မလိုက်နာ၍သာ ဒုက္ခပွားကြရ တတ်၏။ ထိုသို့ နဖူးတွေ့ဒူးတွေ့ ကြုံဆုံရပြီဆို သောအခါ အနည်းအကျဉ်းလက်ခံလာနိုင်ကြပါ လိမ့်မည်။ ဘဝခရီးကို ရှေ့ဆက်လျှောက်လှမ်းကြ ရင်း၊ ကြိမ်ဖန်များစွာ တွေ့ကြုံရဖန်များလာလေလေ ပိုမိုယုံကြည်လက်ခံလာလေလေဖြစ်တော့၏။ စဉ်း စားချင့်ချိန် ဝေဖန်တတ်၊ မြော်မြင်တတ်လည်းဖြစ် ရော လူ့ဘဝမှာ ဆက်လက်နေထိုင်ရဖို့ အချိန် အလွန်နည်းပါးသွားခဲ့ပြီ။ ဘဝနေညိုချိန် ရောက် ခဲ့ပြီလေ။
.
ဥတုသုံးလီ ရာသီဆယ့်နှစ်လရှိသော နှစ်တစ် နှစ်အတွင်း သူ့လနှင့်သူ၊ သူ့ရာသီနှင့်သူ၊ သူ့ပွဲ တော်ရက်နှင့်သူ သီးခြားစီသတ်မှတ်ကျင်းပမြဲဖြစ် ၏။ အများအားဖြင့် ဗုဒ္ဓဘာသာဝင်များပီပီ၊ ဘာ သာရေးကို အခြေခံသည့် အစဉ်အလာပွဲများဖြစ် နေကြောင်းကိုလည်း တွေ့ကြရပါလိမ့်မည်။ သူ့ လမှာ ပွင့်သည့်သူ့ပန်း၊ ထွန်းလင်းသည့်နက္ခတ် ကြယ်တာရာအပြင်၊ မိုးတောင်မှ လစဉ်လတိုင်း သူ့မိုးနှင့်သူရှိပြီးသားဖြစ်၏။ မိုးရွာသွန်းမှုများခြင်း နည်းခြင်း၊ ရက်ကြာခြင်းတစ်ခဏချင်းစသည်သာ ကွာခြားနိုင်ပါသည်။ ယခုတပို့တွဲလသည် ထမနဲ ပွဲရက်နှင့် ကြုံကြိုက်၏။ လပြည့်အဖိတ်ညတွင် စုပေါင်းကာပျော်ပျော်ပါးပါး ထမနဲထိုးကြလျက်၊ မနက်ဆွမ်းခံကြွချိန်၊ သံဃာတန်းကို ထမနဲဆွမ်း လောင်းလူခြင်း၊ လူပရိသတ်ကို ကျွေးမွေးဧည့်ခံ ခြင်း၊ မလာရောက်နိုင်သူတို့ထံ မိမိမေတ္တာရောက် ရှိသလို ပေးပို့လှူဒါန်းခြင်းတို့ ပြုလုပ်ကြစမြဲဖြစ်ပါ သည်။
.
ကျွန်တော်ကလောမြို့ ပြည်သူ့ဆေးရုံသို့ တာဝန်ကျသွားစဉ်တုန်းက တပို့တွဲအဖိတ်ညသည် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပွဲတွင် ထင်းရှူးမီး တိုင်ကြီးများ ထွန်းညှိပူဇော်ခြင်း၊ ထမနဲထိုးကာ လ ပြည့်မနက်မှာ ဆွမ်းလောင်းကျွေးမွေးလှူဒါန်းခြင်း များ လုပ်မြဲအစဉ်အလာနှင့် ဆုံကြုံတိုးခဲ့ဖူးပါ၏။ ၁၄ ရပ်ကွက်ရှိ၍ တစ်ရပ်ကွက်ဘုရားနှစ်ဆူကျ ခွဲ တမ်းမဲနှိုက်ကာ အတီးအမှုတ်အကအခုန်များဖြင့် စီတန်းလှည့်လည်ပူဇော်သည်မှာ ခြိမ့်ခြိမ့်သဲပါ။ ဆေးရုံဝန်ထမ်းများဖို့ ဘုရားတစ်ဆူမဲနှိုက်ခွင့်၊ အ လှူပွဲ၌ ပါဝင်ခွင့်ရရှိခဲ့ပြီး ညီညွတ်ပျော်ရွှင်ခဲ့ပုံကို ပြန်လွမ်းမိပါ၏။
.
ထမနဲပွဲ
.
အဆိုတစ်ရပ်ကို ဖော်ပေပြချင်ပါ၏။ ''ထမနဲ အပူ၊ ယာဂုအအေး''ဆိုသော စကားရပ်လေးတစ် ခုရှိ၏။ ထမနဲကို ပူပူနွေးနွေးစားရပါ၏။ ယာဂုကို အေးခဲချိန်မှာမှ စားရကြောင်း စာချိုးလေးဖြစ်ပါ သည်။ နောက်အဆိုတစ်ခုမှာ ''ထမနဲနှင့်ယာဂု အမည်သာကွဲ၊ တစ်အိုးထဲကလာ၊ ပြဲတာချင်း လည်း အတူတူပါ''တဲ့လေ။ ယင်းစာချိုးအဆိုနှစ် မျိုး၌ ပါဝင်သောယာဂုသည် တစ်စုံနှင့်တစ်ခုမတူ နေပါ။ မည်သို့ကွဲခြားပါသနည်း။ ကျွန်တော်တို့ ရှမ်းပြည်နယ်ရှိ နယ်ခံ၊ ရှမ်း၊ ဓနု၊ အင်း၊ ပအိုဝ်း၊ တောင်ရိုးတို့၏ ယာဂုကား ကောက်ညှင်းချက်ပြီး ကြံသကာဖြင့် သမကာဗန်းထဲဖိသိပ်လျက်၊ ယင်း ကောက်ညှင်း၊ ပျဉ်အေးခဲစေပြီးမှ အတုံးအတုံးလှီး ဖြတ်ကြလေ့ရှိ၏။ နှမ်းမြေပဲနှင့် အုန်းခြစ်တို့ကို လည်း အပေါ်ယံမှာ ဖြူးတတ်ကြသေး၏။ တချို့ လည်း ကောက်ညှင်းချက်စဉ် ရေအမှန်းအဆများ သွား၍ ဇွန်းဖြင့်ကော်စားရသည်လည်း ရှိပါသည်။ နောက်ယာဂုတစ်မျိုးကား ပြဲတာချင်းအတူတူဆို ထားသည့်အတိုင်း ဆံပြုတ်ပျစ်ပျစ်ပုံစံဖြစ်၏။ ဘု ရားရှင်တော်လက်ထက်တုန်းက နံနက်ဝေလီဝေ လင်းအချိန် ဆွမ်းခံထွက်လျှင် လူတို့ကျိုသောက် လေ့မြဲရှိသော ယာဂုပူပူကိုသာ အလှူခံရရှိမြဲဖြစ် ပါသည်။ ယာဂုအကျိုးတရားငါးဆိုသော လှူဒါန်း ရမည့် (၁) သက်ရှည်၊ (၂) ဆင်းလှ (၃)ချမ်းသာ (၄)ပညာချွန် (၅) ခွန်အားများစွာရှိခြင်း အကျိုးများဖြစ်၏။ သုံးသူအဖို့ ကြေညက်လွယ်၊ ဆီးရွှင်၊ အားအင်ပြည့်၊ လေမှန်ဝမ်းမှန်၏တဲ့။
.
''ယာဂုထမနဲပွဲ''ဟူ၍ ပြောဆိုလေ့ရှိပါသည်။ ''တပို့တွဲလ၊ ကုံသို့ကျ၊ မာဃထွန်းစမြဲ။ ပေါက်လဲ ပွင့်တုံ၊ ဆူးပန်းငုံ၊ မီးပုံယာဂုပွဲ''ဟူသော သံပေါက် ချိုး အရ ထမနဲကို ယာဂုဟုလည်းခေါ်တွင် ကြောင်း သိရ၏။ ''ယာဂု''သည် ပါဠိစကားဖြစ် ကာ ''ဆန်ပြုတ်''တစ်မျိုးကိုဆို၏တဲ့။ ယောအ တွင်းဝန် ဦးဘိုးလှိုင်၏ ဥတုဘောဇန သင်္ဂဟကျမ်း တွင် '' ဆန်ချိန်ခြောက်ဆရေထည့်၍ ဆန်လုံး အက်ကွဲအောင် ပြုတ်ကျိုလျှင် ယာဂုမည်၏''ဟု ဖော်ပြထား၏။ ကျွန်တော်တို့ သိရှိနေသော ထမနဲ မှာ ကောက်ညှင်းဖြင့် ပြုလုပ်သော စားဖွယ်အာ ဟာရ မုန့်တစ်မျိုးဖြစ်သည်။ မီးပုံပွဲဟု ပါရှိနေရခြင်း ကား၊ ဘုရားရှင်သော်မှ ချမ်းအေးဓာတ်လွန်ကဲ သော တပို့တွဲလပြည့်ည၌ မီးလှုံရသည်အယူကို ယူပြီး သျှားမီးပူဇော်သော ဓလေ့ပွဲတော်ဖြစ်လာ ခြင်းပါတဲ့။ သျှားဆိုသည်မှာ သျှိလျှားသားကိုဆို လိုပါ၏။
.
''တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ် ရက်တည်းသာ''ဆိုသော အဆိုတစ်ရပ်ကို အများ သိနေကြသည်ကား ပန်းပိတောက် လမ်းတစ် လျှောက်ကြိုင်လှောက် နေခြင်းသာဖြစ်၏။ အမှန် မှာ၊ တပို့တွဲ လပြည့်နေ့အတွက် ထမနဲထိုးပွဲသည် လည်း တစ်နှစ်တစ်လအတွင်း တစ်ရက်တည်း ထိုးကြ၊ မွှေကြသည်ကို နှဲကြသည့်ပွဲဖြစ်ပါ၏။ နှမ်းလှိုင်လှိုင်ဖြင့် ထိုးကြရသဖြင့် နှမ်းမနဲ(နည်း) စေသော မုန့်ဖြစ်သဖြင့် ထမနဲဟုခေါ်သည်ဆိုကြ သေး၏။ ထမနဲသည် ထမင်းနဲဟု ဆိုလိုခြင်းပါ။ သို့သော် ရိုးရိုးဆန်မဟုတ်၊ စေးကပ်သောကောက် ညှင်းဆန်ပါ။ အင်္ဂလိပ်လှိုအငခုပ မငခန ဟု ညွှန်း ဆို၏။ ပါဝင်သော အမယ်တို့မှာ အပူဓာတ်ဖြစ် လျက်၊ အလွန်အေးချိန်ကိုယ်တွင်း၌ အပူတွေစုပုံ သည်ကို ပွင့်အန်စွန့်ထုတ်စေခြင်းဖြစ်သည်။
.
အစာလည်းဆေး
.
အစားအသောက်ကို မိမိခန္ဓာကိုယ်အခံဓာတ် နှင့် ကိုက်ညီအောင် စားသောက်တတ်လျှင်ဆေး ဖြစ်၏။ မစားသင့်သည်ကိုစားလျှင်၊ စားသင့်ပေမင့် အလွန်အမင်း တရားလွန်စားသောက်လျှင် ဘေး ဖြစ်၏။ တပို့တွဲလသည် တက်ဥတုခြောက်ပါး၌ ပါး၌ပါဝင်သည့်အားလျော်စွာ တေဇောဓာတ်နှင့် ဝါယောဓာတ် လွန်ကဲ၏။ လူတို့ပင်ပန်းနွမ်းလျပြီး အားအင်ကုန်ခမ်းကြ၏။ အားဖြစ်စေသော ထမ နဲကို စားသုံးပေးခြင်းဖြင့် ကျန်းမာရေးအတွက် အကျိုးရှိ၏။ အေးမြသောဥတုတွင် ဆေးဖက်ဝင် သော အပူစာကို စားသုံးပေးသင့်သည်ဟု ရှေး မြန်မာဆေးပညာရှင်ကြီးများက အဆိုပြုကြလေ့ ရှိပါသည်။ ထမနဲထိုးရာတွင် ပါဝင်သောကောက် ညှင်း၊ မြေပဲ၊ နှမ်း၊ အုန်းသီးဆန်၊ ချင်း၊ မြေပဲဆီ စသည်တို့ကို အချိုးအစားညီညီ ဖော်စပ်ထားသော ဆေးတော်ကြီးအဖြစ် နန်းတွင်းသမားတော်ကြီး များက ရှင်ဘုရင်ကို ဆက်သခြင်းဖြစ်သည်ဟု ရှေးစကားတရပ် မှတ်သားမိဖူးပါသည်။
.
ချက်ပြုတ်ခြင်း၊ မုန့်ပဲသရေစာ စီမံခြင်းသည် အချိုးအစားညီညွတ်မျှတဖို့ အရေးကြီးလှ၏။ ပါ ဝင်သည့် အမယ်များ အချိုးညီညီဖြစ်မည်။ ရေမီး မျှတမည်။ ချက်ရာ၌လည်း တစ်ဆင့်ပြီးတစ်ဆင့် အဆင့်ဆင့်မှန်ကန်မည်ဆိုက ခံတွင်းတွေ့ခံတွင်း လိုက်သော အစားအသောက်၊ စားဖွယ်သောက် ဖွယ်ကိုဖန်တီးနိုင်ပါမည်။ အနုပညာ၊ မြောက် သွားပေလိမ့်မည်။ အနုပညာဆိုသည်ကလည်း အချိုးအစား ညီညွတ်မျှတအောင် ဖန်တီးခြင်း ဖြစ်သောကြောင့်ပါ။ ကိုယ်လက်ကျန်းမာနေဖို့ဆို ရာ၌ အပြင်က သဘာဝရာသီဥတု အပူအအေး၊ မိမိခန္ဓာကိုယ်တွင်းက ဓာတ်ခံသဘော အပူအ အေး တို့ကိုသင့်မြတ်အောင် ညှိနှိုင်း၍ ဝတ်စား ဆင်ယင်စားသောက်တတ်လျှင် များစွာအဆင် ပြေအကျိုးများနိုင်ပါ၏။ အခံဓာတ်က ပူနေပါ လျက် အအေးဓာတ်ကို မစားသုံးဘဲ အပူဓာတ်ကို မစို့မပို့မျှသာ စားသုံးမိလျှင် အပူကိုအပူချင်း ထိပ်တိုက်တိုးကာ မသင့်မမြတ် ဝိရောဓိဖြစ်ပြီ။ ကိုယ်တွင်းအပူဓာတ် ကို ငြိမ်းစေရန်၊ မနက်စော စောတွင် သင်္ဘောသီးမှည့်မှည့် အဝစားပေးက အကျိုးအလွန်ရှိ၏။ သို့မဟုတ်ဘဲ အုန်းစိမ်းရေကို မဝတဝသောက်လျှင် အပူအပေါ်သို့ ဆန်ကာ နှာခေါင်းသွေးယိုခြင်း၊ မျက်စိနာခြင်း ပါးစပ်နှင့် သွားဖုံးများအပူကြွခြင်း တို့ ဖြစ်စေနိုင်ပါသည်။
.
ထမနဲ၌ ချင်းကဲ့သို့သော အပူဓာတ်လွန်ကဲ သည့် ဟင်းချက်အမယ်ပါ၏။ အုန်းသီးဆန်က လည်း အပူဓာတ်ပါပေ။ သို့ပါလျက် အပူဓာတ် ငုပ်နေသော အအေးဆုံး တပို့တွဲလရာသီ၌ စား သုံးစေခြင်းသည် ဘေးမသင့်ပါလားဟု မေးချင်စ ရာဖြစ်မည်။ ရှေးဆေးသမားတော်ကြီးများက သူ့အချိုးအစားနှင့်သူ ကျန်မားရေးအထောက်အ ကူပြုရန် စီမံပေးခဲ့ခြင်းကြောင့် ငုပ်နေသောအပူ များ ပွင့်ထွက်ကာ ကျန်းမာရေးပိုကောင်းစေခြင်း ဖြစ်တော့၏။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုစကားအတိုင်း၊ ထမနဲထိုးရာ၌ မိမိနှစ်သက်သလို စပ်ဟပ်သော အချိုးအစားမူ ကွဲများရှိနေ၍ လက်သင့်ရာကို ဖော်ပြပေးချင်ပါ၏။

.
မန်လည်နည်း
.
ထမနဲထိုးနည်းနိသာလည်း အဖြစ်လူသိများ လှသော မန်လည်ဆရာတော်ကြီး၏ လင်္ကာ တစ်ပုဒ်ကို ဦးစားပေး၍ ပထမဖော်ပြပေးပါမည်။ ယင်းလင်္ကာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ - (လေးချိုးစပ်နည်း လင်္ကာဖြစ်သည်)
.
-         ထမနဲထိုးရန်ဖို့ စာချိုးလို့မှာခဲ့မယ်
-         တစ်စိတ်ဆန်သည် ကောက်ညှင်းရယ်နှင့်
          တစ်ပိဿာဆီမှန်သွင်းပါလို့ ချင်းကသုံးဆယ်။
-         မြေပဲဖြူလှော် တစ်ခွက်ကယ်နှင့်
          အုန်းသီးဆန်အတူဖက်ပါလို့ နှမ်းမပျက် ဤနည်းနှယ်
          ရေစင်ကြယ်ပထည့်ရိုး။
-         လက်နှစ်သစ်သာပ တွက်စစ်ကာ
          ဆားချိန်တစ်ဆယ်သားရယ်နှင့်
          ရောနှောကာလူအများတို့ရယ်
          အားသစ်လို့တိုး။
.
          ပါဝင်သော အမယ်များ၏ အချိုးအစားတို့မှာ
          ၁။ ကောက်ညှင်းဆန် ၄ ပြည်
          ၂။ ပဲဆီ (မြေပဲဆီစစ်) ၁ ပိဿာ
          ၃။ ချင်း ၃ဝ ကျပ်သား
          ၄။ အုန်းသီးဆန် ၃ဝ ကျပ်သား
          ၅။ မြေပဲဆန်လှော် နို့ဆီဘူး ၄ ဘူး
          ၆။ နှမ်းလှော် နို့ဆီဘူး ၄ ဘူး
          ၇။ ဆား ၁ဝ ကျပ်သား
.
ရှေးနောက်တစ်နည်း
.
အချိုးအစား အနည်းငယ်ကွာခြားပြီး ပါဠိစ ကားလုံးတွေ များလှ၍သိပ်ပြီး မထင်ပေါ်လှသည့် ထမနဲထိုးနည်း တေးထပ်တစ်ပုဒ်ကိုလည်း ဖော်ပြ ပေးချင်ပါသေးသည်။ ရှေးစာဆိုတစ်ဦးဟု အမှတ် အသားရှိ၏။
.
-         ကုံရာသီမာသ သဘာဝရွှင်စွာ
          ထာဝရစဉ်လာများ သူငါခြိမ့်သဲ
          ညာဇမ္ဗူသာဓုခေါ်အောင်
          ယာဂုတော်ကြို့ ဆောင်သည့်ပွဲ။
          စားတော်ရဆန်ပေါက်ဝါ
          လေးပြည်သာထည့်မြဲ၊
          ချိန်ပိဿာလျှံကြည် ရွှဲအောင်လို့
          နှမ်းဆီတို့ထည့်ပြန်
          မြေပဲဆန် အဋ္ဌသုညငယ်နှင့်
          ဒွတ္တံသာတိလဗီဇံ
          အုန်းသီးစိပ်ကျပ်စီ
          သံငယ်လောနူသံချိန်သတ်နှင့်
          ဂျင်းနုဖတ် သိပ်မျှင်ရွှေ သုံးကျပ်မသွေ
          နန်စဉ်ဆက် သမုဆွေငယ်
          ဥပဒေမော်ကွန်း ပလေ။
          (မူရင်းသတ်ပုံအတိုင်း)။
.
ခေတ်သစ်နည်း
.
လူအယောက် ၈ဝ အတွက် လိုအပ်သော ပစ္စည်းများနှင့် အချိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
.
          ၁။ ကောက်ညှင်းဆန် ၄ ပြည်
          ၂။ ဆီ ၁ ပိဿာခွဲ
          ၃။ မြေပဲလှော် ၁ ပိဿာ
          ၄။ နှမ်း ၁ ပိဿာ
          ၅။ ချင်း ၅ဝ ကျပ်သား
          ၆။ ဆား ၁၂ ကျပ်သားခွဲ
          ၇။ အုန်းသီး ၄ လုံး
          ၈။ ရေသန့် ၁၃ ဘူး ( ၁ လီတာဘူး)
.
ပြုလုပ်နည်း
.
ပါဝင်သော ပစ္စည်းအမယ်များမှာ တူပါသည်။ အချိန်အတွယ် အချိုးအစားသာလျှင် ကွဲလွဲချက် အနည်းငယ်စီရှိကြ၏။ အများဆုံးကွဲလွဲမှုမှာ ချင်း ဖြစ်၏။ ၃ ကျပ်သား၊ ၃ဝ ကျပ်သား၊ ၅ဝ ကျပ် သား ဖြစ်နေခြင်းပါ။ အပူဓာတ်လိုလျှင် ချင်းများ များထည့်၍ အပူဓာတ်လျှော့လိုက ချင်းနည်းနည်း သာ ထည့်သည့် သဘောဖြစ်ပါသည်။
.
ရှေးဦးကောက်ညှင်းဆန်ဆေးပြီး ဆန်ခါဖြင့် ရေစစ်ထားမည်။ မြေပဲနှင့်နှမ်းများ လှော်ထားမည်။ ချင်းကို သေးသေးနုပ်နုပ် အမျှင်တိုးထားမည်။ အုန်းသီးဆန်ကို ပါးပါးလှီးထားမည်။ ထင်းမီးဖိုပေါ် ၌ မိုးဗြဲဒယ်အိုးတင်ကာ ဆီထည့်မည်။ ဆီကျက် လျှင် ချင်းထည့်ကြော်မည်။ ကောက်ညှင်းဆန် ထည့်ကြော်၍ ဝါရွှေညိုရောင်ပေါက်သော် ဆား ထည့်ပြီး ရေများဖြည့်မည်။ နှပ်လောက်ချိန်၌ မြေ ပဲနှမ်းအုန်းဆန်တို့ကို ထည့်ပြီးအားကောင်းမောင်း သန် ယောက်ျားကြီးနှစ်ဦး ယောက်မကြီးတစ် လက်စီဖြင့် ဘယ်ညာနေရာယူပြီး ကြိတ်မွှေမည်။ ကောက်ညှင်းထမင်း အလုံးပျက်ကာ စေးနှဲသွား လျှင် ပူပူနွေးနွေးစားသုံးရန် အဆင်သင့်ဖြစ်ပါပြီ။ နှမ်းမနဲထိုးချင်က နှမ်းဆီစစ်သုံးမည်။ နှမ်းကိုပိုပို လျှံလျှံထည့်ရန် လိုအပ်ပါမည်။
.
ထမနဲထိုးခြင်းသည် တစ်ဦးတစ်ယောက် ကောင်းထိုး၍ ရသောကိစ္စမဟုတ်ပါပေ။ အများစု ပေါင်းညီညာစွာ လုပ်ဆောင်ရ၍ ပြည်ထောင်စု စိတ်ဓာတ်ရှိမှ ထမနဲကောင်းရနိုင်မည်။ အောင် မြင်မည်။ ငွေကြေးတတ်နိုင်၍ တစ်ဦးတည်းက ပစ္စည်းများ၊ ငွေစိုက်ထုတ်ဝယ်ထားသည့်တိုင် လုပ် အားညီညီဝိုင်းဝန်း မဆောင်ရွက်ပါက ထမနဲဖြစ် လာမည်မဟုတ်ပါ။ အများအားဖြင့် သုံးလေးဦးစု စပ်ငွေဖြင့်သော်လည်းကောင်း၊ တစ်ဦးလျှင်ပစ္စည်း အမယ်တစ်မျိုးစီ တာဝန်ယူ၍သော်လည်းကောင်း စုပေါင်းစပ်ပေါင်းပါဝင်ကြပြီး ထမနဲထိုးလှူတတ် ကြ၏။ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်နေ ကောင်းကျန်းမာစဉ်တုန်းက သူ့မိသားစုတို့ ဒကာ ခံလျက် ညပိုင်းတွင် စာပေဝိုင်းတော်သားများ စု ပေါင်းညီညာစွာ ထမနဲထိုးကြ၊ ဝိုင်းဖွဲ့စားသောက် ကြ၊ အိမ်အပြန် ထမနဲထုပ်ကိုယ်စီ ယူဆောင်သွား ကြပြီး မနက်ဆွမ်းတော်ကပ်၊ ဆွမ်းလောင်း၊ ဘုန်း ကြီးကျောင်းပို့ စသည်ဖြင့် မြန်မာ့ရှေးရိုးစဉ်လာ မပျက်ခဲ့ကြသည်ကို လွမ်းမြတမ်းတ . . .။
.
ယခုအခါ ဌာနဆိုင်ရာတို့ စုပေါင်းထမနဲထိုး ပြိုင်ပွဲ ကျင်းပကြလျက်။ လက်ရာအကောင်းဆုံး တို့ကို ဆုများချီးမြှင့်ကြတတ်၍ ရှေးဓလေ့မပျက် ရိုးရာယဉ်ကျေးမှု ပြန်လည်ထုတ်ဖော်ပြီး ကြီးသူ တို့ကမကထဦးဆောင်၊ ငယ်သူတို့အားလက်ဆင့် ကမ်း ထမနဲထိုးပွဲများအတွက် ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်း။
.
.
.
Kanbawza Tai News

Journal Download

Photo of three cats