ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ
နေအိမ်တစ်လုံးတွင် ဇန်နဝါရရီလ ၂၉ ရက် နေ့လယ်ပိုင်းအချိန်က ကျပ်သိန်းပေါင်း ၁၇၀ ကျော်တန်ဖိုးရှိ
ပစ္စည်းများကို ခင်မင်ရင်းနီးသူများမှ လာရောက် ခိုးယူသယ်ဆောင်သွားခဲ့ကြောင်း သိရသည်။
.
.
အဆိုပါအိမ်တွင် အိမ်ငှားနေထိုင်သူ အောင်မင်းသူသည် တောင်ကြီးမြို့မဈေးရှိ
OCEAN စင်တာမှ နေအိမ်သို့ ပြန်လာစဉ် လှေခါးရင်းဘေးတွင် ထားရှိသည့် အနှိပ်စက်ထည့်ထားသည့်
ဂျက်ဖာများ ပျောက်ဆုံးနေ၍ စစ်ဆေးရာ အနှိပ်စက်မျိုးစုံ ၁၆ လုံး၊ အမှုန့်ကြိတ်စက် ၁ လုံး၊
အဆီချစက်ခါးပတ် ၂ ခု၊ စတီးပေါင်းအိုး ၁ လုံး၊ စတီးဒယ်အိုးည ၁ လုံး၊ စုစုပေါင်းတန်ဖိုး
ငွေကျပ် ၁၇၅၃၃၀၀၀ ခန့် တန်ဖိုးရှိ ပစ္စည်းများ ပျောက်ဆုံးနေကြောင်း တွေ့ရှိရသဖြင့်
အိမ်ရှင် ဦးရွှင်အား မေးမြန်းရာ နေ့လယ်ပိုင်းအချိန်တွင် ယခင်ကခင်မင်ရင်းနှီးသူ လင်မယား
၂ ဦးမှ လာရောက်သယ်ဆောင် သွားကြောင်း သိရသည်ဟု အောင်မင်းသူက ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပစ္စည်းများအား ခွင့်ပြုချက်မရှိဘဲ ယူဆောင်သွားသူ
၂ ဦးအား တောင်ကြီးမြို့မရဲစခန်း တွင် (က)၁၇/၁၈၊ ရာဇသန်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်စစ်ဆေး
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
Kanbawza Tai News