လင်းလင်း (လားရှိုး)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
လားရှိုး -မူဆယ်လမ်းပိုင်းရှိ ရေပူအမြဲတမ်း စစ် ဆေးရေးဂိတ်တွင် ဇန်နဝါရီလအတွင်း က ကြက်ဥအတုနှင့်
ကြာဇံအတုဟု ယူဆရသော စားသောက်ကုန်များ ဖမ်း ဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာဌာနများ မှ သတင်းထုတ်ပြန်ချက်အရ
သိရ သည်။
ယင်းကြက်ဥအတုနှင့်
ကြာဇံ ခေါက်ဆွဲအတုများ ဖမ်းဆီးရမိသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်တွင် လားရှိုးမြို့ရှိ
ဥစားကြက်မွေးမြူလျက်ရှိ သော တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ် ငန်းရှင်အချို့မှ ¤င်းတို့၏
ကြက်ဥရောင်း ချသောဈေးကွက် ထိခိုက်လာမည်ကို စိုးရိမ်မှုများ ဖြစ်နေကြသည်။
.
''လားရှိုးဈေးကြီးမှာတော့
ကြက် ဥရောင်းရနှုန်းက ပုံမှန်ပါပဲ။ စားသုံးသူ ပြည်သူတွေက ကြက်ဥအတုဆိုတာကို သိပ်ပြီးယုံကြည်
လက်ခံဟန် မရှိကြ ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကြက်ဥကတော့ အစစ်နဲ့အတု သိသိသာသာ ကွာမှာပါ။ ဒီကိစ္စကို
သက်ဆိုင်ရာတာဝန်ရှိသူတွေ အနေနဲ့ အထူးဂရုပြု ကြပ်မတ်ဖို့လို မယ်လို့ ကျွန်တော်တို့ သုံးသပ်မိပါ
တယ်။ ဘာလို့လည်းဆိုတော့ အဲဒီ ကြက်ဥအတုကို လူတွေစားမိခဲ့ရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်မလဲ။
ဘယ် လို ကုန်ကြမ်းတွေနဲ့ ကြက်ဥအတုလုပ် တာလဲ၊ ကြာဇံခေါက်ဆွဲဆိုတာလည်း ဒီအတိုင်းပဲပေါ့။
လက်ရှိ ဈေးကွက်ထဲ ကိုလည်း ဘယ်လောက်ထိရောက်နေ ပြီလဲဆိုတာကို သက်ဆိုင်ရာက စိစစ်မှု တွေ
ဘယ်လိုလုပ်နေသလဲ။ ကြက်ဥ ဈေးကွက်ထဲကို လိုက်ပြီးစစ်နေပြီလား ဆိုတာကို သက်ဆိုင်ရာကနေ
ပြည်သူ တွေအတွက် အချိန်နဲ့တစ်ပြေးညီ သ တင်းထုတ်ပြန်ပေးနေရင် စားသုံးသူ ပြည်သူတွေဘက်က
သတိထားဆင် ခြင်နိုင်တာပေါ့''ဟု လားရှိုးဒေသခံ ပြည်သူတစ်ဦးက ပြောသည်။
.
လားရှိုးမြို့၊
အမှတ် ၅ ရပ်ကွက် တွင် ဥစားကြက်မွေးမြူရေး လုပ်ကိုင် သူတစ်ဦးမှလည်း ''ကြက်ဥဈေးနှုန်းက
ဒီဇင်ဘာလကစပြီး တစ်ပိဿကို ၂၄ဝဝ ကျပ်လောက် ပေါက်ဈေးရှိပါတယ်။ အ ခုဒီနေ့မှာကို ၅ဝ တက်လာပါတယ်။
၂၄၅ဝ လောက် ဈေးပေါက်ပါတယ်။ ကြက်ဥအတုထွက်တဲ့ သတင်းတော့ ကြားမိပါတယ်။ လောလောဆယ်အထိ ကတော့
လားရှိုးကြက်ဥဈေးကွက်က တော့ ပုံမှန်ပါပဲ။ အပြောင်းအလဲ မရှိ ပါဘူး။ စားသုံးသူ ပြည်သူတွေက
ကြက်ဥအတု သတင်းတွေကြောင့် ကြက်ဥကို ဝယ်မစားရဲဖြစ်မှာကို စိုးရိမ် တာပါ။ အဲဒီလိုဖြစ်ရင်
ကြက်ဥအစစ် ရောင်းသူတွေက နစ်နာမှုတွေဖြစ်ရမှာ။ ဒါပေမဲ့ ခုထိတော့ ဘာမှမဖြစ်ပါဘူး။ ပုံမှန်ရောင်းနှုန်း
အတိုင်းပါပဲ''ဟု ပြော ကြားခဲ့သည်။
.
သိန္နီရေပူ
အမြဲတမ်းစစ်ဆေးရေး စခန်းတာဝန်ခံ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသန့်နှင့်
တာဝန် ရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် စစ် ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေ စဉ် ဇန်နဝါရီ
၆ ရက်၊ ညပိုင်းက မူ ဆယ်ဘက်မှ လားရှိုးဘက်သို့ မောင်း နှင်လာသည့်ွှု ယာဉ်လိုင်းမှ ယာဉ်
တစ်စီးအား စစ်ဆေးရာတွင် ကြက်ဥ အတုဟု ယူဆရသော ပစ္စည်းများ နှင့်အတူ ကြာဇံခေါက်ဆွဲအတုဟု
ယူ ဆရသော စားသောက်ကုန်ပစ္စည်းများ ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
.
၎င်းကြက်ဥများကို
စစ်ဆေးရာ တွင် သာမာန်ကြက်ဥအစစ်နှင့် မတူ သော အရောင်အဆင်းရှိပြီး အမှောင် ထဲတွင် ဓာတ်မီးဖြင့်ထိုးကြည့်ရာ
အ စိမ်းရောင်သဏ္ဍန် ဖြစ်နေကြောင်း၊ သာမာန်ကြက်ဥအစစ်မှာ အနီရောင်ဖြစ် ကြောင်း၊ ¤င်းကြက်ဥ၏
အနံ့အသက် မှာလည်း မည်သည့်အနံ့အသက်မျှမရ ကြောင်း၊ ကြာဇံများကိုလည်း မီးရှို့ ကြည့်ရာ
ပလပ်စတစ်ြ<ွကပ်ြ<ွကပ်အိတ် မီးရှို့သည့်အနံ့များ ရပြီးရှည်လျား စွာ ဆွဲဆန့်နိုင်ကြောင်း
သိရသည်။
.
ထို့ကြောင့်
လားရှိုးမြို့ စားသုံးသူ ရေးရာဦးစီးဌာန ဒုတိယပြည်နယ်မှူး ဦးဇော်မင်းသန်းနှင့် တာဝန်ရှိသူများမှ
လည်း အဆိုပါရေပူဂိတ်သို့ သွားရောက် ၍ ယင်းစားသောက်ကုန် အတုဟုယူ ဆရသည့် ကြက်ဥနှင့် ကြာဇံအတုဟု
ယူဆရသော ပစ္စည်းများကို စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး င်္ီဗ သို့ ပို့ဆောင်ကာ စစ်ဆေးမှုများကို
ဆက်လက်ပြုလုပ် လျက်ရှိကြောင်းနှင့် ¤င်းပစ္စည်းများကို ပို့ဆောင်သူနှင့် ရန်ကုန်တွင်လက်ခံမည့်
သူများ၏ လိပ်စာနှင့် ဖုန်းနံပါတ်များကို စုံစမ်းဆက်သွယ်မှုပြုကာ ဆက်လက် စစ်ဆေး အရေးယူဆောင်ရွက်သွားမည်
ဖြစ်ကြောင်း သိရှိရသည်။
.
.
.
Kanbawza
Tai News Jounrnal