ရှမ်းပြည်နယ် NLD ပါတီ၏ ပြန်ကြားရေးကော်မတီကို ဒီဇင်ဘာလအတွင်း ဖွဲ့စည်းသွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, December 1, 2017

ရှမ်းပြည်နယ် NLD ပါတီ၏ ပြန်ကြားရေးကော်မတီကို ဒီဇင်ဘာလအတွင်း ဖွဲ့စည်းသွားမည်



စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၊ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ ပြန်ကြား ရေးကော်မတီကို ဒီဇင်ဘာလဆန်းပိုင်း တွင် အပြီးဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထံမှ သိရ သည်။
.
.
''လောလောဆယ်တော့ ပြန်ကြားရေးကို အသက်ပြန်သွင်းတဲ့အနေနဲ့ ဖွဲ့ မှာပါ။ ခရိုင်နဲ့မြို့နယ်တွေကတော့ ပြန် ကြားရေးအဖွဲ့တွေ ဖွဲ့ထားတာရှိပြီးသားပါ။ ပြည်နယ်အတွက် ပြန်ကြား ရေးဖွဲ့ဖို့ကို ဒီနိုဝင်ဘာလကုန်မှာ အစည်းအဝေးတွေ ထိုင်ကြမယ်။ ဒီဇင်ဘာလဆန်းလောက်မှာ ဖွဲ့နိုင်မယ်။ ဘယ်သူက ဘာတာဝန်ယူရမယ် ဆိုတာတွေပေါ့။ အခုက ပြန်ကြားရေးက လည်း နည်းနည်း အရေးကြီးလာပါပြီ။ ဘာလို့လဲဆိုတော့ ဗဟိုညွှန်ကြားစာ တွေကို အချိန်နဲ့တစ်ပြေးညီ ပါတီဝင် တွေက ဖတ်ရမှာဖြစ်ပါတယ်''ဟု ဦးနေမျိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်၊ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ(NLD) အနေဖြင့် ပြန်ကြားရေးကော်မတီအဖွဲ့၊ စာရင်းစစ် အဖွဲ့နှင့် အမျိုးသမီးအဖွဲ့ စသည့် အ ဖွဲ့များကိုလည်း ဖွဲ့စည်းသွားမည်ဖြစ် ကြောင်း သိရသည်။
 .
ရှမ်းပြည်နယ် NLD ပါတီ၏ ပြန် ကြားရေးကော်မတီကို အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်သည်။ ထို့ အတူ ခရိုင်အဆင့်တွင် ၁ ဦး၊ မြို့ နယ် အဆင့်အတွက် ၃ ဦးမှ ၅ ဦးအထိ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းလည်း သိ ရသည်။
.
အဆိုပါကော်မတီများအနေဖြင့် ပါတီနှင့် မီဒီယာများအတွက်သာမက ပြည်သူများနှင့် ပွင့်လင်းမြင်သာစွာ သတင်း ပြန်ကြားရေးကိစ္စများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း NLD ပါတီ ဗဟိုပြန်ကြေားရေးကော်မတီ အတွင်း ရေးမှူး ဦးအေးကြူ(ခ) မုံရွာအောင် ရှင်က မီဒီယာများသို့ ပြောကြားခဲ့ သည်။
.
ဆက်လက်ပြီး ဦးအေးကြူမှ NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ၏ မူဝါဒများနှင့်ပတ်သက်၍ ''ဗဟိုပြန် ကြားရေးရဲ့ မူဝါဒသဘောထား ထုတ် ပြန်မယ်။ စာအုပ်တွေထွက်မယ်ပေါ့။ စာအုပ်ရိုက်ပြီးရင် ဂျာနယ်တွေ၊ မဂ္ဂဇင်း၊ သတင်းဌာနတွေကို ဖြန့်ဝေသွားမှာပါ။ ပြည်နယ်/တိုင်း ပြန်ကြားရေးကော်မ တီတွေ၊ ခရိုင်ပြန်ကြားရေး ကော်မတီ တွေပြန်ဖွဲ့မယ်။ ပြီးရင် MJA တို့ MJI တို့အပါအဝင် မီဒီယာအသီးသီးနဲ့တွေ့ ဆုံပြီး ပါတီမူဝါဒတွေ ချပြသွားဖို့ ရှိပါ တယ်''ဟု ပြောကြားခဲ့သည်။
.
.
.
Kanbawza Tai News

Journal Download

Photo of three cats