တောင်ကြီးမြို့ပေါ်ရပ်ကွက်အချို့တွင် ဒီဇင်ဘာလ ၇ ရက်၌ လျှပ်စစ်ဓာတ်အား ခေတ္တပြတ်တောက်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တောင်ကြီးမြို့ပေါ်ရပ်ကွက်အချို့တွင် ဒီဇင်ဘာလ ၇ ရက်၌ လျှပ်စစ်ဓာတ်အား ခေတ္တပြတ်တောက်မည်



မင်းမင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ပေါ်ရှိရပ်ကွက် ၇ ခုတွင် ဒီဇင်ဘာလ ၇ ရက်၌ လျှပ်စစ်ဓာတ်အား ခေတ္တ ပြတ်တောက်မည်ဖြစ်ကြောင်း တောင်ကြီးမြို့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ သိရသည်။ 
.
.
တောင်ကြီးမြို့ပေါ်ရှိရပ်ကွက်များသို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနေသော အမှတ်(၃)ဓါတ်အားခွဲရုံမှ သွယ်တန်းထားသော 11KV ဓါတ်အားလိုင်းအား အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်မည်ဖြစ်သောကြောင့် ယင်းကဲ့သို့ လျှပ်စစ်ဓါတ်အား ခေတ္တဖြတ်တောက်ရခြင်းဖြစ်ကြောင်း သိရှိရပြီး ထိုသို့အဆင့် မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ လျှပ်စစ်ဓါတ်အား ခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း သိရှိရသည်။
.
အဆိုပါ လျှပ်စစ်ဓါတ်အား ခေတ္တပြတ်တောက်မည့် ရပ်ကွက်များမှာ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ကန်အောက်ရပ်ကွက်၊ ဈေးပိုင်းရပ်ကွက်၊ ရေအေးကွင်းရပ်ကွက်၊ ကန်ရှေ့ရပ်ကွက်နှင့် ညောင်ရွှေဟော်ကုန်း ရပ်ကွက်တို့ဖြစ်ကြောင်း သိရသည်။
.
11KV ဓါတ်အားလိုင်းများ အား အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးပါက လျှပ်စစ်ဓာတ်အား ပြန်လည်လွှတ် ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
.
.
.
Kanbawza Tai News

Journal Download

Photo of three cats